November 18, 2018

We ❤️ New Cars!

New Car News in Burmese

CarsDB Autoshow 2018 အတူ Driving Skill For Life ဆိုတဲ့ event ကိုကျင်းပသွားမယ့် Ford 

Ford ဟာတော့နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိနေတဲ့ Driving Skill For Life (DSFL) ဆိုတဲ့ event ကိုမနက်ဖြန် နိုဝင်ဘာလ ၁၇ ရက်နေ့၊ နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် Thuwunnabumi Event Park မှာ CarsDB Autoshow 2018 နဲ့အတူကျင်းပသွားမှာပဲဖြစ်ပါတယ်။ ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့အချိန်တုန်းက DSFL event တွေအတိုင်းပါပဲ။ International Automobile Trainer တွေရဲ့ Training တွေကိုတက်ရောက်ပြီး Automobile နဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေတိုးမြှင့်လာအောင် နဲ့ Certificate တွေတစ်ခါတည်းရယူစေချင်တဲ့ ရည်ရွယ်ချက်နဲ့ကျင်းပမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Event မှာ Ford ရဲ့ Brand New ကားအသစ်ကြီးတွေကို စမ်းသပ်မောင်းနှင်နိုင်မယ့် […]

Auto News

မကြာခင်ကျင်းပသွားမယ့် CarsDB Auto Show 2018 အကြောင်းသိပြီးကြပြီလား? 

ရန်ကုန်မြို့ရဲ့အကြီးကျယ်ဆုံး ကားပြပွဲကြီးတစ်ခုလို့ခေါ်ဆိုနိုင်တဲ့ CarsDB Auto Show Yangon 2018 ဟာတော့ လာမယ့် နိုဝင်ဘာလ ၁၇ ရက် (စနေနေ့) ကနေ ၁၉ ရက် (တနင်္ဂနွေနေ့) အထိ သံသုမာလမ်း၊ Thuwunnabhumi Event Park မှာ နံနက် ၁၀ နာရီကနေ ည ၉ နာရီအထိကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။ Autoshow မှာဆိုရင် GAC, Toyota, Nissan, Mercedes-Benz, Volvo, Mazda တို့အပြင် တခြား Automaker များစွာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ပွဲကာလ အတွင်း ကားအမျိုးအစားစုံစုံလင်လင်နဲ့ Brand new ကားအသစ်ကြီးတွေကိုမြင်တွေ့ရမှာဖြစ်သလို Test Drive အစီအစဉ်တွေကိုပါဝင်ဆင်နွှဲနိုင်ပြီး Automaker တွေရဲ့အထူးပရိုမိုးရှင်းအစီအစဉ်တွေကို ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ ကားနဲ့ပတ်သက်တဲ့ အာမခံတွေကိုလည်း တစ်နေရာတည်းမှာ […]

Auto News

အခက်တွေ့နေတဲ့ Online booking ယာဉ်စစ်ဆေးမှုစနစ်

ယာဉ်မှတ်ပုံတင်မှန်ကန်မှု ရှိ/ မရှိစစ်ဆေးပေးခြင်းလုပ်ငန်းကို အလှည့်ကျတန်းစီ စစ်ဆေးပေးတဲ့ စနစ်ကနေ ကြိုတင်ရက်ချိန်းယူစစ်ဆေးပေးတဲ့ Online booking စနစ်ကို သြဂုတ်လကစတင်ကျင့်သုံးလာခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် ယာဉ်မှတ်ပုံတင် Online booking စနစ်နဲ့စစ်ဆေးပေးရာမှာ အခက်တွေ့နေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနက ပြောကြားထားကြောင်းသိရပါတယ်။ အကြောင်းအရင်းကတော့ ကားကိုယ်ထည်ပြောင်းလဲမှုတွေကိုအရေးယူမယ်ဆိုတာကြောင့် ကားအရောင်းအဝယ်မှာ ယာဉ်မှန်/ မမှန်စစ်ဆေးပြီးမှဝယ်ယူသူအများအပြားရှိနေတဲ့အတွက် Online booking မှာကြိုတင်တိုကင်ယူထားတဲ့ ယာဉ်တွေ အခုအချိန်အထိ ပြည့်နေတာကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် Online booking မှာကြိုတင်တိုကင်ယူမှုအခက်တွေ့နေတဲ့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ လူကိုယ်တိုင်သွားရောက်တင်ပြဖို့ တိုက်တွန်းထားကြောင်းသိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာန တာဝန်ရှိသူတစ်ဉီးက “ယာဉ်မှန်/ မမှန် စစ်ဆေးဖို့ online ရက်ချိန်းယူတာ တစ်ကယ်အခက်အခဲဖြစ်တယ်ဆိုရင် လာပြီးတင်ပြပါ။ လုပ်ငန်းဆောင်ရွက်ဖို့ကူညီပေးပါ့မယ်။ အခကြေးငွေလည်း ပေးစရာမလိုပါဘူး။ ပိုင်ရှင်ကိုယ်တိုင်လာပြီး တင်ပြရင် တစ်ကယ့်အခက်အခဲဖြစ်တယ်ဆိုရင် ကူညီပေးမှာပါ။” လို့ပြောကြားထားကြောင်းလည်းသိရပါတယ်။

