January 21, 2019

We ❤️ New Cars!

New Car News in Burmese

ထုတ်လုပ်မှုအပိုင်းစတင်နေပြီဖြစ်တဲ့ Honda 2019 Passport

Honda ရဲ့ SUV အမျိုးအစားမော်ဒယ်အသစ် 2019 Passport ဟာတော့ 2018 Los Angeles Auto Show မကျင်းပမီရက်အနည်းငယ်အလို နိုဝင်ဘာလ ၂၇ ရက်နေ့က စတင်မိတ်ဆက်ချပြခဲ့တာဖြစ်ပြီး Production အပိုင်းကို ၂၀၁၉ နှစ်အစပိုင်းလောက်မှာဆောင်ရွက်သွားမယ်လို့ရည်ရွယ်ထားပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကစတင်ပြီး Production အပိုင်းကိုစတင်ဆောင်ရွက်နေပြီလို့သိရပါတယ်။  Honda ဟာသူ့ရဲ့ SUV line-up 2019 Passport ထုတ်လုပ်မှုကို ဝန်ထမ်းပေါင်း ၁၅၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ Honda Manufacturing of Alabama (HMA) မှာစတင်တာဖြစ်ပြီး လာမယ့် ၂၀၁၉ အစောပိုင်းလောက်မှာ မာကတ်ထဲကိုဖြန့်ချီရောင်းချသွားတော့မှာပဲဖြစ်ပါတယ်။  ဒီအကြောင်းနဲ့ပတ်သက်ပြီး Honda Manufacturing of Alabama (HMA) ရဲ့ Vice […]

Auto News

2019 Honda Passport မော်ဒယ်အသစ်ကို ရက်အနည်းငယ်အတွင်းချပြတော့မည်ဟုဆို

Honda ဟာတော့ သူ့ရဲ့ SUV မော်ဒယ်အသစ် 2019 Honda Passport ကို 2018 Los Angeles Auto Show မကျင်းပမီရက်အနည်းငယ်အလို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ချက်ချင်းဆိုသလို ချပြမိတ်ဆက်သွားဖို့ရှိတယ်လို့ကြေညာလိုက်ပြီဖြစ်ပါတယ်။ ချပြမိတ်ဆက်မှုကို Honda ဟာသူ့ရဲ YouTube channel ကနေတဆင့် livestream နဲ့တကွပြသပေးသွားမှာမို့ အင်တာနက်ရှိရုံနဲ့ ဒီလင့်ခ်ကနေ တဆင့်သွားရောက်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ သူတို့ဆီမှာ ၂၇ ရက်နေ့လို့ဆိုထားပေမယ့် Live လွှင့်ပေးမယ့်အချိန်က ကျွန်တော်တို့ဆီမှာဆိုရင်တော့ ၂၈ ရက်နေ့ နံနက် ၆ နာရီဖြစ်သွားမှာပါ။ Live stream link – https://www.youtube.com/watch?v=dU5JHXqAJXQ Honda Passport မော်ဒယ်အသစ်ရဲ့ ဒီဇိုင်းပိုင်းနဲ့ ဖန်တီးမှုအပိုင်းကိုတော့ U.S မှာရှိတဲ့ Honda R&D […]

New Models

Highest Possible 2018 Safety Award ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Honda ရဲ့ 2019 Acura RDX 

America ရဲ့ Best-Selling Compact Luxury SUV အမျိုးအစားဖြစ်တဲ့ 2019 Acura RDX ဟာတော့ Insurance Institute for Highway Safety (IIHS) ကချီးမြှင့်တဲ့ 2018 Safety Award ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Honda မှ ပြီးခဲ့တဲ့ရက်ကတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ 2019 RDX ဟာတော့ IIHS က စစ်ဆေးတဲ့ အက်ဆီဒင့်ဖြစ်တဲ့အခါမှာ ခုခံနိုင်မှုအတိုင်းအတာ Crashworthiness Test တွေတိုင်းမှာ ကောင်းမွန်တဲ့ rating တွေနဲ့အတူ ဆုရရှိခဲ့တာဖြစ်ပါတယ်။ Crashworthiness Test မှာဆိုရင် ကားရဲ့ ခေါင်မိုးပိုင်း ခိုင်ခံ့မှုအတိုင်းအတာကိုပါ စစ်ဆေးထားတယ်လို့ဆိုထားပါတယ်။ Honda ရဲ့ဖော်ပြချက်အရဆို RDX အလေးချိန်ရဲ့  ၅ ဆ ကျော်လောက်ရှိတဲ့ တန်ချိန်နဲ့ […]

Auto News

“10 Best Family Cars 2018” စာရင်းထဲမှာပါဝင်ခဲ့တဲ့ Honda Accord နဲ့ Odyssey

2018 Honda Accord နဲ့ Odyssey တို့ကတော့ ၂၀၁၈ ရဲ့ 10 Best Family Cars စာရင်းမှာ Parents Magazine (Parents.com) နဲ့ Edmunds (Edmunds.com) တို့ရဲ့သတ်မှတ်မှုကြောင့်ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ Parents နဲ့ Edmunds တို့ဟာ Best Family ကားတွေထဲက Winner ကိုထပ်မံရွေးချယ်သွားမှာဖြစ်ပြီး ရလဒ်ကိုတော့ Parents Magazine ရဲ့ July issue မှာပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။ Best Family Cars စာရင်းထဲမှာထည့်သွင်းဖို့ Parents နဲ့ Edmunds တို့ဟာ ကားပေါင်း ၃၀၀ ကျော်ကိုလေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ ကားမော်ဒယ်တစ်ခုချင်းစီရဲ့ Safety rating တွေ၊ အတွင်းပိုင်းထိုင်ခုံအနေအထားတွေ နဲ့ Family-friend feature […]

Auto News

2018 California Air Quality Award ကိုသိမ်းပိုက်ခဲ့တဲ့ Honda Clarity series!

Honda ရဲ့ Clarity series ဟာ လေထုညစ်ညမ်းမှုနည်းပါးအောင်ဖန်တီးထားတဲ့ Vehicle ဖြစ်တာကြောင့် Coalition for Clean Air ကချီးမြှင့်တဲ့ 2018 California Air Quality Award ကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ Coalition for Clean Air (CCA) ကတော့ ၁၉၇၁ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ကယ်လီဇိုးနီးယား အကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် အထူးသဖြင့်လေထုညစ်ညမ်းမှုရန်တွေကို ကာကွယ်ပေးဖို့ပါ။ CCA ဟာလူတိုင်းလူတိုင်းလေကောင်းလေသန့်ကိုရှုဖို့အခွင့်အရေးရှိတယ်လို့ ယုံကြည်ထားတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ Honda ဟာသူ့ရဲ့ Clarity series ကို ၂၀၁၈ အတွင်း ကယ်လီဖိုးနီးယားမှာ ၅၆ ရာခိုင်နှုန်းအထိရောင်းချခဲ့ပြီးပြီဖြစ်ပါတယ်။ ၅၆ ရာခိုင်နှုန်းအထိ ကယ်လီဖိုးနီးယားမှာရောက်ရှိနေတာတောင် လေထုညစ်ညမ်းမှုကိုလျော့ချသေးနိုင်ဆိုတော့ Clarity series ဟာတော်တော်လေးအခြေအနေကောင်းတဲ့အဆင့်ရောက်ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ […]

Auto News

“2018 Edmunds Best Retained Value” ဆုကိုပိုင်ဆိုင်ခဲ့တဲ့ Honda ကားမော်ဒယ် ၃ ခု

Honda ရဲ့ ထိပ်တန်းရောင်းအားအကောင်းဆုံးကားမော်ဒယ် ၃ ခုကတော့ “2018 Edmunds Best Retained Value” ဆုကို ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ ဆု ရရှိသွားတဲ့ ကားမော်ဒယ်တွေကို မပြောခင် Edmunds အနေနဲ့ “Best Retained Value” ဆုပေးတဲ့အခါဘာတွေကြည့်လဲဆိုတာ အရင်ဉီးဆုံးပြောပါရစေ။ Edmunds ဟာ ကားပိုင်ရှင် နဲ့ ကား တို့ရဲ့ ၅ နှစ်တာသက်တမ်း ပတ်သက်မှုကို ကြည့်တာပါ။ ၅ နှစ်တာကာလအတွင်းမှာ ကား အတွက် ကားပိုင်ရှင်ကုန်ကျမယ့် ငွေကြေးပမာဏ၊ ကားကိုပြန်ရောင်းတဲ့အခါ ရရှိမယ့် အမြတ်အစွန်း အစရှိတာတွေကို တွက်ချက်ပြီး “Best Retained Value” လို့သတ်မှတ်တာဖြစ်ပါတယ်။ ခြုံပြောရရင် ကားပိုင်ရှင်ကို အကျိုးအမြတ်ဖြစ်စေမယ့် ကားမျိုးမှသာ “Best Retained Value” […]

Auto News

Honda Sensing Technology ကို ကားအစီးရေ ၁ မီလီယံ အထိထည့်သွင်းထားနိုင်ခဲ့ပြီဖြစ်တဲ့ Honda

လုံခြုံရေးစနစ်ပိုင်းကို အလေးအနက်ထားပြီးဖန်တီးလေ့ရှိတဲ့ Honda ဟာဆိုရင်တော့ သူ့ရဲ့ Avanced Technology တစ်ခုဖြစ်တဲ့ Honda Sensing Technology ကို ကားအစီးရေ ၁ မီလီယံအတိုင်းအတာအထိ လက်ရှိမှာထည့်သွင်းပြီးနေပြီဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။ Honda Sensing Tech ကတော့ Collision Mitigation Braking System (CMBS), Forward Collision Warning (FCW), Lane Keeping Assist (LKAS), Road Departure Mitigation (RDM), Adaptive Cruise Control (ACC) အစရှိတဲ့  Avanced Safety System တွေပေါင်းစပ်ထားတဲ့ Technology တစ်ခုပဲဖြစ်ပါတယ်။ System တစ်ခုချင်းစီတဲ့ အလုပ်လုပ်ပုံကတော့ အောက်ဆုံးမှာပါ 😁) Honda […]

Auto News

Honda ကားကိုယ်စားလှယ်တချို့စီရောက်ရှိနေပြီဖြစ်တဲ့ 2018 Honda Clarity Fuel Cell

2018 Honda Clarity Fuel Cell ကတော့ Honda ကားကိုယ်စားလှယ်အချို့စီ ကိုပြီးခဲ့တဲ့ရက်ကပဲရောက်ရှိနေပြီဖြစ်ပါတယ်။ Clarity Fuel Cell ဟာအတွင်းပိုင်းနေရာကျယ်ဝန်းပြီး မောင်းသူအပါအဝင် လူ ၅ ဉီး အေးဆေးနေလို့ရပါတယ်။ Alternative-fuel powertrains ကိုမြှင့်တင်ထားတဲ့အပြင် Honda Sensing Tech နဲ့ Driver-assistive Technology ပါ ပါဝင်ပါတယ်။ Honda ရဲ့ Clarity series ဟာ Green Car Journals ရဲ့ “2018 Green Car of the Year” လို့သတ်မှတ်ခြင်းခံခဲ့ရသလို 2018 CES Tech Driven မှာလည်း “Most Innovative Car” အဖြစ်သတ်မှတ်ခြင်းခံရဖူးတာဖြစ်ပါတယ်။ Clarity […]

Auto News

“Must Test Drive Award” စာရင်းထဲမှာပါဝင်ခဲ့တဲ့ 2018 Honda Accord

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က Autotrader မှချီးမြှင့်ခဲ့တဲ့ “2018 Must Test Drive Award” စာရင်းထဲမှာ 2018 Honda Accord ဟာပါဝင်ခဲ့ပြီဖြစ်ပါတယ်။ Autotrader ရဲ့ “Must Test Drive Award” စာရင်းမှာ Vehicle ၁၂ စီးရွေးချယ်ထားတာဖြစ်ပြီး 2018 Honda Accord ဟာတော့ ၃ နေရာမြောက်ကပါဝင်ခဲ့တာပါ။ 2018 Accord ကို “Must Test Drive Award” စာရင်းထဲမှာထည့်သွင်းထားရုံသာမက Midsize Sedan တွေရဲ့ “Best-ever” version တစ်ခုဖြစ်တယ်လို့လဲ Autotrader ကတင်စားချီးမွမ်းထားပါသေးတယ်။ 2018 Accord ဟာ ကနဉီးထွက်ရှိခဲ့တဲ့ generation တွေနဲ့ ဒီဇိုင်းပိုင်း၊ […]

Auto News , New Models

New York Daily News Auto Awards စာရင်းထဲမှာပါဝင်ခဲ့တဲ့ 2018 Honda Accord, Civic နဲ့ Fit

2018 New York Daily News Auto Awards (သို့) DNA Awards ကို Honda ဟာ 2018 Accord, Civic, Fit တို့နဲ့သိမ်းပိုက်နိုင်ခဲ့ကြောင်းကို ပြီးခဲ့တဲ့ရက်ကပဲ Honda မှတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ DNA Awards ကို City Car, City SUV, Small Car, Small SUV, Family Car, Family SUV, Plug-in Hybrid (or) Electric Vehicle, Performance Car, Truck, Minivan, Premium Car, Premium SUV, Luxury Car, Luxury SUV, Luxury Performance Car, […]

Auto News

JOB ANNOUNCEMENT!

Categories