May 23, 2018

We ❤️ New Cars!

New Car News in Burmese

မြန်မာပလာဇာမှာကျင်းပခဲ့တဲ့ Road Show ကာလအတွင်း ကားအစီးရေ ၈၀ ကျော်ရောင်းချနိုင်ခဲ့တဲ့ Toyota Myanmar

Toyota Myanmar အနေနဲ့ပြီးခဲ့တဲ့  မေလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ၃ ရက်တိုင်တိုင် မြန်မာပလာဇာမှာ ကျင်းပခဲ့တဲ့ Toyota Road Show မှာ ကားအစီးရေ ၈၀ ကျော်ကိုရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ Road Show ကာလအတွင်း Land Crusier, Fortuner, Vios, Camry, Double Cab, Extra Cab, Hiace, Corolla တို့အပြင် ပြည်တွင်းစျေးကွက်မှာ မိတ်ဆက်ခဲ့တာမကြာသေးတဲ့ ကားအသစ်လေး Toyota Avanza ကိုပါ ပြသရောင်းချခဲ့တာပဲဖြစ်ပါတယ်။ မိတ်ဆက်တာမကြာလှသေးတဲ့ Toyota Avanza ကတော့ MPV (Multi Purpose Vehicle) အမျိုးအစားဖြစ်ပြီး လူ ၇ ယောက်ကနေ ၈ ယောက်အထိ လိုက်ပါစီးနှင်နိုင်မှာဖြစ်ပါတယ်။ […]

Auto News

အထူးပရိုမိုးရှင်းအစီအစဉ်တွေနဲ့အတူစောင့်ကြိုနေတဲ့ CarDB Auto Show Mandalay 2018!

မန္တလာသီရိအားကစားကွင်း မှာ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းသွားမယ့်CarDB Auto Show Mandalay 2018 ဟာဆိုရင်တော့ ထူးခြားလှတဲ့ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ စောင့်ကြိုနေပြီပဲဖြစ်ပါတယ်။ Auto Show ကျင်းပမယ့် ၃ ရက်ကနေ ၅ ရက်နေ့ ၂ ရက်တာကာလ ဆက်တိုက်ကို ကံစမ်းမဲဖောက်ပေးသွားမယ့် ပရိုမိုးရှင်းအစီအစဉ်ပဲဖြစ်ပါတယ်။ ကံစမ်းမဲအတွက်ပါဝင်မယ့်ပစ္စည်းတွေကတော့ ဆိုင်ကယ် အသစ်စက်စက်, FNI အာမခံလုပ်ငန်းမှ ၁၀ သိန်းတန် အသက်အာမခံ Gift Voucher, Mi 5X လက်ကိုင်ဖုန်း, ၄ သိန်းတန် စိန်နဲ့မြ မွှေ့ယာအကောင်းစားကြီး၊ Kenso Air Con, Kenso Stabilizer, Polar Star GPS, Shell Advance Motor Cycle Engine […]

Auto News

CarDB Auto Show 2018 မှာပြသသွားမယ့်ကားတွေကိုသိပြီးကြပြီလား ?

မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် CarDB Auto Show 2018 မှာတော့ Ford, Jaguar/Land Rover, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot အစရှိတဲ့ ကားကုမ္ပဏီတွေက မိမိရဲ့ ကားမော်ဒယ်အသစ်ကလေးတွေကိုချပြမိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ Auto Show မှာပြသမယ့် ကုမ္ပဏီတစ်ခုချင်းစီရဲ့ ကားမော်ဒယ်တွေကတော့ -Ford မှာဆိုရင် Everest နဲ့ Ranger Double Cab XLT -Nissan မှာဆိုရင် Sunny, Urvan, Navara -Chevrolet မှာဆိုရင် Trailblazer, Suburban, Malibu, Cruze -Toyota မှာဆိုရင် Vios, Corolla, Camry, Hilux […]

Auto News

၂၀၁၇ ခုနှစ်တုန်းက USA ရဲ့ရောင်းအားအကောင်းဆုံး Top 10 စာရင်းဝင်တဲ့ကားတွေကိုသိပြီးကြပြီလား?

သိပြီးကြတဲ့လူတွေ အမှတ်တရပြန်ဖြစ်အောင်နဲ့ မသိကြသေးတဲ့လူတွေလည်း သိသွားအောင် ဒီဆောင်းပါးမှာ ၂၀၁၇ ရဲ့ USA ရောင်းအားအကောင်းဆုံးကားတွေကို လိုရင်းတိုရှင်းဖြစ်အောင် ဖော်ပြသွားမှာဖြစ်ပါတယ်။ ၂၀၁၇ မှာ USA ရဲ့ရောင်းအားအကောင်းဆုံး နေရာမှာရပ်တည်ခဲ့တဲ့ကားတွေကတော့ – 1. Ford F-series ရောင်းချနိုင်မှုကားအစီးရေ – ၈,၉၆၇၆၄ သိန်း အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၉.၃ ရာခိုင်နှုန်း   2.Chevrolet Silverado ရောင်းချနိုင်မှုကားအစီးရေ – ၅,၈၅၈၆၄ သိန်း အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၁.၉ ရာခိုင်နှုန်း   3.RAM pick-up ရောင်းချနိုင်မှုကားအစီးရေ – ၅,၀၀၇၂၃ သိန်း အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၂.၇ ရာခိုင်နှုန်း   4.Toyota […]

Features

မန္တလေးမြို့ကြီးမှာမကြာခင်ကျင်းပသွားတော့မယ့် CarsDB Auto Show 2018

မန္တလေးမြို့တော်ကြီးရဲ့ပထမဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်တဲ့ CarsDB Auto Show 2018 ကိုတော့ မတ်လ ၃ ရက်နေ့ကစပြီး ၅ ရက်နေ့အထိ ၃ ရက်တာကျင်းပသွားမှာပဲဖြစ်ပါတယ်။ အချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၈ နာရီအထိဖြစ်ပြီး မန္တလေးသီရိအဆင့်မြင့်အားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၅ ရက်နေ့က Oriental House မှာကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ CarDB Auto Show မှာတော့ Ford, Jaguar, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot တို့ရဲ့ မော်ဒယ်အသစ်ဆက်ဆက်ယာဉ်တွေကိုချပြသွားမှာဖြစ်ပြီး စမ်းသပ်မောင်းနှင်ခွင့်ပေးမယ့်အစီအစဉ်လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင်မော်တော်ယာဉ်တွေနဲ့သက်ဆိုင်ရာအပိုပစ္စည်းရောင်းချတဲ့လုပ်ငန်းတွေ၊ ဘဏ်နှင့် မော်တော်ယာဉ် အာမခံလုပ်ငန်းတွေလည်းပါဝင်မှာဖြစ်ပြီး ပြခန်းစုစုပေါင်းအရေအတွက် ၄၀ ကျော်ပါဝင်မယ်လို့လဲပြောကြားထားပါတယ်။ မော်တော်ယာဉ်မော်ဒယ်အသစ်တွေ […]

Auto News

Toyota Hilux Revo Extra Cab ကိုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကစတင်ပြီးအရစ်ကျဝယ်ယူနိုင်ပြီ

Toyota Hilux Revo Extra Cab ကိုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကစတင်ပြီးအရစ်ကျဝယ်ယူနိုင်တဲ့အကြောင်းကိုတော့ Toyota Car Showroom in Myanmar facebook ကတရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ Hilux Revo Extra Cab မှာ Dynamic Control Suspension (DCS) စနစ်ပါဝင်လို့ ကြမ်းတမ်းတဲ့လမ်းတွေမှာကောင်းကောင်းမွန်မွန်မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် Hill-start Assist Control (HAC), Trailer Sway Control (TSC), Vehicle Stability Control (VSC), Stability Control အစရှိတဲ့ စနစ်များလည်းပါဝင်ပါသေးတယ်။ ပြီးတော့ကားရဲ့အတွင်းပိုင်းကကြမ်းခင်း၊ အင်ဂျင်ခန်းတွေမှာလည်း ပစ္စည်းတွေထည့်သွင်းနိုင်မှာဖြစ်တာကြောင့် စီးနှင်းလိုက်ပါသူတွေ အဆင်ပြေမှာဖြစ်ပါတယ်။ Smart Key အမျိုးအစားဖြစ်ပြီး ခလုပ်လေးနှိပ်ရုံနဲ့ ကားတံခါးဖွင့်ခြင်း၊ ပိတ်ခြင်း၊ ကားစက်နှိုးခြင်း၊ ကားစက်ရပ်ခြင်းတို့ကိုအလွယ်တကူကစားနိုင်တာကြောင့် ဟန်ကျလှပါတယ်။ Toyota Hilux […]

Auto News

၂၀၁၇ ခုနှစ်အတွင်းမှာလျှပ်စစ်ယာဉ် ပေါင်း ၁.၅၂ မီလီယမ်ကျော်အထိရောင်းချနိုင်ခဲ့တဲ့ Toyota!

