May 23, 2018

We ❤️ New Cars!

New Car News in Burmese

YBS ယာဉ်တွေနယ်ကျော် အော်ဒါလိုက်မောင်းနှင်ပါက ဉပဒေအရအရေးယူခြင်းခံရမည်

ရန်ကုန်မြို့အတွင်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်နေတဲ့ YBS ယာဉ်တွေကို ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ရန်​ကုန်​တိုင်း​ဒေသကြီး အများပြည်​သူ သယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှုအာဏာပိုင် ကနေသိရှိရပါတယ်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ခရီးသည်တင်ယာဉ်တွေကိုပေးအပ်ထားတဲ့ လုပ်ငန်းလိုင်စင်ဟာရန်ကုန်မြို့တွင်းမှာသာ ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။ နယ်ကျော်ပြီးပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို တွေ့ရှိပါက ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရ ပိတ်သိမ်းသွားမှာပဲဖြစ်ပါတယ်။ အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှု အာဏာပိုင်​အဖွဲ့ တာဝန်​ရှိသူတစ်​ဦးကလည်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်မှုနဲ့ပတ်သက်ပြီး “တစ်​ချိူ့ YBS ကား​တွေက နယ်​​ကျော်​ပြီး​ပြေးဆွဲ​နေတာရှိ​နေတယ်။​ အရင်​က​တော့ ဒဏ်​​ကြေးနဲ့ပဲ အခု ယာဉ်​လိုင်​း​ပြေးဆွဲတာနဲ့ CNG ကိုလည်​း ပိတ်​သိမ်​းသွားမယ်​။“ လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ တချို့ယာဉ်တွေဟာ နယ်ကျော်ပြေးဆွဲနေတာဖြစ်ပြီး လက်ရှိမှာ နယ်ကျော်ပြေးဆွဲခဲ့သောယာဉ် ၂၅ စီးကို ဉပဒေအရအရေးယူပြီးပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။

Auto News

Yagon Payment service (YPS) မှာပဏာမတင်ဒါအောင်မြင်မှုရရှိခဲ့တဲ့ Excel KC Myanmar ကိုတင်ဒါစာရင်းမှပယ်ဖျက်

ယာဉ်လိုင်းတွေမှာ ကဒ်စနစ်ငွေပေးချေမှု (YPS)  ပြုလုပ်နိုင်ဖို့ Excel KC Myanmar ကို တင်ဒါအောင်ကုမ္ပဏီတစ်ခုအဖြစ်သတ်မှတ်ထားပေမယ့် လုပ်ငန်းစဉ်နဲ့ကိုက်ညီမှုမရှိ တော့တာကြောင့် တင်ဒါအောင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်လိုက်ပြီပဲ ဖြစ်ပါတယ်။ Excel KC Myanmar ဟာ YPS ရဲ့တင်ဒါအောင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်ခြင်းခံလိုက်ရတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့၊ နံနက် ၁ နာရီမှာ Yangon Region Government Tenders ကပဲတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီးမှာပြေးဆွဲနေတဲ့ YBS ကဒ်စနစ်အတွက် တင်ဒါကုမ္ပဏီ ၂၁ ခုကို ထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ထည့်သွင်းရွေးချယ်ထားတဲ့ ကုမ္ပဏီ ၂၁ ခုထဲကမှ Anypay Payment Services, Asia Starmar Transport Intelligent နဲ့ Excel KC […]

Auto News

သင်္ကြန် ၄ ရက်တာကာလအတွင်း YBS နဲ့ပတ်သက်ပြီးတိုင်ကြားမှု ၇၀ ကျော်ရှိနေ

အတာသင်္ကြန် ၄ ရက်တာကာလအတွင်း YBS ယာဉ်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ Hot line ကိုတိုက်ရိုက် တိုင်ကြားမှုဟာ ၇၀ ကျော်အထိရှိနေတယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ရဲ့ပြောကြားချက်ကတစ်ဆင့်သိရှိခဲ့ရပါတယ်။ တိုင်ကြားမှုပေါင်း ၇၀ ကျော်မှာ ခရီးအစအဆုံးပြေးဆွဲခြင်းမရှိတဲ့အမှု၊ ယာဉ်လုပ်သားတွေရိုင်းပြစော်ကားတဲ့အမှု နဲ့ သတ်မှတ်ထားတဲ့ယာဉ်စီးခထက်ပိုမိုကောက်ခံတဲ့အမှု အစရှိတာတွေပါဝင်ပါတယ်။ ခရီးအစအဆုံးပြေးဆွဲခြင်းမရှိတဲ့အမှု နဲ့ ယာဉ်လုပ်သားတွေရိုင်းပြစော်ကားတဲ့အမှု အတွက်တိုင်ကြားမှုကအနည်းငယ်သာရှိနေပြီး သတ်မှတ်ထားတဲ့ယာဉ်စီးခထက်ပိုမိုကောက်ခံတဲ့အမှုက တိုင်ကြားမှုရဲ့ထက်ဝက်ကျော်လောက်အထိရှိနေတယ်လို့သိရပါတယ်။ သင်္ကြန်အတွင်း တိုင်ကြားထားတဲ့အမှုတွေကိုလက်ရှိမှာ ကိုင်တွယ်ဆောင်ရွက်ဉီးမှာမဟုတ်သေးပဲ အာဏာပိုင်အဖွဲ့ရဲ့ အစည်းဝေးဆုံးဖြတ်ချက်ထွက်ရှိမှသာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ သင်္ကြန်​အတွင်း​ ခရီးသည်​တင်​ ယာဉ်​လိုင်းများက ယာဉ်​စီးခပို​တောင်​းမှု ဟာနှစ်စဉ်နှစ်တိုင်းဖြစ်နေတာဖြစ်ပြီး တိုင်ကြားမှုတွေရှိနေပေမယ့် ထိထိရောက်ရောက်အရေးယူမှုတွေမလုပ်ဆောင်တာကြောင့် ယခုတိုင်ဆက်လက်ဖြစ်နေတာဖြစ်တယ် လို့လဲ ခရီးသွားပြည်သူတချို့က ပြောဆိုနေကြပါတယ်။  

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories