December 10, 2018

We ❤️ New Cars!

New Car News in Burmese

နိုင်ငံသားမှတ်ပုံတင်ယာယီကဒ်ပြားနဲ့ဆိုလျှင် (သ)ယာဉ်မောင်းလိုင်စင်သာရရှိမည်

ယာဉ်မောင်းလိုင်စင်ဖြေဆိုရာမှာ ယာယီနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားမယ်ဆိုရင် (ခ)ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင့်ပြုသွားမှာမဟုတ်ပဲ (သ) ယာဉ်မောင်းလိုင်စင်သာရရှိမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာနယာဉ်မောင်းလိုင်စင်ထုတ်ပေးရေးငှာနက ပြောကြားထားကြောင်းသိရပါတယ်။ (ခ)ယာဉ်မောင်းလိုင်စင်ရလိုသူအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီး (သ)ယာဉ်မောင်းလိုင်စင်သက်တမ်း ၃ လ ပြည့်ပြီးသူဖြစ်ရပြီး သတ်မှတ်ထားတဲ့ယာဉ်မောင်းသင်တန်းတက်ရောက်အောင်မြင်ပြီးသင်တန်းဆင်းလက်မှတ် certificate ရရှိထားသူဖြစ်ရမှာပဲဖြစ်ပါတယ်။ ယာဉ်မောင်းသင်တန်းဆင်း လက်မှတ်အတွက် ကညနရုံးမှာ တက်ရောက်ပြီး Online ကနေ လျှောက်ထားဖြေဆိုနိုင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသား (သို့) ဧည့်သည်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူနှင့် သတ်မှတ်ထားတဲ့ ကျန်းမာရေးအဆင့်အတန်း နဲ့ညီညွှတ်ရမှာဖြစ်ပြီး ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်အဖွဲ့က သတ်မှတ်ထားတဲ့ စစ်ဆေးမှုတွေကိုလည်း အောင်မြင်ရမှာဖြစ်တယ်လို့လဲ သိရပါတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုမှုနဲ့ပတ်သက်ပြီး ကုန်းလမ်းပိုဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာနက ” (ခ)ယာဉ်မောင်းလိုင်စင်ဖြေဆိုတာ နိုင်ငံသားမှတ်ပုံတင်ယာယီကဒ်ပြားနဲ့ ဖြေဆိုခွင့်ပြုမှာမဟုတ်ပါဘူး။ ယာယီကဒ်ပြားနဲ့တော့ မရပါဘူး။ သုံးခေါက်ချိုးကဒ်ပြားဆိုရင် ဖြေခွင့်ပေးပါတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုရင် နိုင်ငံသားစီစစ်ကဒ်ပြားရပါမယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုရင် သင်တန်းဆင်းလက်မှတ် […]

Auto News

ညာမောင်းယာဉ်တင်သွင်းခွင့်မရှိတော့တာကြောင့် လိုင်စင်ပါမစ်လျှောက်ထားမှုသိသိသာသာလျော့ကျသွားဟုဆို