Toyota အနေနဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ လျှပ်စစ်ယာဉ်ပေါင်း ၁.၅၂ မီလီယမ်ကျော်အထိရောင်းချနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကိုတော့ ဖေဖော်ဝါရီ ၂ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ က ရောင်းအားထက် ၈ ရာခိုင်နှုန်းအထိမြင့်တက်လာတာပဲဖြစ်ပါတယ်။ ဒီရောင်းအားရလဒ်ကိုတော့ Toyota အနေနဲ့ ၂၀၂၀ မှရရှိလိမ့်မယ်လို့ ခန့်မှန်းထားတာဖြစ်ပြီး ၂၀၁၇ ကတည်းရရှိနေတာကြောင့် Toyota အတွက်ကတော့ အလားအလာကောင်းဖြစ်သလို Toyota ရဲ့ Environmental Challenge 2050 ထဲက တစ်ခုဖြစ်တဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ၉၀ရာခိုင်နှုန်းအထိလျှော့ချမှု” ကိုလည်းအထောက်အကူပြုစေမှာဖြစ်ပါတယ်။ Toyota ဟာလျှပ်စစ်ကားတွေကိုတော့ ၁၉၉၇ ခုနှစ်ကတည်းကစတင်ထုတ်လုပ်ခဲ့တာပါ။ ၁၉၉၇ ခုနှစ်တုန်းကဆိုရင် Toyota ရဲ့လျှပ်စစ်ကားတွေဟာဆိုရင် တစ်ကမ္ဘာပေါင်းမှာ အစီး ၅၀၀ ပဲရောင်းထွက်ခဲ့တာဖြစ်ပါတယ်။ အစီး ၅၀၀ ရောင်းအားကနေ နှစ် ၂၀ အကြာ ၂၀၁၇ […]

Auto News

The Electric Kid လို့တင်စားခံရတဲ့ Adam Lansing!

Adam Lansing ဟာ ဓာတ်ငွေ့ကားကို လျှပ်စစ်သီးသန့်ကားတစ်စီးဖြစ်သွားအောင်ဖန်တီးပြောင်းလဲနိုင်ခဲ့တာကြောင့် The Electric Kid လိုတင်စားခံရတာပဲဖြစ်ပါတယ်။ သူပြောင်းလဲဖန်တီးလိုက်တဲ့ကားကတော့ အင်ဂျင်မဲ့ Toyota 1980 Celica ကို ၁၃၀ mile range ရှိပြီး 94 lithium ion ဘက်ထရီ အသုံးပြုထားတဲ့ လျှပ်စစ်ကားဖြစ်အောင်ပြောင်းလဲနိုင်ခဲ့တာပါ။ ဇာတ်လမ်းကတော့ Lancing ၁၂ နှစ်အရွယ်ကစတာပါ။ Lancing ဟာ ၁၂ အရွယ်ထဲကတည်းက ဓာတ်ငွေ့ကားကနေ လျှပ်စစ်ကား ကိုပြောင်းလဲချင်နေတာဖြစ်ပါတယ်။ ဒီအကြောင်းကိုကြားမိတဲ့ Lancing သူငယ်ချင်းရဲ့ အဖေဟာတော့ Lancing ကို အင်ဂျင်မဲ့ Toyota Celica ၁၉၈၀ ကို ယုံကြည်မှုတွေနဲ့ ပေးအပ်ခဲ့ပါတယ်။ Lansing got the idea to convert a gas […]

Auto News

North America Auto Show မှာမိတ်ဆက်ခဲ့တဲ့ 2019 Avalon XSE

Toyota အနေနဲ့ North America Auto Show မှာ 2019 Avalon ကို Touring, Limited, XSE, XLE ဆိုပြီးမိတ်ဆက်ခဲ့တာပါ။ ဒီနေ့မှာတော့ XSE grade ရဲ့ ပုံရိပ်တွေဖော်ပြပေးသွားမှာပါ။ Touring နဲ့ Limited ကိုတော့ Website မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၉ Avalon ရဲ့ grade ၄ ခုလုံးကိုတော့ မကြာခင်ရောက်ရှိမယ့် နွေဉီးကာလမှာတွေ့မြင်နိုင်တော့မှာပါ။                           ၂၀၁၉ Toyota Avalon XSE ကိုအားလုံးကြိုက်ကြမယ်လို့ယုံကြည်ပါတယ်။ မကြာခင်အချိန်အတွင်းမှာပဲ XLE နဲ့ပြန်လာဖို့ […]

Features , New Models

Toyota ရဲ့ ၂၀၁၉ Avalon Touring အလှပုံရိပ်များ

၂၀၁၉ Toyota Avalon Touring ဟာဆိုရင် Detroit Motor Show မှာ Toyota မိတ်ဆက်ခဲ့တဲ့ Avalon grade တွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။  Limited, Touring, XSE, XLE ဆိုပြီး grade ၄ ခုနဲ့မိတ်ဆက်ခဲ့ပြီး Avalon limited ရဲ့ပုံရိပ်အချို့ ကိုတော့ကျွန်တော်တို့ website မှာဖော်ပြပြီးဖြစ်ပါတယ်။ ဒီနေ့ဖော်ပြသွားမှာကတော့ Touring grade ရဲ့ပုံရိပ်တွေပါ။                             ကျွန်တော်အခုဖော်ပြခဲ့တာတွေကတော့ 2019 Avalon Touring ရဲ့အလှပုံလေးတွေပဲဖြစ်ပါတယ်။ မိတ်ဆက်ထားတာမကြာသေးတဲ့ Model အသစ်တစ်ခု ဖြစ်တာကြောင့် အားလုံးပဲ […]

Features , New Models

JOB ANNOUNCEMENT!

Recent Posts

Archives

Categories