May 23, 2018

We ❤️ New Cars!

New Car News in Burmese

မော်တော်ယာဉ်တွေရဲ့ ဘီးခွန်ကောက်ခံမှုကိုအင်ဂျင်ပါဝါအလိုက် ရန်ကုန်တိုင်းတွင်ပြောင်းလဲကောက်ခံတော့မည်

ရန်ကုန်မြို့တော်ကြီးမှာ ယခင်ယာဉ်တန်ချိန်အလိုက်ဘီးခွန်ကောက်ခံမှုစနစ်ကနေ အခြားနိုင်ငံတွေပုံစံအတိုင်း ကားအင်ဂျင်ပါဝါအလိုက်ဘီးခွန်ပြောင်းလဲကောက်ခံသွားမယ့်အကြောင်းကိုပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းစီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောကြားခဲ့တာဖြစ်ပါတယ်။ အင်ဂျင်ပါဝါအလိုက်ကောက်ခံသွားမယ့် ဘီးခွန်နှုန်းတွေကတော့ အင်ဂျင်ပါဝါ ၆၆၀ စီစီ အထိယာဉ်တွေကို တစ်ရက် ၁၀၀ ကျပ်နှုန်း (တစ်နှစ်ကို ၃၆၅၀၀ ကျပ်နှုန်း)၊ ၆၆၀ စီစီ မှ ၁၃၀၀ စီစီအထိယာဉ်တွေကို တစ်ရက် ၁၅၀ ကျပ်နှုန်း (တစ်နှစ်ကို ၅၄၇၅၀ ကျပ်နှုန်း)၊ ၁၃၀၁ စီစီ မှ ၂၀၀၀ စီစီအထိယာဉ်တွေကို တစ်ရက် ၂၀၀ ကျပ်နှုန်း (တစ်နှစ်ကို ၇၃၀၀၀ ကျပ်နှုန်း)၊ ၂၀၀၁ စီစီ မှ ၄၃၀၀ စီစီ မထိကို တစ်ရက် ၂၅၀ […]

Auto News

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို သတ်မှတ်ထားတဲ့အချိန်ကာလမှာစတင်နိုင်မည်မဟုတ်

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြရမှာဖြစ်တာကြောင့် သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့ ဧပြီ ၁ ရက်နေ့မှာ မစတင်နိုင်တော့တာပဲဖြစ်ပါတယ်။ YVQC လက်မှတ်စနစ်ဟာ ငွေကြေးနဲ့ရောင်းချမယ့်စနစ်ဖြစ်တာကြောင့်အခုလို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်လိုအပ်တာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်အတွက်အကြံဉာဏ်ပေးနေသူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနတာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ “YVQC ကိုယ်တာစနစ်က ငွေကြေးနဲ့ လက်မှတ်ဝယ်ယူရမယ့် စနစ်ဖြစ်လို့ဒီအတိုင်းလုပ်လို့မရဘူး။ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြရမယ် သဘောတူတယ်ဆိုမှ ဆက်လုပ်လို့ရမှာ။ ပြီးရင်မော်တော်ယာဉ်တင်သွင်းတဲ့ ကြီးကြပ်ရေးကော်မတီကိုလည်း တင်ပြရမယ်။ ရန်ကုန်လိုင်စင်ကို အမြန်ဆုံးခွင့်ပြုနိုင်ဖို့ လုပ်နေပါတယ်။” ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို မော်တော်ယာဉ်တွေရဲ့အင်ဂျင်ပါဝါအလိုက်စျေးနှုန်းသတ်မှတ်ထားတာဖြစ်ပြီး အင်ဂျင်ပါဝါ ၁၆၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၃၀၊ အင်ဂျင်ပါဝါ ၁၆၀၁ စီစီ မှ ၃၀၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၆၀၊ ၃၀၀၁ စီစီနဲ့အထက်ကားတွေကို ကျပ်သိန်း […]

Auto News

Yangon Vehicle Quota Certificate လက်မှတ်ကို Free permit ကားများအားရောင်းချသွားမည်မဟုတ်

