November 18, 2018

We ❤️ New Cars!

New Car News in Burmese

Body Coach ပြောင်းလဲထားတဲ့ ကားတွေ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခြင်းခံရ 

လက်ရှိမှာတော့ ကားရဲ့ Body Coach ပြောင်းလဲထားတဲ့ ကားအစီးရေ ၅၀၀ ကျော်အထိရှိနေပြီး အဲ့ဒီကားတွေထဲက အစီရေ ၂၀၀ ကျော်ဟာတော့ Body Coach ပြောင်းလဲထားမှုနဲ့ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခြင်းခံခဲ့ရပြီဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုးဉီးစီးငှာနကတဆင့်ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ပို့ဆောင်ရေးမှုးဉီးစီးငှာနအနေနဲ့ အခုအစိုးရလက်ထက်မှာ ငှာနဆိုင်ရာပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆိုင်ရာယာဉ်ပဲဖြစ်ဖြစ် Body Coach ပြောင်းလဲမှုကို ဆောင်ရွက်ပေးထားခြင်းမရှိသေးကြောင်း နဲ့ မူလမှတ်ပုံတင်ထားတဲ့ မှတ်တမ်းဝင်ယာဉ်ကိုယ်ထည်ကို တခြားတစ်ခုနဲ့ ပြောင်းလဲအစားထိုးတာဟာ အတုကို အစစ်ဖြစ်အောင်ပြုလုပ်တာဖြစ်တယ်လို့ သတ်မှတ်ထားကြောင်းလည်းသိရှိရပါတယ်။ Body Coach မှာပါတဲ့ Bonnet၊ Bumper တံခါး၊ ထိုင်ခုံ၊ မီးခွက် အစရှိတဲ့ အစိတ်အပိုင်းတွေကို ယာဉ်တိုက်မှု (သို့) တခြားထိခိုက်မှုတစ်ခုခုကြောင့် အစားထိုးပြောင်းလဲထားတာတွေကိုတော့ Body Coach ပြောင်းလဲတယ်လို့ သတ်မှတ်ခြင်းပြုမှာမဟုတ်ပေမယ့် မှတ်တမ်းဝင်ယာဉ်ကိုယ်ထည်ကို အခြားကိုယ်ထည်နဲ့ အစားထိုးတာ၊ […]

Auto News

အိုဟောင်းယာဉ်အဖြစ်အပ်နှံဖို့ YBS အစီး ၁၀၀ ကျော်ကျန်ရှိ

လက်ရှိမှာ ၁၉၉၈ မော်ဒယ်နဲ့ အောက် YBS ခရီးသည်တင်ယာဉ် အစီး ၁၀၀ ကျော်ကို အိုဟောင်းယာဉ်အဖြစ် အပ်နှံဖို့ ကျန်ရှိနေသေးတာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ဆက်သွယ်ရေးညွှန်ကြားရေးမှူးဉီးစီးငှာနကတဆင့်သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကစတင်ပြီး ၁၉၉၈ မော်ဒယ်အောက် YBS ယာဉ်ဟောင်းတွေကို အိုဟောင်းယာဉ်အဖြစ်မအပ်နှံပါက ယာဉ်လိုင်းအတွင်းမှထုတ်ပယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မေလအကုန်အထိ အပ်နှံဖို့ အစီး ၁၀၀ ကျော်ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။ YBS စနစ်စတင်ပြောင်းလဲတဲ့ အချိန်ကစတင်ပြီး YBS ယာဉ်တွေကို မော်ဒယ်အလိုက် အိုဟောင်းယာဉ်အဖြစ် အပ်နှံပြီး လူစီးစလစ်ထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်အပ်နှံပြီးလူစီးစလစ်ထုတ်လုပ်ပေးမှုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလကစတင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ၁၉၉၈ မော်ဒယ်အောက် YBS ယာဉ် ၃၆၉ စီးအပ်နှံခွင့်ပြုထားပြီး မေလကုန်အထိ City Bus ၃၃၁ စီး၊ […]

Auto News

နယ်လိုင်စင်ကိစ္စမပြုလုပ်ခင် လိုင်စင်မဲ့ကားတွေကို ထိရောက်စွာအရေးယူသွားမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးမှာသွားလာတဲ့ နယ်လိုင်စင်ကားတွေကို အခွန်ကောက်ခံထိန်းချုပ်မှုများမပြုလုပ်ခင် လိုင်စင်မဲ့မောင်းနှင်နေတဲ့ကားတွေကို ဉီးဆုံး ထိထိရောက်ရောက်အရေးယူဖမ်းဆီးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်အရေးယူမှုတွေပြုလုပ်ပြီးမှသာ နယ်လိုင်စင်ကားတွေကို အခွန်ကောက်ခံပြီးထိန်းချုပ်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ မြို့အဝင်/အထွက် တိုးဂိတ်တွေကိုဆောက်လုပ်သွားမှာဖြစ်ပြီး ဆောက်လုပ်မှုပြီးစီးရင် ရန်ကုန်မှာ မောင်းနှင်နေတဲ့ နယ်လိုင်စင်ကားတွေကို အခွန်နှုန်းထားသတ်မှတ်ပြီး ကောက်ခံသွားမှာပဲဖြစ်ပါတယ်။ အခုအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဉီးက “နယ်လိုင်စင်ကားကို ကန့်သတ်ဖို့ချက်ခြင်းကြီးလုပ်လို့ မရသေးဘူး။ ရန်ကုန်မှာရှိတဲ့ လိုင်စင်မဲ့ ကားတွေကိုပဲ ထိထိရောက်ရောက်ဖမ်းဆီးတာတွေလုပ်သွားမယ်။ နောက်ပိုင်းကျမှ နယ်လိုင်စင်ကားတွေကို တိုးဂိတ်တွေကနေ သီးခြားအခွန်နှုန်းထား တစ်ခုနဲ့ ကောက်ဖို့ရှိတယ်” လို့ပြောကြားခဲ့ပါတယ်။ ၂၀၁၇ တစ်နှစ်ပတ်လုံးမှာ ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ကားပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး လက်ရှိ ၂၀၁၈ ဇန်နဝါရီလ ကနေ ဧပြီလအတွင်းမှာ လိုင်စင်မဲ့ကားပေါင်း ၉၀ ကျော်အထိဖမ်းဆီးထားပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။

Auto News

YBS ယာဉ်တွေနယ်ကျော် အော်ဒါလိုက်မောင်းနှင်ပါက ဉပဒေအရအရေးယူခြင်းခံရမည်

ရန်ကုန်မြို့အတွင်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်နေတဲ့ YBS ယာဉ်တွေကို ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ရန်​ကုန်​တိုင်း​ဒေသကြီး အများပြည်​သူ သယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှုအာဏာပိုင် ကနေသိရှိရပါတယ်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ခရီးသည်တင်ယာဉ်တွေကိုပေးအပ်ထားတဲ့ လုပ်ငန်းလိုင်စင်ဟာရန်ကုန်မြို့တွင်းမှာသာ ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။ နယ်ကျော်ပြီးပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို တွေ့ရှိပါက ယာဉ်လိုင်းပြေးဆွဲခွင့်နဲ့ CNG ထုတ်ယူခွင့်ကို ဉပဒေအရ ပိတ်သိမ်းသွားမှာပဲဖြစ်ပါတယ်။ အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေး ကြီးကြပ်​မှု အာဏာပိုင်​အဖွဲ့ တာဝန်​ရှိသူတစ်​ဦးကလည်း နယ်ကျော်အော်ဒါလိုက်မောင်းနှင်မှုနဲ့ပတ်သက်ပြီး “တစ်​ချိူ့ YBS ကား​တွေက နယ်​​ကျော်​ပြီး​ပြေးဆွဲ​နေတာရှိ​နေတယ်။​ အရင်​က​တော့ ဒဏ်​​ကြေးနဲ့ပဲ အခု ယာဉ်​လိုင်​း​ပြေးဆွဲတာနဲ့ CNG ကိုလည်​း ပိတ်​သိမ်​းသွားမယ်​။“ လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်းမှာပြေးဆွဲနေတဲ့ YBS ယာဉ်တွေထဲမှာ တချို့ယာဉ်တွေဟာ နယ်ကျော်ပြေးဆွဲနေတာဖြစ်ပြီး လက်ရှိမှာ နယ်ကျော်ပြေးဆွဲခဲ့သောယာဉ် ၂၅ စီးကို ဉပဒေအရအရေးယူပြီးပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။

Auto News

လာမယ့်အတာသင်္ကြန်အတွက် ယာဉ်ထိန်းရဲအင်အား ၁ ထောင်ကျော်တာဝန်ထမ်းဆောင်သွားမည်ဟုဆို

မကြာခင်ကျရောက်လာမယ့်ရန်ကုန်သင်္ကြန်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ အများပြည်သူတို့လုံခြုံမှုအတွက် ကျန်းမာရေးအရခွင့်ယူသူတွေနဲ့ သင်တန်းကာလခွင့်ယူသူတွေ ကလွဲပြီး ယာဉ်ထိန်းရဲအင်အား ၁၀၄၉ ယောက်အထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ပြောကြားထားတာဖြစ်ပါတယ်။ ယာဉ်ထိန်းရဲအင်အား ၁၀၄၉ ယောက်တို့ ဟာ ရန်ကုန်တိုင်းဒေသရဲ့ အင်အားအကုန်ဖြစ်ပြီး အရာရှိ ၁၉၇ ယောက် အပါအဝင်ဖြစ်တယ်လို့ ဒုရဲမှူးသိန်းဉီးကပြောကြားခဲ့ပါတယ်။ ယာဉ်ထိန်းရဲတွေကို အများပြည်သူအပန်းဖြေတဲ့နေရာတွေ၊ မဏ္ဍပ်ရှေ့ နေရာတွေ၊ မီးပွင့်လမ်းဆုံလမ်းခွတွေ၊ မဏ္ဍပ်အလွန်အရှိန်ပြင်းပြင်းနဲ့မောင်းရင် သတိပေးနိုင်တဲ့နေရာမျိုးတွေမှာ စောင့်ကြပ်ရှု့သွားမှာပါ။ ဒါ့အပြင် ယာဉ်မှုစစ်တာဝန်၊ သူနာပြုတာဝန်တွေသာမက အရေးပေါ်အခြေအနေတွေ အတွက်လည်း ပြင်ဆင်ထားပါသေးတယ်လို့လဲ ဒုရဲမှူးသိန်းဉီးကပြောကြားခဲ့ပါသေးတယ်။ သင်္ကြန်အတွက်တာဝန်ပေးအပ်ခြင်းခံရတဲ့ ယာဉ်ထိန်းရဲမှူးတွေဟာ နံနက်ရေစတင်ကစားချိန်ကနေစပြီး ညပိုင်းဖျော်ဖြေရေးအစီအစဉ်ပြီးတဲ့အချိန်ထိ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ အခုလို လုံခြုံရေးဘက်ပိုင်းမှာ သေသေချာချာကို စီစဉ်ဆောင်ရွက်ထားတာဖြစ်တာကြောင့် မိဘပြည်သူတို့ အနေနဲ့ အတာသင်္ကြန်ကာလမှာ အေးအေးချမ်းချမ်းပျော်ပါးနိုင်တော့မှာဖြစ်ပါတယ်။   Via

Auto News

နယ်လိုင်စင်ရပြီး Brand New ကားများအတွက် ရန်ကုန်လိုင်စင်YVQC လက်မှတ်စနစ်ကိုအရေအတွက်တစ်ခုအထိပြန်လည်ခွင့်ပြုပြီ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နယ်လိုင်စင်ရပြီးသားကားတွေ ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ပြန်လည်ရရှိဖို့ကိုခဲယဉ်းသွားမယ်ဆိုတဲ့ သတင်းတွေထွက်ရှိခဲ့တာဖြစ်ပြီး အခုမတ်လမှာတော့ နယ်လိုင်စင်ရပြီးသားကားတွေကိုလည်း ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ် အရေအတွက်တစ်ခုအထိပြန်လည်ခွင့်ပြုပေးမယ်ဆိုတဲ့သတင်းထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ နယ်လိုင်စင်ရ ပြီး Brand New ကားတွေအတွက်သာ ဖြစ်ပါတယ်။ နယ်လိုင်စင်ရပြီး ကားအဟောင်းလေးတွေအတွက်ကတော့ စဉ်းစားဖို့အစီအစဉ်ဆွဲနေဆဲပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်​ကုန်​လိုင်​စင်​စနစ်​ခွင့်ပြုရန်​ တာဝန်​ယူလုပ်​​ဆောင်​နေသူ အရာရှိကြီးတစ်​ဦးကလည်း အောက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။ “ကားအသစ်တွေကိုဉီးစားပေးပြီးမှ နယ်လိုင်စင် Brand New ကားတွေကိုအရေအတွက်တစ်ခုပေးမှာပါ။ အဓိက က ကားအသစ်တင်သွင်းထားတဲ့သူတွေကိုပဲ စဉ်းစားတာပါ။ ကားဟောင်းတွေကို အရေအတွက်တစ်ခုပေးဖို့နောက်မှ စဉ်းစားမှာ၊ ဒါကလည်း မှတ်ပုံတင်လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေနဲ့ပြန်ဆွေးနွေးရမှာပါ။” နယ်လိုင်စင် Brand new ကားတွေထက် အသစ်တင်သွင်းထားတဲ့ ကားအသစ်တွေကို အများကြီးဉီးစားပေးထားတာကို ဒီပြောကြားချက်ကနေသိရှိနိုင်မှာပါ။ နောက်တစ်ခုက နယ်လိုင်စင်ကားများအနေနဲ့ ရန်ကုန်လိုင်စင် YVQC လက်မှတ်ဝယ်ယူပြီးရင်တော့ […]

Auto News

လိုင်စင်မဲ့ကားတွေကို အိမ်ရာအထိလာရောက်ဖမ်းဆီးသွားမည်ဟုသတင်းထွက်ရှိ

ရန်ကုန်မြို့မှာ လိုင်စင်မဲ့ယာဉ်တွေရှိနေကြောင်းသတင်းရရှိတာနဲ့ တစ်ပြိုင်နက် နေအိမ်အထိလာရောက်ဖမ်းဆီးသွားမယ်ဆိုတဲ့ အကြောင်းကို ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကနေတဆင့် သိရှိရပါတယ်။ အရင် ၂၀၁၇ ခုနှစ်တစ်နှစ်လုံးမှာ လိုင်စင်မဲ့ယာဉ်ပေါင်း ၁၄၉ စီးအထိဖမ်းဆီးခံရပြီး လိုင်စင်မဲ့ယာဉ်အများဆုံးရှိနေတဲ့နေရာဒေသကတော့ မွန်ပြည်နယ်လို့ဆိုထားပါတယ်။ ယခု ၂၀၁၈ ခုနှစ်အတွင်းမှာလည်း အရင်နှစ်ကလို လိုင်စင်မဲ့ကားတွေကိုထပ်မံဖမ်းဆီးခဲ့ရာရန်ကုန်မြို့အတွင်း မှာပဲ ယာဉ်ပေါင်း ၂၀ ကျော်အထိဖမ်းဆီးနိုင်ခဲ့ပြီး လိုင်စင်မဲ့ဖြစ်နေတဲ့အများဆုံးဖြစ်နေတဲ့ယာဉ်ကတော့ အိမ်စီး ဆလွန်းကားအမျိုးအစားတွေပဲဖြစ်တယ်လို့ထပ်မံသိရှိခဲ့ရပါသေးတယ်။ လိုင်စင်မဲ့ယာဉ်တွေလိုက်လံဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ့တပ်ဖွဲ့မှူးရုံးကအရာရှိတစ်ဉီးကလည်း အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “လိုင်စင်မဲ့ ​​ကား​တွေဟုတ်​မဟုတ်​ဆိုတာ စစ်​​ဆေးတဲ့ ဆော့ဝဲလ်​ရှိ​ပါတယ်​။ ခြံဝန်​း​တွေထဲမှာ လိုင်​စင်​မဲ့ကား​တွေကို တိတိကျကျ သတင်​း​ပေးရင်​​တော့ ဝင်​​ရောက်​ဖမ်​းဆီးသွားမှာပါ။ လိုင်​စင်​မဲ့ကားရှိတယ်​ဆိုတဲ့ သတင်​းကမှား​နေရင်​​တော့ ဝင်ပြီးရှာရတာ ​မလွယ်​ဘူး” အခုအချိန်ဟာတော့ လိုင်စင်မဲ့ယာဉ်ပိုင်ရှင်တွေ သတိအထားသင့်ဆုံးအချိန်လို့ပဲဆိုချင်ပါတယ်။ အကြောင်းအမျိုးအမျိုးကြောင့် ကားလိုင်စင် မလုပ်ရစေးဘူးဆိုရင်လည်း အမြန်ဆုံးသွားရောက်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Auto News