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းမှုမှာ ညာမောင်းယာဉ်တွေ တင်သွင်းခွင့်မရှိတော့ဘူးဆိုတဲ့ ကြေညာချက်ကြောင့် လက်ရှိမှာလိုင်စင်ပါမစ်လျှောက်ထားမှု သိသိသာသာလျော့ကျလာတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ပြည်ပနိုင်ငံက ညာမောင်းယာဉ်တွေ တင်သွင်းခွင့်ရှိတဲ့နှစ်တွေက ကားတင်သွင်းခွင့်လိုင်စင်ပါမစ်လျှောက်ထားမှုမှာ တစ်လကို အစောင်ရေ ထောင်ချီအထိရှိခဲ့ပေမယ့် ၂၀၁၈ မေလ ကစပြီးကားတင်သွင်းလိုင်စင်လျှောက်ထားမှုလျှော့နည်းလာတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတွေမှာဆို လျှောက်ထားမှုလိုင်စင် ၃၀ ကျော်သာရှိတော့တာဖြစ်တယ်လို့လဲ သိရှိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန တာဝန်ရှိသူတစ်ဉီးက “အရင်နှစ်တွေတုန်းက ညာမောင်းကားသွင်းလို့ရတဲ့အတွက် ကားတင်သွင်းခွင့်လိုင်စင်လျှောက်ထားတာထောင်ဂဏန်းအထိရှိတယ်။ နောက်ပိုင်း ဘယ်မောင်းကားဆိုတော့ သိပ်မရှိတော့ဘူး။ ပြီးခဲ့တဲ့လတွေမှာ တစ်လကို လိုင်စင် အစောင် ၃၀ ကျော် လောက်ပဲရှိတော့တယ်။” လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။ အခုလို ဘယ်မောင်းကားတွေသာ တင်သွင်းရမယ်ဆိုတဲ့ ကားတင်သွင်းခွင့်မော်ဒယ်သတ်မှတ်ချက်ကြောင့် ပြည်တွင်းတပ်ဆင်ထုတ်လုပ်တဲ့ကားတွေ ဝင်ရောက်လာမှာဖြစ်ပြီး ကားတင်သွင်းခွင့်လိုင်စင်လျှောက်ထားမှု ပိုမိုနည်းပါးလာနိုင်တယ်လို့လဲသိရပါတယ်။

Auto News

လိုင်စင်မဲ့ ပရဟိတလူမှုကူညီရေးယာဉ်တွေကိုဖမ်းဆီးနေတဲ့သတင်းကြောင့် ပရဟိတလုပ်ငန်းအချို့ရပ်နားထားရ

လိုင်စင်မဲ့ ပရဟိတလူမှုကူညီရေးယာဉ်တွေကို ဖမ်းဆီးနေတယ် ဆိုတဲ့သတင်းကြောင့် လက်ရှိမှာ လူမူလုပ်ငန်းသုံးပရဟိတ ယာဉ်တွေ ရပ်နားထားရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပရဟိတလူမှုကူညီရေးအသင်းတွေကပိုင်ဆိုင်တဲ့ လိုင်စင်မဲ့ ပရဟိတယာဉ်တွေကို တရားဝင်မှတ်ပုံတင်ရရှိနိုင်ရေးအတွက် မန္တလေးမြို့မှာရှိတဲ့ ပရဟိတလူအသင်းတွေက စီစဉ်နေတယ်လို့ သိရှိရပါတယ်။ မန္တလေးအခြေစိုက် ပရဟိတအသင်းဝင် ၅၀ ကျော်နဲ့ အစည်းအဝေးပြုလုပ်သွားမှာဖြစ်ပြီး လိုင်စင်မဲ့ ပရဟိတယာဉ်တွေကို တရားဝင်မှတ်ပုံတင်ဖြစ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းကို တင်ပြသွားဖို့ရှိတယ်လို့လဲ သိရှိရပါတယ်။ လက်တလောမှာတော့ မန္တလေးမြို့ကို တရားဝင်စာရောက်ရှိလာခြင်းမရှိသေးတာကြောင့် ဆက်လက်သွားလာနေတဲ့ လိုင်စင်မဲ့ယာဉ်တွေ ရှိသေးပေမယ့် ပြည်နယ်တိုင်းတွေဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း/တောင်ပိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့မှာတော့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးအရေးယူမယ်ဆိုတဲ့ ကြေညာချက်ကြောင့် ပရဟိတလုပ်ငန်းတွေ ရပ်နားထားလျက်ရှိတယ်လို့ သိရပါတယ်။ အခုလိုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်လူမူရေးအသင်းရဲ့တာဝန်ရှိသူတစ်ဉီးကလည်း “နယ်မှာ အသုံးပြုနေတဲ့ လူမူရေးပရဟိလုပ်ငန်းတွေနဲ့ နာရေးကူညီမှု အသင်းတွေရဲ့ […]

Auto News

တရားမဝင်ယာဉ်မောင်းလိုင်စင်အတုကိုင်ဆောင်ထားသူတွေကို ထိရောက်စွာအရေးယူသွားမည်

လက်ရှိမှာတော့ တရားမဝင်ယာဉ်မောင်းလိုင်စင်ပြုလုပ်သူ ၁၀ ဉီးကိုဖမ်းဆီးရမိထားပြီး သူတို့ဆီကတဆင့်ပြန့်နေတဲ့ ယာဉ်မောင်းလိုင်စင်အတုကိုင်ဆောင်ထားသူတွေကို “တရားမဝင်ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်မှု” အပြင် “ယာဉ်မောင်းလိုင်စင်ထုတ်လုပ်သူအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု” နဲ့အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဉီးစီးငှာနက ကြေညာထားတယ်လို့ သိရပါတယ်။ အကယ်၍မိတ်ဆွေဟာ ဂျင်းမိသွားပြီး ယာဉ်မောင်းလိုင်စင်အတုလက်ထဲရောက်နေရင်တော့ သက်ဆိုင်ရာ ကညန ရုံးတွေကို အမြန်ဆုံးလာသွားရောက်အပ်နှံရမှာဖြစ်ပါတယ်။ လိုင်စင်အတုကိုမအပ်နှံပဲ ဆက်လက်ကိုင်ဆောင်သွားရင်တော့ အပေါ်ကဖော်ပြခဲ့တဲ့ စွဲချက်နှစ်ခုနဲ့ ထိထိရောက်ရောက်အရေးယူခံရမှာပဲဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်အတုအစစ် ကိုတော့ သက်ဆိုင်ရာ ကညန ရုံးတွေမှာသွားရောက်စစ်ဆေးနိုင်မှာဖြစ်ပြီး လိုင်စင်ဟာအတုဖြစ်တယ်လို့ တွေ့ရှိခဲ့ရင်လည်း အရေးယူသွားမှာမဟုတ်ပဲ သိမ်းဆည်းမှုသာပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဉီးစီးငှာနကနေဖြေဆိုအောင်မြင်ပြီး တရားဝင်ရရှိထားတဲ့ ယာဉ်မောင်းလိုင်စင်ကသာ ယာဉ်မောင်းလိုင်စင် အစစ်ဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့ မိမိရဲ့ယာဉ်မောင်းလိုင်စင်ကို သံသယတစ်ခုခုရှိတယ်ဆိုရင်တော့ ကညန ရုံးတွေမှာ အချိန်မနှောင်းခင်သွားရောက်စစ်ဆေးမှုတွေပြုလုပ်ဖို့ Automyanmar ကတိုက်တွန်းလိုက်ပါတယ်။

Auto News

ကားအစီးရေ ၂ သောင်းကျော်ကိုအွန်လိုင်းကတစ်ဆင့် ရန်ကုန်လိုင်စင် YVQC စနစ် ရောင်းချပေးပြီး certificate ထုတ်ပေးမည်

Yagon Vehicle Quota Certificate စနစ်ကို ကားအစီးအရေ ၂ သောင်း ၅ ထောင်ခန့်အတွက် အွန်လိုင်းကတဆင့်ရောင်းချပေးသွားပြီး Certificate ထုတ်ပေးဖို့ရှိနေတဲ့ အကြောင်းကို ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ကိုင်ရာမှာ ပါဝင်တဲ့တာဝန်ရှိသူတစ်ဉီးကပြောကြားတယ်လို့ သိရှိရပါတယ်။ အွန်လိုင်းအရောင်းဝယ်ပုံစံမျိုးဖြစ်တာကြောင့် မိတ်ဆွေအနေနဲ့ YVQC စနစ် လက်မှတ် ကိုဝယ်ယူမယ်ဆိုရင် အွန်လိုင်းကနေပဲတဆင့် ငွေပေးသွင်းရမှာပါ။ ရောင်းချမှုနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာမှာပါဝင်တဲ့တာဝန်ရှိသူတစ်ဉီးက “ရန်ကုန်လိုင်စင် YVQC စနစ်ဝယ်ယူတာကိုအွန်လိုင်းကနေပဲ ရောင်းချပေးသွားဖို့လုပ်နေတယ်။ ငွေကိုလည်း အွန်လိုင်းကပဲသွင်းပြီး ရန်ကုန်လိုင်စင်ရတဲ့ Certificate ကိုထုတ်ပေးမှာပါ။ လောလောဆယ် ရန်ကုန်လိုင်စင် အမြန်ဆုံးခွင့်ပြုနိုင်ဖို့ လုပ်နေတယ်။ ရောင်းချပေးမယ့် လက်မှတ်ကအကြမ်းမျဉ်း ၂,၅၀၀၀ သတ်မှတ်ထားတာရှိတယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်လိုင်စင် YVQC စနစ်ကို ဇွန်လအတွင်း ခွင့်ပြုပေးနိုင်ဖို့ […]

