September 25, 2018

We ❤️ New Cars!

New Car News in Burmese

Hyundai Motor America ရဲ့ စီနီယာမန်နေဂျာဟောင်းဖြစ်သူကို West Regional Director အဖြစ်ခန့်အပ်လိုက်တဲ့ Mitsubishi 

Mitsubishi Motor ရဲ့ U.S နဲ့သက်ဆိုင်တဲ့ Research, Development, Marketing နဲ့ Sales အပိုင်းကိုတာဝန်ယူထားတဲ့ Mitsubishi Motors North America (MMNA) ကတော့ Hyundai Motor America ရဲ့စီနီယာမန်နေဂျာဟောင်းဖြစ်သူ Kiran Udeshi ဆိုသူကို West Regional Director အဖြစ်ပြီးခဲ့တဲ့ရက်ကခန့်အပ်လိုက်ပြီဖြစ်ကြောင်းကို တရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ Kiran Udeshi ဟာဆိုရင် Hyundai Motor America နဲ့ Nissan North America တို့မှာတာဝန်ထမ်းဆောင်ဖူးသူတစ်ဉီးဖြစ်ပြီး Automotive Industry နဲ့သက်ဆိုင်တဲ့ အတွေ့အကြုံ အနှစ် ၂၀ ကျော်ရှိနေသူဖြစ်တယ်လို့သိရပါတယ်။ Hyudai Motor America ရဲ့ Regional Sales Operations ပိုင်းမှာ စီနီယာမန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ […]

Auto News

Mitsubishi ရဲ့ ၂၀၁၈ သြဂုတ်လရောင်းအားရလဒ်ဟာ ၁၀ နှစ်တာအတွင်းအကောင်းဆုံးရလဒ်ဖြစ်တယ်လို့ဆို 

Mitsubishi ရဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လရဲ့ရောင်းအားအခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကထက် ၃ ရာခိုင်နှုန်းအထိမြှင့်တက်လာသလို ၂၀၀၈ ခုနှစ်ကစပြီး ၁၀ နှစ်တာ သြဂုတ်လတွေရဲ့ ရောင်းအားထဲမှာ အကောင်းဆုံးရလဒ်တစ်ခုဖြစ်တယ်လို့ Mitsubishi Motors North America (MMNA) ကတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ နှစ်နဲ့တွက်မယ်ဆိုရင်လည်း အခု ၂၀၁၈ နှစ်အစကနေ သြဂုတ်လအထိရောင်းချနိုင်ခဲ့တဲ့ MMNA ရဲ့ရလဒ်ဟာ 85,693 အထိရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကထက် ၂၁ ရာခိုင်နှုန်းအထိမြှင့်တက်လာတာလည်းဖြစ်ပါတယ်။ ၂၀၁၈ သြဂုတ်မှာဆိုရင် Mitsubishi Outlander Sport ဟာ အစီးရေ 2,980 ရောင်းချနိုင်ပြီး အရင် ၂၀၁၇ ကထက် ၃ ရာခိုင်နှုန်းမြင့်တက်လာသလို Mirage, Mirage G4 တို့ကလည်း အစီးရေ […]

Auto News

မြန်မာနိုင်ငံမှာ Pre-order မှာယူလို့ရနေပြီဖြစ်တဲ့ 2018 Mitsubishi Attrage GLS grade

Compact Sedan အမျိုးအစားဖြစ်တဲ့ 2018 Mitsubishi Attrage GLS Grade ကိုတော့ လာမယ့် သြဂုဏ်လ ၃၁ ရက်နေ့ မတိုင်ခင်အထိ Mitsubishi Myanmar Motors Showroom တွေကနေတဆင့် အော်ဒါမှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Attrage 2018 ဟာဆိုရင်တော့ 1.2 L MIVEC အင်ဂျင်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ CVT ဂီယာအမျိုးအစားနဲ့ ဖန်တီးထားတာကြောင့် ဂီယာအပြောင်းအလဲမှာ ချောမွတ်နေမှာဖြစ်တယ်လို့ သိရပါတယ်။ 1.2 L မှာ Eco mode လည်းပါဝင်တာကြောင့် ဆီစားနှုန်းကတော့ သက်သာတဲ့အနေအထားတစ်ခုပါ။ အနက်ရောင်ရှိနေတဲ့ Front Chrome Grille, ရှေ့ Fog Lamp နဲ့ ၁၅ လက်မအရွယ်အစားရှိတဲ့ Alloy Wheel တွေဟာ ကားရဲ့ […]

New Models

Freestyle Rapping နဲ့ 2018 Mitsubishi Eclipse Cross ကိုမိတ်ဆက်ပေးခဲ့တဲ့ Harry Mack

Freestyle Rapper တစ်ဉီးဖြစ်သူ Harry Mack ကတော့ Mitsubishi ရဲ့ Campaign ဖြစ်တဲ့ “Harry Mack Freestyle Test Drive”  မှာ ပါဝင်ပြီး Rapping တွေနဲ့အတူ 2018 Eclipse Cross ကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ လာရောက်စမ်းသပ်မောင်းနှင်သူတွေကို Freestyle Rapping နဲ့ကားအကြောင်း မိတ်ဆက်တဲ့ပုံစံမျိုး ဖန်တီးထားတာကြောင့် စိတ်ဝင်စားစရာကောင်းလှတဲ့ Campaign တစ်ခုလို့ဆိုရမှာပါ။ Mack ကို Rapping တွေကိုတော့ အောက်ကဗီဒီယိုမှာခံစားနိုင်မှာဖြစ်ပါတယ်။ ကားရဲ့ Display ပိုင်း၊ ကာလာအနေအထား၊ ထိုင်ခုံမှာ Heat တပ်ပေးထားမှု၊ ၁၈ လက်မ Alloy Wheels ပါဝင်မှု၊ စပီကာ ၈ လုံး၊ USB charging, LED […]

Auto News

၂၀၁၈ မတ်လရဲ့ရောင်းအားအခြေအနေကိုဖော်ပြလိုက်တဲ့ MITSUBISHI

MITSUBISHI ဟာ ၂၀၁၈ မတ်လ တစ်လလုံးမှာရောင်းချနိုင်ခဲ့တဲ့ ရောင်းအားအခြေအနေကို လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ မတ်လ တစ်လလုံးမှာ ၁၄,၃၁၉ စီးအထိရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၇ မတ်လတုန်းကထက် ၂၂ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၅ ခုနှစ်ကစပြီး MITSUBISHI ရဲ့ မတ်လ ရောင်းအား သမိုင်း တလျှောက်မှာလည်း အခု ၂၀၁၈ မတ်လ ဟာရောင်းအားအကောင်းဆုံး ဖြစ်နေတယ်လို့လဲဆိုထားပါတယ်။ လက်ရှိ MITSUBISHI မှာ On fire အဖြစ်ဆုံးကောင်ကတော့ Outlander Sport ပဲဖြစ်ပါတယ်။ Outlander Sport ဟာဆိုရင် အခု ၂၀၁၈ မှာသာမက ၂၀၁၇ တုန်းကလည်း ရောင်းအားအကောင်းဆုံးယာဉ်အဖြစ်ရပ်တည်ခဲ့တာပါ။ ဒါ့အပြင် Outlander Sport ၂၀၁၈ ရဲ့ရောင်းအားဟာ ၂၀၁၇ […]

Auto News

MMNA အတွက် President, CEO အသစ်ကိုတရားဝင်ကြေညာလိုက်ပြီဖြစ်တဲ့ Mitsubishi Motors Corp

Mitsubishi Motors Corp (MMC) ဟာ Mitsubishi Motors North America (MMNA) အတွက် President နဲ့ CEO အသစ်ကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကပဲ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ MMNA ရဲ့ လက်ရှိ CEO ဖြစ်တဲ့ Ryujiro Kobashi နေရာမှာ Fred Diaz ကို CEO အသစ်အဖြစ် ၂၀၁၈ ဧပြီ ၁ ရက်နေ့ကစတင်ပြီးအစားထိုးတော့မှာပဲဖြစ်ပါတယ်။ Fred Diaz ဟာ U.S မှာ မာကတ်တင်းအပိုင်း၊ ဝယ်သူတွေနဲ့ဆက်ဆံပြောဆိုတဲ့အပိုင်းကို၂၉ နှစ်တာလုပ်ကိုင်ဖူးသူတစ်ဉီးပါ။ ပေါ့သေးသေးတော့မဟုတ်ဘူးဗျ။ ဒီလွှဲပြောင်းမှုမှာ Mitsubishi Motors ရဲ့ Chief Operating Officer (COO) ဖြစ်သူ Trevor […]

Auto News

အထူးပရိုမိုးရှင်းအစီအစဉ်တွေနဲ့အတူစောင့်ကြိုနေတဲ့ CarDB Auto Show Mandalay 2018!

မန္တလာသီရိအားကစားကွင်း မှာ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းသွားမယ့်CarDB Auto Show Mandalay 2018 ဟာဆိုရင်တော့ ထူးခြားလှတဲ့ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ စောင့်ကြိုနေပြီပဲဖြစ်ပါတယ်။ Auto Show ကျင်းပမယ့် ၃ ရက်ကနေ ၅ ရက်နေ့ ၂ ရက်တာကာလ ဆက်တိုက်ကို ကံစမ်းမဲဖောက်ပေးသွားမယ့် ပရိုမိုးရှင်းအစီအစဉ်ပဲဖြစ်ပါတယ်။ ကံစမ်းမဲအတွက်ပါဝင်မယ့်ပစ္စည်းတွေကတော့ ဆိုင်ကယ် အသစ်စက်စက်, FNI အာမခံလုပ်ငန်းမှ ၁၀ သိန်းတန် အသက်အာမခံ Gift Voucher, Mi 5X လက်ကိုင်ဖုန်း, ၄ သိန်းတန် စိန်နဲ့မြ မွှေ့ယာအကောင်းစားကြီး၊ Kenso Air Con, Kenso Stabilizer, Polar Star GPS, Shell Advance Motor Cycle Engine […]

Auto News

စတင်ကျင်းပနေပြီဖြစ်တဲ့ Mitsubishi ရဲ့ 500 USD Cash Back ကားအရောင်းပွဲတော်

Mitsubishi အနေနဲ့ “500 USD Cash Back” ကားအရောင်းပွဲတော်ကြီးကို ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး Saint John City Mall မှာစတင်ကျင်းပနေပြီဖြစ်ပါတယ်။ ပွဲတော်ကျင်းပမယ့်ကာလကတော့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ်လ ၁၁ ရက်နေ့အထိပဲဖြစ်ပါတယ်။ “500 USD Cash Back” ဆိုတဲ့အတိုင်း ပြပွဲအတွင်း ဘယ်ကားသွားဝယ်ဝယ် USD 500 ပြန်လည်ရရှိမှာပါ။ တစ်ဖက်လှည့်ကြည့်ရင် ၅ သိန်းကျော်သက်သာနိုင်တဲ့အခွင့်အရေးလို့ဆိုရမှာပါ။ လက်ရှိ “Mitsubishi 500 USD Cash Back” ကားအရောင်းပွဲတော်မှာပြသနေတဲ့ ကားတွေကတော့ Mitsubishi ASX, MIRAGE နဲ့ PAJERO SPORT တို့ပဲဖြစ်ပါတယ်။ Mitsubishi Motors Myanmar facebook […]

Auto News

U.S ကိုရောက်ရှိနေပြီဖြစ်တဲ့ Mitsubishi ရဲ့ 2018 Eclipse Cross မော်ဒယ်သစ်!

U.S မှာရှိတဲ့ Mitsubishi Motors North America ဟာတော့ 2018 Eclipse Cross CUVs မော်ဒယ်အသစ်တွေကို ပထမဉီးဆုံးလက်ခံရရှိခဲ့တဲ့ ကိုယ်စားလှယ်ပဲဖြစ်ပါတယ်။ 2018 Eclipse Cross CUVs မော်ဒယ်အသစ်ကို မြောက်အမေရိကန်မှာရှိနေတဲ့ Mitsubishi ရဲ့အရောင်းကိုယ်စားလှယ်အားလုံး လက်ခံရရှိသွားမှာဖြစ်ပြီး မတ်လ အစောပိုင်းလောက်မှာစတင်ရောင်းချသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Mitsubishi အနေနဲ့ စျေးနှုန်းကို USD 23,295 လောက်အထိ ခန့်မှန်းသတ်မှတ်ထားပါတယ်။ ခန့်မှန်းပြီးသတ်မှတ်ထားတာဖြစ်တာကြောင့် စျေးနှုန်းအပြောင်းအလဲကတော့ရှိမှာပါ။ 2018 Eclipse Cross CUVs မော်ဒယ်အသစ်ရဲ့ ထင်ရှားလှတဲ့ feature တွေကတော့ ခေါင်မိုးဖွင့်စနစ်၊ 1.5 လီတာ direct-injection turbo-engine၊ ၇ လက်မ စမတ်ဖုန်း အရွယ်ရှိတဲ့ touch audio ပါဝင်မှု နဲ့ […]

Auto News , New Models

CarDB Auto Show 2018 မှာပြသသွားမယ့်ကားတွေကိုသိပြီးကြပြီလား ?

မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် CarDB Auto Show 2018 မှာတော့ Ford, Jaguar/Land Rover, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot အစရှိတဲ့ ကားကုမ္ပဏီတွေက မိမိရဲ့ ကားမော်ဒယ်အသစ်ကလေးတွေကိုချပြမိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ Auto Show မှာပြသမယ့် ကုမ္ပဏီတစ်ခုချင်းစီရဲ့ ကားမော်ဒယ်တွေကတော့ -Ford မှာဆိုရင် Everest နဲ့ Ranger Double Cab XLT -Nissan မှာဆိုရင် Sunny, Urvan, Navara -Chevrolet မှာဆိုရင် Trailblazer, Suburban, Malibu, Cruze -Toyota မှာဆိုရင် Vios, Corolla, Camry, Hilux […]

Auto News

JOB ANNOUNCEMENT!

Categories