Auto News

Top Quality Sales Event မှာအတိုးနှုန်းသက်သက်သာသာနဲ့ Sportage GT ကိုရောင်းချပေးနေတဲ့ Kia Myanmar

KIA Myanmar ဟာတော့ အခုနိုဝင်ဘာလ အကုန်အထိ Top Quality Sales Event အစီအစဉ်နဲ့ Sportage GT ကိုအတိုးနှုန်းသက်သက်သာသာနဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ KIA Sportage GT ဟာတော့ SUV အမျိုးအစားဖြစ်ပြီး ကိုယ်ထည်ပိုင်းကို Advanced High Strength Steel နဲ့ Hot-stamped steel နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ Panoramic Sunroof ဖြစ်တာကြောင့် ကားတစ်စီးလုံး Sunroof အရသာကိုခံစားနိုင်မာပဲဖြစ်ပါတယ်။ ဒါ့အပြင် Charging ပိုင်းမှာလည်း Wireless Charging System ပြုလုပ်ပေးထားတဲ့အတွက် အားသွင်းကြိုးမလိုတော့ပဲ Station မှာဖုန်းကို တင်ထားရုံနဲ့ သာသာယာယာအားသွင်းနိုင်မှာဖြစ်ပါတယ်။ Safety system အတွက် Air bags တွေထည့်သွင်းပေးထားတာဖြစ်ပြီး ပါဝင်တဲ့ ကားရဲ့ Smart […]

Auto News

“Myanmar Car of The Year Award Ceremony” ကိုကျင်းပခဲ့တဲ့ Drive Magazine Myanmar

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က Pullman Yangon Centre point မှာ Drive Magazine Myanmar ကကြီးမှူးပြီး Myanmar Car of The Year Award Ceremony 2018 (MCOTY 2018) ကို ညနေ ၅ နာရီခွဲကနေ ၈ နာရီခွဲအထိကျင်းပခဲ့တာပဲဖြစ်ပါတယ်။ အခမ်းအနားမှာဆိုရင်တော့ မြန်မာနိုင်ငံကတစ်နှစ်တာအတွင်းမှာ အကောင်းဆုံး ကားတွေကို ရွေးထုတ်ပြီး ဆုပေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့ ကားအစီးရေ ၁၅ စီးရှိနေပြီး Hatchback မှာဆိုရင်  Peugeot 308, Compact Sedan မှာဆိုရင် Mazda 3, Mid Size Sedan မှာဆိုရင် Chevrolet Malibu, Prestige […]

Auto News

ညာမောင်းယာဉ်တင်သွင်းခွင့်မရှိတော့တာကြောင့် လိုင်စင်ပါမစ်လျှောက်ထားမှုသိသိသာသာလျော့ကျသွားဟုဆို