Auto News

နယ်လိုင်စင်ကိစ္စမပြုလုပ်ခင် လိုင်စင်မဲ့ကားတွေကို ထိရောက်စွာအရေးယူသွားမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးမှာသွားလာတဲ့ နယ်လိုင်စင်ကားတွေကို အခွန်ကောက်ခံထိန်းချုပ်မှုများမပြုလုပ်ခင် လိုင်စင်မဲ့မောင်းနှင်နေတဲ့ကားတွေကို ဉီးဆုံး ထိထိရောက်ရောက်အရေးယူဖမ်းဆီးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်အရေးယူမှုတွေပြုလုပ်ပြီးမှသာ နယ်လိုင်စင်ကားတွေကို အခွန်ကောက်ခံပြီးထိန်းချုပ်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ မြို့အဝင်/အထွက် တိုးဂိတ်တွေကိုဆောက်လုပ်သွားမှာဖြစ်ပြီး ဆောက်လုပ်မှုပြီးစီးရင် ရန်ကုန်မှာ မောင်းနှင်နေတဲ့ နယ်လိုင်စင်ကားတွေကို အခွန်နှုန်းထားသတ်မှတ်ပြီး ကောက်ခံသွားမှာပဲဖြစ်ပါတယ်။ အခုအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဉီးက “နယ်လိုင်စင်ကားကို ကန့်သတ်ဖို့ချက်ခြင်းကြီးလုပ်လို့ မရသေးဘူး။ ရန်ကုန်မှာရှိတဲ့ လိုင်စင်မဲ့ ကားတွေကိုပဲ ထိထိရောက်ရောက်ဖမ်းဆီးတာတွေလုပ်သွားမယ်။ နောက်ပိုင်းကျမှ နယ်လိုင်စင်ကားတွေကို တိုးဂိတ်တွေကနေ သီးခြားအခွန်နှုန်းထား တစ်ခုနဲ့ ကောက်ဖို့ရှိတယ်” လို့ပြောကြားခဲ့ပါတယ်။ ၂၀၁၇ တစ်နှစ်ပတ်လုံးမှာ ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ကားပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး လက်ရှိ ၂၀၁၈ ဇန်နဝါရီလ ကနေ ဧပြီလအတွင်းမှာ လိုင်စင်မဲ့ကားပေါင်း ၉၀ ကျော်အထိဖမ်းဆီးထားပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။

Auto News

လိုင်စင်မဲ့ကားတွေကိုထိထိရောက်ရောက်အရေးယူဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက နိုင်ငံတော်သမ္မတထံတင်ပြသွားမည်

နယ်စပ်ဒေသတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်အရေးယူနိုင်ဖို့ ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေက နိုင်ငံတော်သမ္မတဆီ တင်ပြသွားမှာဖြစ်တယ် လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနက တဆင့်သိရှိရတာဖြစ်ပါတယ်။ အခုလို နိုင်ငံတော်သမ္မတဆီ တင်ပြတာဟာ လိုင်စင်မဲ့ကားတွေကြောင့်သာမဟုတ်ပဲ တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ထိန်းချုပ်ဟန့်တားဖို့အတွက်လည်း ဖြစ်တယ်လို့လဲသိရပါတယ်။ အရေးယူမှုနဲ့ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန အရာရှိတစ်ဉီးက “လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်ဖမ်းဆီးဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနိုင်ငံတော်သမ္မတထံတင်ပြဖို့ လုပ်နေကြတယ်။ လိုင်စင်မဲ့ကားတွေမှမဟုတ်ဘူး၊ နယ်စပ်က တရားမဝင်ရောက်လာတဲ့ကုန်ပစ္စည်းတွေကိုလည်း ထိန်းချုပ်ဖို့လုပ်နေတယ်။ နောက်ပိုင်းဆို တရားမဝင်ကားတွေသွားလာတာကို နိုင်ငံတကာလို တံတားတွေပေါ်ကနေပဲ ဖြတ်သန်းခွင့်ပြုမှာပါ။” လို့ပြောကြားခဲ့ပါသေးတယ်။ လိုင်စင်မဲ့ကားတွေ အများဆုံးဝင်ရောက်လာတဲ့နေရာကတော့ ထိုင်းနိုင်ငံ မြဝတီနယ်စပ်ကပဲဖြစ်ပါတယ်။ လက်ရှိမှာတာ့ တရားဝင်ရောက်ရှိလာတဲ့ ကားတွေကို မှုဝါဒတွေထုတ်ပြန်ပြီး အခွန်အခများကောက်ခံနေတာဖြစ်ပြီး တရားမဝင် ဝင်ရောက်လာတဲ့လိုင်စင်မဲ့ကားတွေကို ထိန်းချုပ်ထားနိုင်ခြင်းမရှိသေးကြောင်းကိုလည်း သိရှိရပါတယ်။

Auto News

လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်တဲ့ကားတွေကို ဒဏ်ကြေးသတ်မှတ်ကောက်ခံ

သွင်းကုန်လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID ဖွင့်မယ့်ကားတွေကို ရက်အလိုက် ဒဏ်ကြေးသတ်မှတ်ကောက်ခံသွားမှာဖြစ်ပြီး ရက် ၆၀ ကျော်မှ လာရောက် ID ဖွင့်မယ့်ကားတွေကိုတော့ သိမ်းဆည်းဒဏ်ကြေးအဖြစ်သတ်မှတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လိုင်စင်သက်တမ်းကျော်လွန်ပြီးမှ ID လာဖွင့်တဲ့ကားတွေကို သတ်မှတ်ရက်အကျော် ၇ ရက်အထိ ဒဏ်ကြေးကင်းလွတ်ခွင့်ပေးမှာဖြစ်ပေမယ့် ၇ ရက်ကနေ ၁ လ အထိ သက်တမ်းကျော်လွန်သွားတဲ့ကားတွေကို 1/90AV, ၄၅ ရက်အတွင်းကားတွေကို 1/24AV နဲ့ ရက် ၆၀ အထိကားတွေကို 1/12AV အထိ ဒဏ်ကြေးအသီးသီးကောက်ခံသွားမှာဖြစ်ပြီး ရက် ၆၀ ကျော်သွားတဲ့ကားတွေကိုတော့ အပေါ်မှာဖော်ပြခဲ့တဲ့အတိုင်း သိမ်းဆည်းဒဏ်ကြေးရိုက်ခံရမှာဖြစ်ပါတယ်။ ယခုနှစ်အတွက် အကောက်ခွန်ဒဏ်ကြေးအသစ်ကို မနှစ်ကကြေညာခဲ့တဲ့ အကောက်ခွန်ဒဏ်ကြေးအတိုင်း ဆက်လက်ကျင့်သုံးသွားမှာဖြစ်တယ်လို့လဲ အကောက်ခွန်ဉီးစီးငှာနကပြောကြားထားပါသေးတယ်။

Auto News

JOB ANNOUNCEMENT!

Categories