သက်တမ်း၂၀ နှစ်ပြည့်ကားများကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်မအပ်နှံပါကအခွန်နှုန်းထားကောက်ခံခြင်းခံရမည်

ရန်ကုန်က သက်တမ်း ၂၀ ပြည့်ပြီးသားကားတွေဖြစ်တဲ့ ၁၉၉၈ မော်ဒယ်အောက်ကားတွေကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် သွားရောက်မအပ်နှံရင် အခွန်နှုန်းထားပေးဆောင်ရမှာပဲဖြစ်ပါတယ်။ ၁၉၉၈ မော်ဒယ်ကားတွေရဲ့အခွန်ကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်နေသူ တာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်းပြောကြားထားပါတယ်။ ” ရန်​ကုန်​လိုင်​စင်​​ကို ခွဲတန်​းလက်မှတ်​​စနစ်​နဲ့​ ရောင်​းတဲ့အခါမှာ ရန်​ကုန်​မှာရှိ​နေတဲ့ နယ်​လိုင်​စင် ကား​တွေ​ရော၊ သက်​တမ်​း နှစ်​ ၂၀ ပြည်​့ပြီးကား​တွေကိုရော အခွန်​​ကောက်​တာ​တွေလုပ်​သွားမှာပါ။ ဒါကလည်​း အ​စတည်​းက ရာထားပြီး သားဖြစ်​ပါတယ်​။ အစိုးရအဖွဲ့ကို အဆင့်ဆင့် ​​တင်​ပြပြီးမှ လုပ်​ရမှာပါ။ ” Source :carsdb ၁၉၉၈ မော်ဒယ်ကားတွေမောင်းနှင်သူတွေကတော့ တော်တော်ရှားလှပါတယ်။ ကားဟောင်း အခွန်စနစ်ကလည်း မစတင်သေးတာကြောင့် သက်တမ်း ၂၀ အောက်ကားမော်ဒယ် ပိုင်ရှင်တွေအနေနဲ့ မိမိရဲ့ကားကို ယာဉ်အိုယာဉ်ဟောင်းအဖြစ်အပ်နှံဖို့အချိန်ကောင်းပါပဲ။ (အခွန်မဆောင်ချင်ရင်ပေါ့) ရန်​ကုန်​လိုင်​စင်​အတွက်​ Yangon Vehicle Quota […]

Auto News

နယ်လိုင်စင်ရပြီးကားများ ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူဖို့ခဲယဉ်းသွားမည်

ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူချင်နေတဲ့ နယ်လိုင်စင်ရကားအရေအတွက်တွေကများလွန်းတာ၊ ရန်ကုန်ကို တခြားပြည်နယ်နဲ့တိုင်းဒေသကြီးကကားတွေအများအပြားဝင်ရောက်လာမှာ နဲ့ YVQC ခွဲတမ်းလက်မှတ်တွေကို အသစ်ရောက်ရှိလာတဲ့ကားအရေအတွက်ကိုသာ ဉီးစားပေးမှု အစရှိတဲ့အကြောင်းတရားတွေကြောင့် နယ်လိုင်စင်ရပြီးကားများအနေနဲ့ ရန်ကုန်လိုင်စင် YVQC လက်မှတ်ပြန်လည်ဝယ်ယူဖို့ ထင်ထားတာထက်ပိုမိုခဲယဉ်းတော့မှာဖြစ်ပါတယ်။ ရန်​ကုန်​လိုင်​စင် YVQC စနစ်​ လုပ်​​ဆောင်​​နေသူ တာဝန်​ရှိသူတစ်​ဦးကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။ “နယ်​လိုင်​စင်​ရပြီးသားကား​တွေ လတ်​မှတ်​ဝယ်​ပြီး ရန်​ကုန်​လိုင်​စင် ပြန်​လိုချင်​တယ်​ဆိုရင်​ ​နောက်​ပိုင်​းမှာ တစ်​ဖြည်​းဖြည်​း စဉ်းစား​ပေးမှာပါ။ ​ ပြည်​နယ်​တိုင်​းတွေက ကား​တွေများတဲ့အတွက်​ ​နောက်​ပိုင်​းကျမှ​ရောင်​းချ​ပေးမယ်​့ ရန်​ကုန်​လိုင်​စင် YVQC စနစ်​ ခွဲတန်​းထဲက အ​ရေအတွက်​နဲ့ပဲ ခွင်​့ပြု​မှာပါ။” Source :www.carsdb.com YVQC စနစ်​ ခွဲတန်​းလက်မှတ်​ရဲ့ သက်​တမ်​းကို နှစ်​ ၂၀ အထိ သတ်​မှတ်​ထားပြီး စျေးနှုန်းကတော့ ကားရဲ့ အင်ဂျင်ပါဝါအလိုက်ကွာဟသွားမှာဖြစ်ပါတယ်။ အင်ဂျင်ပါဝါနဲ့ စျေးနှုန်းပြည့်ပြည့်စုံစုံကိုတော့ မနေ့ကတင်ထားတဲ့ […]

Auto News

စတေကာအမည်းတပ်ဆင်ထားသော အငှားယာဉ်များအရေးယူမှုမှာတစ်ပတ်အတွင်းအစီး ၅၀ ကျော်အထိတွေ့ရှိ

ရန်ကုန်မြို့အတွင်းမှာပြေးဆွဲနေတဲ့ အငှားယာဉ်တွေထဲက စကေတာအမည်းရောင်တပ်ဆင်ထားတဲ့ ယာဉ်တွေကိုအရေးယူမှုပြုလုပ်ရာတစ်ပတ်အတွင်းမှာပဲ ကားအစီးရေ ၅၀ ကျော်အထိတွေ့ရှိခဲ့တာဖြစ်ပါတယ်။ တွေ့ရှိထားတဲ့ ကားအစီး ၅၀ ကျော်ကိုတော့ ဥပဒေအရအရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ပြောကြားခဲ့တာပါ။ စတေကာအမည်းတပ်ဆင်မှုနဲ့ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင်မှာပြုလုပ်ခဲ့တာဖြစ်ပြီး အရေးယူမှုကိုတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကမှ စတင်ခဲ့တာဖြစ်ပါတယ်။ စတေကာအမည်းတပ်ဆင်ထားတဲ့ အငှားယာဉ်တွေအနေနဲ့ မော်တော်ယာဉ်ပုဒ်မ ၆၅ နဲ့ အရေးယူခံရမှာဖြစ်ပြီး ဒဏ်ငွေအများဆုံး ၃ သောင်းအထိ ချမှတ်ခံရမှာဖြစ်ပါတယ်။ “စတေကာကပ်ထားတဲ့ တက္ကစီတွေကိုအရေးယူဖမ်းဆီးတာတွေလုပ်ပါတယ်။ ရန်ကုန်တိုင်းခရိုင်တွေမှာအရေးယူစစ်ဆေးတယ်။ အဓိက ကစတေကာကပ်ထားတာကိုဖမ်းဆီးမှာပါ” လို့ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူတစ်ဉီးကပြောကြားခဲ့ပါတယ်။ စတေကာအမည်းတပ်ဆင်မှုတစ်ခုတည်း တင်မဟုတ်ပဲ ကြေညာကပ်တာ၊ လိုက်ကာတပ်ဆင်ထားတာ၊ လေစုပ်ခွက်ကပ်တာ အစရှိတာတွေ ပြုလုပ်ပြီး ဉပဒေနဲ့မလွတ်ကင်းတဲ့အရာတွေပြုလုပ်နေတာကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီးလုပ်ငန်းလိုင်စင် ဖျက်သိမ်းတဲ့အထိအရေးယူသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကို လည်းရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကလည်း သတိပေးနှိုးဆော်ခဲ့တာဖြစ်ပါတယ်။ အခုလိုစည်းကမ်းတင်းကြပ်မှုတွေကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံက […]

Features