May 23, 2018

We ❤️ New Cars!

New Car News in Burmese

ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးညွန်ကြားမှုဉီးစီးငှာနမှ ယာဉ်မောင်းလိုင်စင်ဖြေဆိုရုံးကို တိုးချဲ့သွားမည်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနက ယာဉ်မောင်းလိုင်စင်ဖြေဆိုရမယ့်နေရာကို မြင်သာကညနရုံး နဲ့ ရွာသာကြီးကညနရုံး တို့မှာသာမက မကြာခင် သန်လျင်မှာပါ နေရာထပ်မံတိုးချဲ့သွားဖို့ရှိတယ်လို့သိရပါတယ်။ သန်လျင်မြို့နယ်မှာ ထပ်မံတိုးချဲ့သွားမယ့် ယာဉ်မောင်းလိုင်စင်ဖြေဆိုရမယ့်ရုံးကတော့ မြေနေရာ ၄.၀၈ ဧကအထိ ကျယ်ဝန်းတယ်လို့လဲ သိရပါတယ်။ မြေနေရာတိုးချဲ့မှုနဲ့ ပတ်သက်ပြီး ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဉီးစီးငှာန တာဝန်ရှိသူတစ်ဉီးက “အခုလက်ရှိ မြင်သာရုံးနဲ့ ရွာသာကြီးမှာ ရေးဖြေနဲ့ လက်တွေ့ဖြေဆိုတာကိုလုပ်ပေးနေတယ်။ ယာဉ်မောင်းလိုင်စင် လာပြီးဖြေဆိုတဲ့ လူဉီးရေကလည်း နောက်ပိုင်းများလာလို့ သန်လျင်ဘက်မှာ မြေနေရာရထားတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုတာကို တိုးချဲ့ထားရှိပေးသွားမှာဖြစ်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ အနေနဲ့ သင်မောင်းလိုင်စင် ၃ လပြည့်ပြီး နံပါတ်အနက်ပြောင်းလဲရာမှာ ယာဉ်မောင်းသင်တန်းဆင်းလက်မှတ်ပြစရာ မလိုအပ်တော့ဘူးပဲဖြစ်ပါတယ်။ ဒါကတော့ ဖေဖော်ဝါရီလ ကတည်းကဖြေလျှော့ပေးထားတဲ့ ကိစ္စတစ်ခုပါ။ လက်ရှိယာဉ်မောင်းလိုင်စင်ဖြေဆိုချင်သူတွေအနေနဲ့ ကညနရုံးမှာ ယာဉ်မောင်းသင်တန်းတက်ပြီး အွန်လိုင်းကတဆင့် လျှောက်ထားပြီး ဖြေဆိုလို့ရနေပြီဖြစ်ပါတယ်။ […]

Auto News

Yangon Vehicle Quota Certificate လက်မှတ်ကို Free permit ကားများအားရောင်းချသွားမည်မဟုတ်

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) လက်မှတ်ကို Free permit တင်သွင်းသူများမပါဝင်ဘဲ အရောင်းပြခန်းမှကားဝယ်ယူသူကိုသာရောင်းချပေးသွားမှာဖြစ်တဲ့ အကြောင်းကို မတ်လ ၁၄ ရက်နေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ရန်​ကုန်​လိုင်​စင်​ YVQC စနစ်​ လုပ်​​ဆောင်​ရာမှာ ပါဝင်​တဲ့တာဝန်​ရှိသူတစ်​ဦးက – “အရင်​က စာရွက်​​ရောင်းစားတဲ့စနစ်​ကို ​ပြောင်​းပီး အင်​ဂျင်​ပါဝါ အလိုက်​စျေးနှုန်းတစ်​ခုသတ်​မှတ်​ထားတယ်​။ ရန်​ကုန်​လိုင်​စင် ခွင့်ပြုတာ အ​ရောင်​းပြခန်းက​နေ ဝယ်​ယူမယ့် သူ​တွေကိုပဲ သတ်​မှတ်​ထားတဲ့နှုန်​းအတိုင်​းရောင်​းချ​ပေးမှာပါ။ တစ်​ဦးချင်​း Free permit နဲ့ တင်​သွင်​းတဲ့သူ​တွေအတွက်​ မပါပါဘူး၊” လို့ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ပြည်ပမှတဆင့်တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ကားပါကင်ထောက်ခံချက်နဲ့တင်သွင်းခွင့်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာစတင်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ကားပါကင်လိပ်စာနဲ့ ကားတင်သွင်းတဲ့လိပ်စာ မကိုက်ညီတာကြောင့် ကားပါကင်ထောက်ခံချက်နဲ့တင်သွင်းခွင့်ကို ၂၀၁၆ ဧပြီလ ၁ […]

Auto News

ရန်ကုန်လိုင်စင် ကို YVQC လက်မှတ်စနစ်နဲ့အကန့်အသတ်မရှိခွင့်ပြုပေးသွားမည်

ရန်ကုန်ကားတင်သွင်းခွင့်လက်မှတ် YVQC (Yangon Vehicle Quota Certificate) စနစ်နဲ့ရန်ကုန်လိုင်စင်ကိုအကန့်အသတ်မရှိ ခွင့်ပြုပေးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ ရန်ကုန်လိုင်စင်လုပ်ဆောင်ရာမှာပါဝင်တဲ့ တာဝန်ရှိသူတစ်ဉီးဆီက ကြားသိခဲ့ရတာဖြစ်ပါတယ်။ အရင်နှစ်တွေကရန်ကုန်လိုင်စင်တင်သွင်းခွင့်လက်မှတ်ကို တင်သွင်းထားတဲ့ကားအစီးရေအတွက်ရဲ့ အများဆုံး ၁၀ ရာခိုင်နှုန်းလောက်သာရောင်းချပေးခဲ့တာပါ။ ဒါပေမယ့်မကြာခင်မှာ YVQC လက်မှတ်စနစ်နဲ့ဆိုရင် အကန့်အသတ်မရှိခွင့်ပြုပေးသွားတော့မှာပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ရန်​ကုန်​လိုင်​စင် လုပ်​​ဆောင်​ရာတွင်​ ပါဝင်​​တဲ့တာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။ “အရင်​က တစ်​နှစ်​တင်​သွင်​းထားတဲ့ကားအစီး​ရေ ကို အကြမ်​းမျဉ်​း ၅ ရာခိုင်​နှုန်​းက​နေ ၁၀ ရာခိုင်​နှုန်​း ​လောက်​​ပေးမယ်​လို့ သတ်​မှတ်​ထားတာ။ လက်မှတ်​ဝယ်​မယ်​ဆိုရင်​ အ​ရေအတွက်​မသတ်​မှတ်​ဘဲ ခွင်​့ပြု​ပေးဖို့​ဆွေး​နွေးထားတဲ့ အ​ခြေအ​နေရှိ​တယ်​။ ​ဧပြီလထဲမှာ ရန်​ကုန်​လိုင်​စင် ခွင်​့ပြုဖို့ လုပ်​​နေပါတယ်​။ “ ဆွေးနွေးမှုသာအောင်မြင်သွားရင် ကားအသစ်တွေအတွက် ရန်ကုန်လိုင်စင် YVQC လက်မှတ်ကို အလွယ်တကူဝယ်ယူနိုင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် နယ်လိုင်စင်ရပြီးကားတွေအနေနဲ့ YVQC လက်မှတ်ဝယ်ယူဖို့ခက်ခဲနေဆဲပဲဖြစ်ပါတယ်။ YVQC လက်မှတ်ကို […]

Auto News

ရန်ကုန်လိုင်စင် YVQC ဝယ်ယူထားသောကားများတိုက်ကြေပါက ကားပြန်သွင်းချိန်တွင်လိုင်စင်လက်မှတ်ပြန်ဝယ်စရာမလို

ရန်​ကုန်​လိုင်​စင်​ YVQC (Yangon Vehicle Quota Certificate) စနစ်ခွဲတန်းလက်မှတ်များကို ဝယ်ယူပြီးထားသောကားပိုင်ရှင်များအနေနဲ့ မိမိရဲ့ကားဟာ တိုက်ကြေကားဖြစ်သွားလို့ ကားပြန်သွင်းချိန်မှာ ရန်ကုန်လိုင်စင်လက်မှတ် ပြန်ပြီးဝယ်ယူစရာမလိုအပ်တော့ဘူးပဲဖြစ်ပါတယ်။ ရန်ကုန်လိုင်စင် YVQC လက်မှတ်တွေကိုတော့ အင်ဂျင်ပါဝါအပေါ်လိုက်ပြီးစျေးနှုန်းသတ်မှတ်ရောင်းချနေတာဖြစ်တာကြောင့် မိမိရဲ့တိုက်ကြေသွားတဲ့ကားကိုအပ်ပြီး အသစ်ပြန်လည်တင်သွင်းတဲ့အခါ တိုက်ကြေကားနဲ့ တင်သွင်းမယ့်ကားတို့ဟာအင်ဂျင်ပါဝါတူညီနေရပါမယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး YVQC ခွဲတမ်​းလက်မှတ်​စနစ်​လုပ်​​ဆောင်​​နေသူ တာဝန်​ရှိသူတစ်ဦးကလည်းအောက်ပါအတိုင်းပြောကြားထားတာဖြစ်ပါတယ်။ “ရန်​ကုန်​လိုင်​စင် လက်​မှတ်​ဝယ်​ပြီး ယာဉ်​တိုက်​မှုဖြစ်​လို့ ကားအပ်ကာ တစ်​စီးပြန်​သွင်​းမယ်​ဆိုရင်​​တော့ အရင်​ဝယ်​ထားတဲ့ လက်မှတ်​ကို ဆက်​သုံးလို့ရတယ်​။ ဒါ​ပေမယ်​့ ဝယ်​တဲ့လက်မှတ်​​စျေးတူတဲ့ကားကို ရန်​ကုန်​လိုင်​စင် ပြန်​သွင်​းလို့ရတယ်​။” Source :www.carsdb.com အင်ဂျင်ပါဝါအပေါ်လိုက်ပြီး YVQC ခွဲတမ်းလက်မှတ်ကိုသတ်မှတ်ထားတဲ့စျေးနှုန်းတွေကတော့ အင်ဂျင်ပါဝါ 1600 CC အထိကားတွေကို ကျပ်သိန်း ၃၀၊ 1601 CC ကနေ 3000 CC အထိကားတွေကိုကျပ်သိန်း ၆၀ […]

Features

JOB ANNOUNCEMENT!

Recent Posts

Archives

Categories