ရန်ကုန်လိုင်စင် Yangon Vehicle Quota Certificate (YVQC) လက်မှတ်ကို Free permit တင်သွင်းသူများမပါဝင်ဘဲ အရောင်းပြခန်းမှကားဝယ်ယူသူကိုသာရောင်းချပေးသွားမှာဖြစ်တဲ့ အကြောင်းကို မတ်လ ၁၄ ရက်နေ့မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ရန်​ကုန်​လိုင်​စင်​ YVQC စနစ်​ လုပ်​​ဆောင်​ရာမှာ ပါဝင်​တဲ့တာဝန်​ရှိသူတစ်​ဦးက – “အရင်​က စာရွက်​​ရောင်းစားတဲ့စနစ်​ကို ​ပြောင်​းပီး အင်​ဂျင်​ပါဝါ အလိုက်​စျေးနှုန်းတစ်​ခုသတ်​မှတ်​ထားတယ်​။ ရန်​ကုန်​လိုင်​စင် ခွင့်ပြုတာ အ​ရောင်​းပြခန်းက​နေ ဝယ်​ယူမယ့် သူ​တွေကိုပဲ သတ်​မှတ်​ထားတဲ့နှုန်​းအတိုင်​းရောင်​းချ​ပေးမှာပါ။ တစ်​ဦးချင်​း Free permit နဲ့ တင်​သွင်​းတဲ့သူ​တွေအတွက်​ မပါပါဘူး၊” လို့ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ပြည်ပမှတဆင့်တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ကားပါကင်ထောက်ခံချက်နဲ့တင်သွင်းခွင့်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာစတင်လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ကားပါကင်လိပ်စာနဲ့ ကားတင်သွင်းတဲ့လိပ်စာ မကိုက်ညီတာကြောင့် ကားပါကင်ထောက်ခံချက်နဲ့တင်သွင်းခွင့်ကို ၂၀၁၆ ဧပြီလ ၁ […]

Auto News

နယ်လိုင်စင်ရပြီး Brand New ကားများအတွက် ရန်ကုန်လိုင်စင်YVQC လက်မှတ်စနစ်ကိုအရေအတွက်တစ်ခုအထိပြန်လည်ခွင့်ပြုပြီ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နယ်လိုင်စင်ရပြီးသားကားတွေ ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ပြန်လည်ရရှိဖို့ကိုခဲယဉ်းသွားမယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့တာဖြစ်ပြီး အခုမတ်လမှာတော့ နယ်လိုင်စင်ရပြီးသားကားတွေကိုလည်း ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ် အရေအတွက်တစ်ခုအထိပြန်လည်ခွင့်ပြုပေးမယ်ဆိုတဲ့သတင်းထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ နယ်လိုင်စင်ရ ပြီး Brand New ကားတွေအတွက်သာ ဖြစ်ပါတယ်။ နယ်လိုင်စင်ရပြီး ကားအဟောင်းလေးတွေအတွက်ကတော့ စဉ်းစားဖို့အစီအစဉ်ဆွဲနေဆဲပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်​ကုန်​လိုင်​စင်​စနစ်​ခွင့်ပြုရန်​ တာဝန်​ယူလုပ်​​ဆောင်​နေသူ အရာရှိကြီးတစ်​ဦးကလည်း အောက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ “ကားအသစ်တွေကိုဉီးစားပေးပြီးမှ နယ်လိုင်စင် Brand New ကားတွေကိုအရေအတွက်တစ်ခုပေးမှာပါ။ အဓိက က ကားအသစ်တင်သွင်းထားတဲ့သူတွေကိုပဲ စဉ်းစားတာပါ။ ကားဟောင်းတွေကို အရေအတွက်တစ်ခုပေးဖို့နောက်မှ စဉ်းစားမှာ၊ ဒါကလည်း မှတ်ပုံတင်လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေနဲ့ပြန်ဆွေးနွေးရမှာပါ။” နယ်လိုင်စင် Brand new ကားတွေထက် အသစ်တင်သွင်းထားတဲ့ ကားအသစ်တွေကို အများကြီးဉီးစားပေးထားတာကို ဒီပြောကြားချက်ကနေသိရှိနိုင်မှာပါ။ နောက်တစ်ခုက နယ်လိုင်စင်ကားများအနေနဲ့ ရန်ကုန်လိုင်စင် YVQC လက်မှတ်ဝယ်ယူပြီးရင်တော့ […]

