December 10, 2018

We ❤️ New Cars!

New Car News in Burmese

ယာဉ်မရပ်နားဖို့သတ်မှတ်ထားတဲ့လမ်းမတွေမှာ အချိန်ကြာကြာရပ်နားထားပါက ထောင်ဒဏ်ချမှတ်ခံရသည်အထိ အရေးယူခံရမည်

ယာဉ်ရပ်နားခွင့်မရှိဟု သတ်မှတ်ထားတဲ့ လမ်းမတွေမှာ စည်းကမ်းမဲ့အချိန်ကြာကြာယာဉ်ရပ်နားထားပါက ထောင်ဒဏ်အထိချမှတ် အရေးယူအပြစ်သွားမှာဖြစ်ကြောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ယာဉ်မရပ်နားဖို့ သတ်မှတ်ထားတဲ့နေရာဒေသတွေမှာ အကြောင်းမဲ့ အချိန်အကြာကြီးရပ်နားထားရင်တော့ ငွေဒဏ် ၁ သိန်းကနေ ၅ သိန်းအထိပေးဆောင်သွားနိုင်ခြေရှိပြီး ဒုတိယအကြိမ်ဆိုရင်တော့ ထပ်ပြီးကျုးလွန်တယ်ဆိုရင် ထောင်ဒဏ် ၃ လ အထိချမှတ်အရေးယူခံရနိုင်ခြေရှိတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိတစ်ဉီးက “အများပြည်သူလမ်းပေါ်တွေနဲ့ ယာဉ်မရပ်ရသတ်မှတ်ထားတဲ့နေရာတွေရှိပါတယ်။ အဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာရပ်နားထားလို့မရဘူးဆိုတာလည်း ဉပဒေထဲမှာပါတယ်။ ပထမတစ်ကြိမ်ကို ငွေဒဏ်နဲ့ နောက်တစ်ကြိမ်ဆိုရင် ထောင်ဒဏ်အထိချမှတ်နိုင်တယ် လို့ဖော်ပြထားပါတယ်။” လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဗဟိုလမ်း၊ မင်းဓမ္မလမ်း၊ အင်းယားလမ်း၊ ကျွန်းတောလမ်း၊ ဦးဝိစာရလမ်း၊ ရွှေဘုံသာလမ်း၊ ပန်းဆိုးတန်းလမ်း၊ သိမ်ဖြူလမ်း၊ သုဓမာလမ်း၊ ဝေဇယန္တာလမ်း၊ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ […]

Auto News

JOB ANNOUNCEMENT!

Categories