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းမှုမှာ ညာမောင်းယာဉ်တွေ တင်သွင်းခွင့်မရှိတော့ဘူးဆိုတဲ့ ကြေညာချက်ကြောင့် လက်ရှိမှာလိုင်စင်ပါမစ်လျှောက်ထားမှု သိသိသာသာလျော့ကျလာတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ပြည်ပနိုင်ငံက ညာမောင်းယာဉ်တွေ တင်သွင်းခွင့်ရှိတဲ့နှစ်တွေက ကားတင်သွင်းခွင့်လိုင်စင်ပါမစ်လျှောက်ထားမှုမှာ တစ်လကို အစောင်ရေ ထောင်ချီအထိရှိခဲ့ပေမယ့် ၂၀၁၈ မေလ ကစပြီးကားတင်သွင်းလိုင်စင်လျှောက်ထားမှုလျှော့နည်းလာတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေမှာဆို လျှောက်ထားမှုလိုင်စင် ၃၀ ကျော်သာရှိတော့တာဖြစ်တယ်လို့လဲ သိရှိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန တာဝန်ရှိသူတစ်ဉီးက “အရင်နှစ်တွေတုန်းက ညာမောင်းကားသွင်းလို့ရတဲ့အတွက် ကားတင်သွင်းခွင့်လိုင်စင်လျှောက်ထားတာထောင်ဂဏန်းအထိရှိတယ်။ နောက်ပိုင်း ဘယ်မောင်းကားဆိုတော့ သိပ်မရှိတော့ဘူး။ ပြီးခဲ့တဲ့လတွေမှာ တစ်လကို လိုင်စင် အစောင် ၃၀ ကျော် လောက်ပဲရှိတော့တယ်။” လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။ အခုလို ဘယ်မောင်းကားတွေသာ တင်သွင်းရမယ်ဆိုတဲ့ ကားတင်သွင်းခွင့်မော်ဒယ်သတ်မှတ်ချက်ကြောင့် ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ကားတွေ ဝင်ရောက်လာမှာဖြစ်ပြီး ကားတင်သွင်းခွင့်လိုင်စင်လျှောက်ထားမှု ပိုမိုနည်းပါးလာနိုင်တယ်လို့လဲသိရပါတယ်။

Auto News

၂၀၁၉ခုနှစ်အတွင်း တစ်ပတ်ရစ်ကားတင်သွင်းကုမ္ပဏီအများစု ပျောက်ကွယ်သွားတော့မှာလား

မြန်မာပြည်တွင်းဈေးကွက်မှာ ၂၀၁၁ခုနှစ်မှ၂၀၁၈ ခုနှစ်အတွင်း ကားမူဝါဒများ ၁၇ကြိမ်ဝန်းကျင်ခန့် ပြောင်းလဲခဲ့ရာ ၂၀၁၈ခုနှစ်ဇန်နဝါရီလမှစတင်ပြီး ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပြုထားတာကြောင့် ပြည်ပမှတစ်ပတ်ရစ်ညာမောင်းကားများတင်သွင်းရောင်းချနေသည့် ကားအရောင်းစင်တာ ၂၀၀ နီးပါးထဲက အရောင်းစင်တာ ၇၀ နီးပါး ပိတ်သိမ်းခဲ့တယ်လို့သိရှိရပါတယ်။ ဒီလိုမျိုးမူဝါဒအပြောင်းအလဲတွေကြောင့် ကျန်ရှိနေတဲ့အရောင်းစင်တာတွေလည်း ဆက်လက်ရပ်တည်ဖို့ ခက်ခဲတဲ့အနေအထားတွင်ရှိနေပြီး လာမယ့်၂၀၁၉ခုနှစ်အတွင်းမှာတော့ အရောင်းစင်တာ အားလုံးပိတ်သိမ်းသွားမယ့် အခြေအနေမှာရှိနေပါတယ်။   ဒီကိစ္စနှင့်ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ“ကားအရောင်းစင်တာအားလုံး ၂၀၀ လောက်ဖွင့်ထားတာကနေ အခုသုံးပုံ၁ပုံလောက်ကပိတ်သွားပြီ။ ကျန်တဲ့သုံးပုံနှစ်ပုံက၃နှစ်၅နှစ်စာချုပ်တွေရှိလို့သာဆက်ဖွင့်နေရတာ၊ နောက်နှစ်ထဲမှာတော့အရောင်းစင်တာတွေအကုန်ပိတ်သွားနိုင်တယ်။“လို့ပြောကြားထားဖူးတာတွေလည်း ရှိခဲ့ဖူးတယ်ဆိုတော့ တစ်ပတ်ရစ်မော်တော်ယာဉ်တင်သွင်းကုမ္ပဏီတွေရဲ့ (၂၀၁၉)ခုနှစ် အနေအထားကတော့ ရင်လေးစရာဖြစ်နေပါပြီ။   ညာမောင်းတစ်ပတ်ရစ်ကားများတင်သွင်းခွင့်မရှိတော့တဲ့အတွက် ကားအရောင်းစင်တာတွေက ပိတ်သိမ်းဖို့တင်ပြရာမှာ သက်ဆိုင်ရာကြီးကြပ်ရေးကော်မတီထံသို့ ပိတ်သိမ်းမည်ဖြစ်ကြောင်း တင်ပြပြီးမှသာ၊ ငွေစာရင်းရှင်းတမ်းများ  ၊ deposit ထားရှိခြင်း၊ အခွန်ကိစ္စရှင်းလင်းစေခြင်း၊မော်တော်ယာဉ်များလက်ကျန်၊ရောင်းချ၊ငွေလွှဲလက်ကျန် စာရင်းရှင်းလင်းစေခြင်းတို့အားပြုလုပ်ပြီးမှသာအရောင်းစင်တာ ပိတ်သိမ်းခြင်းကို ဆောင်ရွက်စေမှာဖြစ်တယ်လို့ သိရှိရပါတယ်။ […]

Auto News

သီတင်းကျွတ်အထူးပရိုမိုးရှင်းအစီအစဉ်နဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီးရောင်းချပေးသွားမယ့် KIA

KIA Myanmar ဟာတော့ အောက်တိုဘာလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင်သီတင်းကျွတ်အထူးပရိုမိုးရှင်းအစီအစဉ်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ KIA showroom တွေမှာရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ပရိုမိုးရှင်းကာလ ၃ ရက်အတွင်းမှာ KIA ကားတွေကိုဝယ်ယူအားပေးသူတွေဟာ မိမိရဲ့ကားကိုနောက် ၃ နှစ်အတွင်း ပစ္စည်းလက်ခ လုံးဝ ကုန်စရာမလိုပဲပြန်လည်ပြုပြင်နိုင်မယ့် ဝန်ဆောင်မှု၊ ကားပြင်နေစဉ်ကာလမှာ KIA ကားတစ်စီးအစားထိုးရရှိမယ့် ဝန်ဆောင်မှု အစရှိတာတွေကိုခံစားရမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ကားတစ်စီးရဲ့ Option တွေနဲ့အသုံးဝင်မှုတွေကို သိရအောင် စိတ်တိုင်းကျ Test Drive လာရောက်ပြုလုပ်နိုင်ပြီး Test Drive လာရောက်ပြုလုပ်သူတွေကို KIA အိပ်၊ ဗူး၊ အင်္ကျီ အစရှိတာတွေကိုလက်ဆောင်အနေနဲ့ ပေးအပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပုံမှန်ထက် ၅၁ ရာခိုင်နှုန်းပိုမိုခိုင်မာလာစေတဲ့ […]

Auto News

ကညန နဲ့ ပူးပေါင်းပြီးဆိပ်ကမ်းယာဉ်တွေကို ကြိုတင်စစ်ဆေးမှုလုပ်ဆောင်သွားတော့မယ်ဆိုတဲ့ အကောက်ခွန်ဉီးစီးငှာန

နိုင်ငံတကာက တင်သွင်းလာတဲ့ ပြည်ပမော်တော်ယာဉ်တွေ ကြိုတင်စစ်ဆေးမှုကို ယခင်က အကောက်ခွန်ဉီးစီးငှာနကသာလုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာမှီအချိန်မှာတော့ ကညနနဲ့ အကောက်ခွန်ဉီးစီးငှာနတို့ ပူးပေါင်းပြီးလုပ်ဆောင်သွားတော့မှာဖြစ်တယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အကောက်ခွန်ဉီးစီးငှာနတာဝန်ရှိသူတစ်ဉီးက “ဆိပ်ကမ်းမှာ ပုံမှန်တင်သွင်းလာတဲ့ကားတွေကို ကြိုစစ်ဆေးတာကို ကညန နဲ့ကာစတန်တို့ပူးပေါင်းစစ်ဆေးဖို့တင်ပြထားတယ်။ တစ်ကယ်လို့ အကြောင်းတစ်ခုခုကြောင့် ကညနရောက်လို့ လွဲမှားတာရှိရင်ပြန်စစ်ဆေးဖို့အတွက် တင်ပြထားပါတယ်။” လို့ပြောကြားထားကြောင်းသိရပါတယ်။ လက်ရှိမှာတော့ ပြည်ပကတင်သွင်းလာတဲ့ မော်တော်ယာဉ်တွေကို ဆိပ်ကမ်းမှာ ကားပုံသဏ္ဍာန် အရှေ့အနောက်ပတ်လည် ဓာတ်ပုံရိုက်ယူပြီး ဓာတ်ပုံအထောက်အထားတွေနဲ့ ကားအချက်အလက်အမျိုးအစားတွေကို grade ခွဲလုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ စီမံချက်နဲ့တင်သွင်းလာတဲ့ကားတွေကိုတော့ ကြိုတင်စစ်ဆေးခွင့်မပြုပဲ ဆိပ်ကမ်းကထုတ်ယူခွင့်ပြုနေတယ်လို့လဲသိရပါတယ်။ ဒီနှစ်ထဲမှာတော့ ညာမောင်းယာဉ်တင်သွင်းတာကို တားမြစ်လိုက်တာကြောင့် ပြည်ပကားတင်သွင်းမှုနည်းပါးလာတာဖြစ်ပြီး ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ Brand new ကားတွေစျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့လဲဆိုကြပါတယ်။

Auto News

ရုပ်ပြောင်းလဲပြုပြင်မှုလုပ်ထားတဲ့ကားတွေကို ရဲစခန်းအပ်မှာမဟုတ်ပဲ မူလစက်ရုံထုတ်အတိုင်းပြန်လည်ပြင်ဆင်ရမည်ဟုဆို

ရှဲလ်၊ မီးလုံး နဲ့ ရုပ်ပြောင်းလဲမှုတွေပြုလုပ်ထားတဲ့ ကားတွေကို ရဲစခန်းအပ်သွားမှာမဟုတ်ပဲ မူလစက်ရုံထုတ်ပုံစံအတိုင်းပြန်လည်ပြင်ဆင်သွားရမှာဖြစ်တဲ့အကြောင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနကပြောကြားထားကြောင်းသိရပါတယ်။ မိမိရဲ့မော်တော်ယာဉ်ကို မှတ်ပုံတင်စစ်ဆေးမှုလုပ်ငန်းတွေလာရောက်ဆောင်ရွက်တဲ့အခါမှာ ယာဉ်ရဲ့ခုနှစ်ပုံစံ၊ အတိုင်းအတာ၊ တင်အား အစရှိတာတွေက မူလစက်ရုံထုတ်ပုံစံနဲ့တူညီမှုမရှိဘူးဆိုရင် အကောက်ခွန်မှ စစ်ဆေးထားတဲ့ ဓာတ်ပုံအထောက်အထားတွေကို ပြလို့ရမှာမဟုတ်ပဲ မူလစက်ရုံထုတ်ပုံစံအတိုင်းပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာနအကြီးတန်းအရာရှိတစ်ဉီးက “ယာဉ်တစ်စီးကို ရုပ်ပြောင်းထားတာ ရှဲလ်ပြောင်းထာတာမီးလုံး၊ မီးခွက် ပြောင်းထားတဲ့ကားတွေကို ရဲစခန်းမအပ်ပါဘူး။ အရင်စက်ရုံထုတ်ပုံစံအတိုင်းပြန်ပြင်ရမယ်။ ကနဉီးမှတ်ပုံတင်ရင်လည်း မူလစက်ရုံက တင်သွင်းထားတဲ့ ပုံစံဘဲဖြစ်ရမယ်။ ကာစတန်းက စစ်ဆေးတဲ့ ဓာတ်ပုံအထောက်အထားပြရင်လည်း မရပါဘူး။” လို့ပြောကြားထားကြောင်းလည်းသိရပါတယ်။ လက်တလောမှာ မူလစက်ရုံထုတ်ပုံစံနဲ့ကွဲပြားနေတဲ့ယာဉ်တွေများစွာရှိနေပြီး အဲ့ဒီယာဉ်တွေကို လက်ရှိမှာ အချက်လက်တွေနဲ့စစ်ဆေးပေးပြီး ယာဉ်သက်တမ်းမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ပေးမှာဖြစ်ပေမယ့် အသိပေးကြေညာထားတဲ့ နောက်ပိုင်း အချိန်တွေမှာတော့ မူလစက်ရုံထုတ်ပုံစံနဲ့ ကွဲလွဲနေရင် လက်ခံဆောင်ရွက်ပေးမှာမဟုတ်တော့တဲ့အကြောင်းကိုလည်းသိရှိရပါတယ်။

Auto News