Auto News

လိုင်စင်မဲ့ကားတွေကို အိမ်ရာအထိလာရောက်ဖမ်းဆီးသွားမည်ဟုသတင်းထွက်ရှိ

ရန်ကုန်မြို့မှာ လိုင်စင်မဲ့ယာဉ်တွေရှိနေကြောင်းသတင်းရရှိတာနဲ့ တစ်ပြိုင်နက် နေအိမ်အထိလာရောက်ဖမ်းဆီးသွားမယ်ဆိုတဲ့ အကြောင်းကို ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေတဆင့် သိရှိရပါတယ်။ အရင် ၂၀၁၇ ခုနှစ်တစ်နှစ်လုံးမှာ လိုင်စင်မဲ့ယာဉ်ပေါင်း ၁၄၉ စီးအထိဖမ်းဆီးခံရပြီး လိုင်စင်မဲ့ယာဉ်အများဆုံးရှိနေတဲ့နေရာဒေသကတော့ မွန်ပြည်နယ်လို့ဆိုထားပါတယ်။ ယခု ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အရင်နှစ်ကလို လိုင်စင်မဲ့ကားတွေကိုထပ်မံဖမ်းဆီးခဲ့ရာရန်ကုန်မြို့အတွင်း မှာပဲ ယာဉ်ပေါင်း ၂၀ ကျော်အထိဖမ်းဆီးနိုင်ခဲ့ပြီး လိုင်စင်မဲ့ဖြစ်နေတဲ့အများဆုံးဖြစ်နေတဲ့ယာဉ်ကတော့ အိမ်စီး ဆလွန်းကားအမျိုးအစားတွေပဲဖြစ်တယ်လို့ထပ်မံသိရှိခဲ့ရပါသေးတယ်။ လိုင်စင်မဲ့ယာဉ်တွေလိုက်လံဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ့တပ်ဖွဲ့မှူးရုံးကအရာရှိတစ်ဉီးကလည်း အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “လိုင်စင်မဲ့ ​​ကား​တွေဟုတ်​မဟုတ်​ဆိုတာ စစ်​​ဆေးတဲ့ ဆော့ဝဲလ်​ရှိ​ပါတယ်​။ ခြံဝန်​း​တွေထဲမှာ လိုင်​စင်​မဲ့ကား​တွေကို တိတိကျကျ သတင်​း​ပေးရင်​​တော့ ဝင်​​ရောက်​ဖမ်​းဆီးသွားမှာပါ။ လိုင်​စင်​မဲ့ကားရှိတယ်​ဆိုတဲ့ သတင်​းကမှား​နေရင်​​တော့ ဝင်ပြီးရှာရတာ ​မလွယ်​ဘူး” အခုအချိန်ဟာတော့ လိုင်စင်မဲ့ယာဉ်ပိုင်ရှင်တွေ သတိအထားသင့်ဆုံးအချိန်လို့ပဲဆိုချင်ပါတယ်။ အကြောင်းအမျိုးအမျိုးကြောင့် ကားလိုင်စင် မလုပ်ရစေးဘူးဆိုရင်လည်း အမြန်ဆုံးသွားရောက်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Auto News

သက်တမ်း၂၀ နှစ်ပြည့်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်မအပ်နှံပါကအခွန်နှုန်းထားကောက်ခံခြင်းခံရမည်

ရန်ကုန်က သက်တမ်း ၂၀ ပြည့်ပြီးသားကားတွေဖြစ်တဲ့ ၁၉၉၈ မော်ဒယ်အောက်ကားတွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သွားရောက်မအပ်နှံရင် အခွန်နှုန်းထားပေးဆောင်ရမှာပဲဖြစ်ပါတယ်။ ၁၉၉၈ မော်ဒယ်ကားတွေရဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်နေသူ တာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်းပြောကြားထားပါတယ်။ ” ရန်​ကုန်​လိုင်​စင်​​ကို ခွဲတန်​းလက်မှတ်​​စနစ်​နဲ့​ ရောင်​းတဲ့အခါမှာ ရန်​ကုန်​မှာရှိ​နေတဲ့ နယ်​လိုင်​စင် ကား​တွေ​ရော၊ သက်​တမ်​း နှစ်​ ၂၀ ပြည်​့ပြီးကား​တွေကိုရော အခွန်​​ကောက်​တာ​တွေလုပ်​သွားမှာပါ။ ဒါကလည်​း အ​စတည်​းက ရာထားပြီး သားဖြစ်​ပါတယ်​။ အစိုးရအဖွဲ့ကို အဆင့်ဆင့် ​​တင်​ပြပြီးမှ လုပ်​ရမှာပါ။ ” Source :carsdb ၁၉၉၈ မော်ဒယ်ကားတွေမောင်းနှင်သူတွေကတော့ တော်တော်ရှားလှပါတယ်။ ကားဟောင်း အခွန်စနစ်ကလည်း မစတင်သေးတာကြောင့် သက်တမ်း ၂၀ အောက်ကားမော်ဒယ် ပိုင်ရှင်တွေအနေနဲ့ မိမိရဲ့ကားကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံဖို့အချိန်ကောင်းပါပဲ။ (အခွန်မဆောင်ချင်ရင်ပေါ့) ရန်​ကုန်​လိုင်​စင်​အတွက်​ Yangon Vehicle Quota […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories