May 23, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို သတ်မှတ်ထားတဲ့အချိန်ကာလမှာစတင်နိုင်မည်မဟုတ်

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြရမှာဖြစ်တာကြောင့် သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့ ဧပြီ ၁ ရက်နေ့မှာ မစတင်နိုင်တော့တာပဲဖြစ်ပါတယ်။ YVQC လက်မှတ်စနစ်ဟာ ငွေကြေးနဲ့ရောင်းချမယ့်စနစ်ဖြစ်တာကြောင့်အခုလို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်လိုအပ်တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်အတွက်အကြံဉာဏ်ပေးနေသူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနတာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ “YVQC ကိုယ်တာစနစ်က ငွေကြေးနဲ့ လက်မှတ်ဝယ်ယူရမယ့် စနစ်ဖြစ်လို့ဒီအတိုင်းလုပ်လို့မရဘူး။ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြရမယ် သဘောတူတယ်ဆိုမှ ဆက်လုပ်လို့ရမှာ။ ပြီးရင်မော်တော်ယာဉ်တင်သွင်းတဲ့ ကြီးကြပ်ရေးကော်မတီကိုလည်း တင်ပြရမယ်။ ရန်ကုန်လိုင်စင်ကို အမြန်ဆုံးခွင့်ပြုနိုင်ဖို့ လုပ်နေပါတယ်။” ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို မော်တော်ယာဉ်တွေရဲ့အင်ဂျင်ပါဝါအလိုက်စျေးနှုန်းသတ်မှတ်ထားတာဖြစ်ပြီး အင်ဂျင်ပါဝါ ၁၆၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၃၀၊ အင်ဂျင်ပါဝါ ၁၆၀၁ စီစီ မှ ၃၀၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၆၀၊ ၃၀၀၁ စီစီနဲ့အထက်ကားတွေကို ကျပ်သိန်း […]

Auto News

ရန်ကုန်လိုင်စင် ကို YVQC လက်မှတ်စနစ်နဲ့အကန့်အသတ်မရှိခွင့်ပြုပေးသွားမည်

ရန်ကုန်ကားတင်သွင်းခွင့်လက်မှတ် YVQC (Yangon Vehicle Quota Certificate) စနစ်နဲ့ရန်ကုန်လိုင်စင်ကိုအကန့်အသတ်မရှိ ခွင့်ပြုပေးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ ရန်ကုန်လိုင်စင်လုပ်ဆောင်ရာမှာပါဝင်တဲ့ တာဝန်ရှိသူတစ်ဉီးဆီက ကြားသိခဲ့ရတာဖြစ်ပါတယ်။ အရင်နှစ်တွေကရန်ကုန်လိုင်စင်တင်သွင်းခွင့်လက်မှတ်ကို တင်သွင်းထားတဲ့ကားအစီးရေအတွက်ရဲ့ အများဆုံး ၁၀ ရာခိုင်နှုန်းလောက်သာရောင်းချပေးခဲ့တာပါ။ ဒါပေမယ့်မကြာခင်မှာ YVQC လက်မှတ်စနစ်နဲ့ဆိုရင် အကန့်အသတ်မရှိခွင့်ပြုပေးသွားတော့မှာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ရန်​ကုန်​လိုင်​စင် လုပ်​​ဆောင်​ရာတွင်​ ပါဝင်​​တဲ့တာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။ “အရင်​က တစ်​နှစ်​တင်​သွင်​းထားတဲ့ကားအစီး​ရေ ကို အကြမ်​းမျဉ်​း ၅ ရာခိုင်​နှုန်​းက​နေ ၁၀ ရာခိုင်​နှုန်​း ​လောက်​​ပေးမယ်​လို့ သတ်​မှတ်​ထားတာ။ လက်မှတ်​ဝယ်​မယ်​ဆိုရင်​ အ​ရေအတွက်​မသတ်​မှတ်​ဘဲ ခွင်​့ပြု​ပေးဖို့​ဆွေး​နွေးထားတဲ့ အ​ခြေအ​နေရှိ​တယ်​။ ​ဧပြီလထဲမှာ ရန်​ကုန်​လိုင်​စင် ခွင်​့ပြုဖို့ လုပ်​​နေပါတယ်​။ “ ဆွေးနွေးမှုသာအောင်မြင်သွားရင် ကားအသစ်တွေအတွက် ရန်ကုန်လိုင်စင် YVQC လက်မှတ်ကို အလွယ်တကူဝယ်ယူနိုင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် နယ်လိုင်စင်ရပြီးကားတွေအနေနဲ့ YVQC လက်မှတ်ဝယ်ယူဖို့ခက်ခဲနေဆဲပဲဖြစ်ပါတယ်။ YVQC လက်မှတ်ကို […]

Auto News

ရန်ကုန်လိုင်စင် YVQC ဝယ်ယူထားသောကားများတိုက်ကြေပါက ကားပြန်သွင်းချိန်တွင်လိုင်စင်လက်မှတ်ပြန်ဝယ်စရာမလို

ရန်​ကုန်​လိုင်​စင်​ YVQC (Yangon Vehicle Quota Certificate) စနစ်ခွဲတန်းလက်မှတ်များကို ဝယ်ယူပြီးထားသောကားပိုင်ရှင်များအနေနဲ့ မိမိရဲ့ကားဟာ တိုက်ကြေကားဖြစ်သွားလို့ ကားပြန်သွင်းချိန်မှာ ရန်ကုန်လိုင်စင်လက်မှတ် ပြန်ပြီးဝယ်ယူစရာမလိုအပ်တော့ဘူးပဲဖြစ်ပါတယ်။ ရန်ကုန်လိုင်စင် YVQC လက်မှတ်တွေကိုတော့ အင်ဂျင်ပါဝါအပေါ်လိုက်ပြီးစျေးနှုန်းသတ်မှတ်ရောင်းချနေတာဖြစ်တာကြောင့် မိမိရဲ့တိုက်ကြေသွားတဲ့ကားကိုအပ်ပြီး အသစ်ပြန်လည်တင်သွင်းတဲ့အခါ တိုက်ကြေကားနဲ့ တင်သွင်းမယ့်ကားတို့ဟာအင်ဂျင်ပါဝါတူညီနေရပါမယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး YVQC ခွဲတမ်​းလက်မှတ်​စနစ်​လုပ်​​ဆောင်​​နေသူ တာဝန်​ရှိသူတစ်ဦးကလည်းအောက်ပါအတိုင်းပြောကြားထားတာဖြစ်ပါတယ်။ “ရန်​ကုန်​လိုင်​စင် လက်​မှတ်​ဝယ်​ပြီး ယာဉ်​တိုက်​မှုဖြစ်​လို့ ကားအပ်ကာ တစ်​စီးပြန်​သွင်​းမယ်​ဆိုရင်​​တော့ အရင်​ဝယ်​ထားတဲ့ လက်မှတ်​ကို ဆက်​သုံးလို့ရတယ်​။ ဒါ​ပေမယ်​့ ဝယ်​တဲ့လက်မှတ်​​စျေးတူတဲ့ကားကို ရန်​ကုန်​လိုင်​စင် ပြန်​သွင်​းလို့ရတယ်​။” Source :www.carsdb.com အင်ဂျင်ပါဝါအပေါ်လိုက်ပြီး YVQC ခွဲတမ်းလက်မှတ်ကိုသတ်မှတ်ထားတဲ့စျေးနှုန်းတွေကတော့ အင်ဂျင်ပါဝါ 1600 CC အထိကားတွေကို ကျပ်သိန်း ၃၀၊ 1601 CC ကနေ 3000 CC အထိကားတွေကိုကျပ်သိန်း ၆၀ […]

Features

JOB ANNOUNCEMENT!

Recent Posts

Archives

Categories