May 23, 2018

We ❤️ New Cars!

New Car News in Burmese

၂၀၁၈ မတ်လရဲ့ရောင်းအားအခြေအနေကိုဖော်ပြလိုက်တဲ့ MITSUBISHI

MITSUBISHI ဟာ ၂၀၁၈ မတ်လ တစ်လလုံးမှာရောင်းချနိုင်ခဲ့တဲ့ ရောင်းအားအခြေအနေကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ မတ်လ တစ်လလုံးမှာ ၁၄,၃၁၉ စီးအထိရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၇ မတ်လတုန်းကထက် ၂၂ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၅ ခုနှစ်ကစပြီး MITSUBISHI ရဲ့ မတ်လ ရောင်းအား သမိုင်း တလျှောက်မှာလည်း အခု ၂၀၁၈ မတ်လ ဟာရောင်းအားအကောင်းဆုံး ဖြစ်နေတယ်လို့လဲဆိုထားပါတယ်။ လက်ရှိ MITSUBISHI မှာ On fire အဖြစ်ဆုံးကောင်ကတော့ Outlander Sport ပဲဖြစ်ပါတယ်။ Outlander Sport ဟာဆိုရင် အခု ၂၀၁၈ မှာသာမက ၂၀၁၇ တုန်းကလည်း ရောင်းအားအကောင်းဆုံးယာဉ်အဖြစ်ရပ်တည်ခဲ့တာပါ။ ဒါ့အပြင် Outlander Sport ၂၀၁၈ ရဲ့ရောင်းအားဟာ ၂၀၁၇ […]

Auto News

၂၀၁၈ မတ်လရဲ့ ရောင်းအားအခြေအနေကိုဖော်ပြလိုက်တဲ့ Nissan နဲ့ INFINITI!

Nissan နဲ့ INFINITI တို့ဟာ ၂၀၁၈ မတ်လအတွက် သူတို့ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာ ရောင်းအားရလဒ်အခြေအနေကိုဖော်ပြလိုက်ပြီဖြစ်ပါတယ်။ Nissan ဟာ ၂၀၁၈ မတ်လမှာ ၁၄၅,၁၀၃ စီးအထိရောင်းချနိုင်ခဲ့ပြီး INFINITI ကတော့ ၁၇,၄၃၂ စီးရောင်းချနိုင်ခဲ့ပါတယ်။ Nissan, INFINITI အဖွဲ့အစည်းနှစ်ခုပေါင်းရလဒ်ဟာ ၁၆၂,၅၃၅ စီးအထိရောင်းချနိုင်ခဲ့ပေမယ့် အရင် ၂၀၁၇ ခုနှစ်ကရောင်းအားနဲ့ယှဉ်ကြည့်ရင်တော့ ၄ ရာခိုင်နှုန်းနီးပါးကျဆင်းသွားပါတယ်။ Nissan ဘက်မှာ ရောင်းအားရလဒ်အခြေအနေကောင်းနေတဲ့ ကားတွေကတော့ Rouge, Armada, Frontier, Sentra တို့ပဲဖြစ်ပါတယ်။ – Nissan Rouge ဟာဆိုရင် ၂၀၁၈ မတ်လမှာပဲ ၄၂,၁၅၁ စီးအထိရောင်းချနိုင်ခဲ့ပြီးအရင် ၂၀၁၇ ကထက် ၇ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာတာဖြစ်ပါတယ်။ – Nissan Armada ကတော့ မတ်လအတွင်းမှာပဲ […]

Auto News

၃၀ ရာခိုင်နှုန်းကျော်အထိမြင့်တက်လာတဲ့ MITSUBISHI ရဲ့ ဇန်နဝါရီလရောင်းအားရလဒ်

Mitsubishi Motors North America ဟာ ၂၀၁၈ ဇန်နဝါရီလအတွင်းမှာပဲ ယာဉ်ပေါင်း ၈ ထောင့်၄ရာကျော်အထိရောင်းချနိုင်ခဲ့တာဖြစ်ပြီး ရောင်းအားရလဒ်ဟာ ၂၀၁၇ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်းကျော်အထိမြင့်တက်လာတာပဲဖြစ်ပါတယ်။ ရောင်းအားမြင့်တက်လာမှုမှာ  MITSUBISHI ရဲ့ CUVs (crossover utility vehicle) family နဲ့စတင်တာကိုတွေ့ရမှာပါ။ CUVs family တွေက Mitsubishi ရဲ့ရောင်းအားရလဒ်ကောင်းမွန်အောင်စွမ်းဆောင်နေတယ်ဆိုတာ အပေါ်မှာဖော်ပြထားတဲ့ ဇယားကွက်ကသက်သေပါပဲ။ CUVs မိသားစုဝင်တွေဖြစ်တဲ့ Outlander Sport ဟာဆိုရင် ယာဉ်ပေါင်း ၃၃၇၉၊ Outlander ဆိုရင် ၃၀၂၀၊ Outlander PHEV ဆိုရင် ၃၀၀ စတဲ့အရေအတွက်တွေအထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ Outlander PHEV ဆိုရင် “၀” ကနေ “၃၀၀” အထိကိုတက်သွားတာပါ။ ဒီရလဒ်ကိုကြည့်ပြီးတော့ Mitsubishi […]

