November 18, 2018

We ❤️ New Cars!

New Car News in Burmese

YPS အတွက်တင်ဒါအောင်မြင်သူအဖြစ်သတ်မှတ်ခြင်းခံလိုက်ရပြီဖြစ်တဲ့ Asia Starmar Transport Intelligent Co., Ltd

YBS ယာဉ်လိုင်းတွေမှာ ကတ်နဲ့အသုံးပြုနိုင်တဲ့ YPS (Yagon Payment Service) စနစ် ကိုပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က ကုမ္ပဏီပေါင်း ၂၁ ခုကိုရွေးချယ်ခဲ့ပြီး ရွေးချယ်ထားတဲ့ ကုမ္ပဏီတွေထဲက စကာတင်အဖြစ် Anypay Payment Services, Asia Starmar Transport Intelligent နဲ့ Excel KC Myanmar အစရှိတာတွေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Excel KC Myanmar ဟာ စတင်ကာတင်ကုမ္ပဏီတွေထဲက ပထမဉီးဆုံး တင်ဒါအောင်မြင်မှုရရှိခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပေမယ့် Excel KC Myanmar နဲ့ ပူးပေါင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Acer ဟာပူးပေါင်းမှုကနေ နှုတ်ထွက်သွားတာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က YPS တင်ဒါအောင်ကုမ္ပဏီတစ်ခုအဖြစ်မှ ပယ်ချခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်။ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့အနေနဲ့ […]

Auto News

Yagon Payment service (YPS) မှာပဏာမတင်ဒါအောင်မြင်မှုရရှိခဲ့တဲ့ Excel KC Myanmar ကိုတင်ဒါစာရင်းမှပယ်ဖျက်

ယာဉ်လိုင်းတွေမှာ ကတ်စနစ်ငွေပေးချေမှု (YPS)  ပြုလုပ်နိုင်ဖို့ Excel KC Myanmar ကို တင်ဒါအောင်ကုမ္ပဏီတစ်ခုအဖြစ်သတ်မှတ်ထားပေမယ့် လုပ်ငန်းစဉ်နဲ့ကိုက်ညီမှုမရှိ တော့တာကြောင့် တင်ဒါအောင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်လိုက်ပြီပဲ ဖြစ်ပါတယ်။ Excel KC Myanmar ဟာ YPS ရဲ့တင်ဒါအောင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်ခြင်းခံလိုက်ရတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့၊ နံနက် ၁ နာရီမှာ Yangon Region Government Tenders ကပဲတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီးမှာပြေးဆွဲနေတဲ့ YBS ကတ်စနစ်အတွက် တင်ဒါကုမ္ပဏီ ၂၁ ခုကို ထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ထည့်သွင်းရွေးချယ်ထားတဲ့ ကုမ္ပဏီ ၂၁ ခုထဲကမှ Anypay Payment Services, Asia Starmar Transport Intelligent နဲ့ Excel KC […]

Auto News