Auto News

အမေရိကန် Honda ရဲ့ဇန်နဝါရီလမှာရောင်းချနိုင်မှုရလဒ်

အမေရိကန် Honda အနေနဲ့ ဇန်နဝါရီလအတွင်းရောင်းချနိုင်ခဲ့တဲ့ရလဒ်အခြေအနေကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကပဲကြေညာခဲ့တာဖြစ်ပါတယ်။ Honda နဲ့ Acura ၂ ခုလုံးရဲ့ ဇန်နဝါရီလအတွင်းရောင်းချနိုင်ခဲ့တဲ့ ရလဒ်ကိုကြေညာခဲ့တာပါ။ ၂၀၁၈ ဇန်နဝါရီလအတွင်းမှာပဲ Honda နဲ့ Acura တို့ဟာ ယာဉ်ပေါင်း ၁ သိန်း ၄ ထောင် ကျော်အထိရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလတုန်းက ၁ သိန်း ၆ ထောင်ကျော်ရောင်းချနိုင်ခဲ့တာကြောင့် ရာခိုင်နှုန်းနဲ့ကြည့်ရင်ဒီနှစ်ဟာ ၁.၇ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကိုတွေ့ရမှာပါ။   Honda ယာဉ်ကြီးပဲ ၉ သောင်းကျော်ရောင်းချနိုင်ခဲ့ပြီး Acura ယာဉ်တွေကိုတော့ ၈ ထောင်ကျော်သာရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။  ဒီနှစ် ဇန်နဝါရီလအတွက် Honda ရော Acura ရောတစ်ခုချင်းစီရဲ့ရောင်းအားဟာ အရင်နှစ် ဇန်နဝါရီလ ထက်အနည်းငယ်လျော့နည်းနေပါတယ်။ အရင်နှစ်ကထက်ရောင်းအားရာခိုင်နှုန်းနည်းနေတဲ့ယာဉ်တွေကတော့ […]

Auto News

၂၀၁၈ ဇန်နဝါရီလအတွင်း Nissan အဖွဲ့အစည်းရဲ့ရောင်းချနိုင်မှုရလဒ်

Nissan Group အနေနဲ့ ၂၀၁၈ ဇန်နဝါရီလအတွင်း U.S မှာရောင်းချနိုင်ခဲ့တဲ့ရလဒ်ကိုတော့ မနေ့ကပဲတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ Nissan နဲ့သူရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ INFINITI တို့ဟာ ယာဉ်ပေါင်း ၁၂၃,၅၃၈ အထိရောင်းချနိုင်ခဲ့တာပါ။ Nissan တစ်ခုတည်းကပဲ ၁၁၂,၉၀၃ အထိရောင်းချနိုင်အောင်စွမ်းအောင်ခဲ့တာဖြစ်ပြီး INFINITI အနေနဲ့ကတော့ ၁ သောင်းကျော်အရေအတွက်သာ စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။     ၂၀၁၇ တုန်းက ကုမ္ပဏီနှစ်ခုပေါင်းရောင်းချနိုင်မှုရလဒ်ဟာ ၁၀၀,၇၆၁ သာရှိခဲ့တာပါ။ ၂၀၁၇ နဲ့ ၂၀၁၈ တို့ရဲ့ရလဒ်ကို ရာခိုင်နှုန်းနဲ့တိုင်းတာကြည့်ရင် ၂၀၁၈ မှာ ၁၀ ရာခိုင်နှုန်းအထိမြင့်တက်လာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထက်ရာခိုင်နှုန်းများဖို့အလားလာရှိပေမယ့် INFINITI ရဲ့ကျဆင်းသွားတဲ့ရလဒ်ကြောင့် အခုလိုရာခိုင်နှုန်းနဲ့ကျေနပ်လိုက်ရတာပါ။ Nissan Rouge, Frontier, Titan, Murano, Armada အစရှိတာတွေကတော့ Nissan ရဲ့ […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories