December 10, 2018

We ❤️ New Cars!

New Car News in Burmese

Grab လုပ်ငန်းစုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရင်းနှီးသွားမယ့် Toyota

ဂျပန်ကားကုမ္ပဏီ Toyota ဟာတော့ စင်္ကာပူအခြေစိုက် Grab ရဲ့အရှေ့တောင်အာရှလုပ်ငန်းစုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရင်းနှီးမြှပ်နှံသွားဖို့ရှိတယ်လို့သိရပါတယ်။ အခုလိုရင်းနှီးမြှပ်နှံမှုကြောင့် Toyota ဟာ အရှေ့တောင်အာရှက Grab လုပ်ငန်းစုရဲ့ အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်သွားမှာပါ။ Grab အနေနဲ့ အခုလို Toyota နဲ့ပူးပေါင်းရတဲ့ရည်ရွယ်ချက်ကတော့ Mobility Strategy အသစ်တွေဖန်တီးသွားဖို့နဲ့ အရှေ့တောင်အာရှလုပ်ငန်းစုရဲ့ Online-to-offline services တွေကို တိုးချဲ့သွားဖို့ဖြစ်တယ်လို့သိရပါတယ်။ Food delivery, Electronic payments အစရှိတဲ့ Service အသစ်တွေကို တိုးချဲ့သွားဖို့ဖြစ်ပါတယ်။ အခုလိုပူးပေါင်းမှုနဲ့ပတ်သက်ပြီး Grab ရဲ့ president ဖြစ်သူ Ming Maa က “ကမ္ဘာတစ်ဝှမ်းမှာအောင်မြင်မှုရရှိထားတဲ့ Toyota အနေနဲ့ အခုလို Grab ကိုလာရောက်ရင်းနှီးမြှပ်နှံမှုပြုလုပ်တာဟာ အရှေ့တောင်အာရှ region အတွက် ကျွန်တော်တို့ […]

Auto News

Grab Taxi Driver များရဲ့ ဖဲကြိုးဖြူလှုပ်ရှားမှု အကြောင်းရင်း

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ Grab taxi ယာဉ်မောင်းသူများမှ Grab Myanmar ကို ဆန္ဒပြတဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ဖဲကြိုးဖြူလှုပ်ရှားမှုကို ယာဉ်မောင်းသူဉီးရေ ၁၀၀ကျော်နဲ့ လုပ်ဆောင်နေတယ်လို့ Yangon Taxi driver group မှတဆင့်သိရပါတယ်။ လှုပ်ရှားမှုမှာပါဝင်သူတွေဟာ မိမိကားမှာ ဖဲကြိုးအဖြူလေးကို စည်းနှောင်ထားကြပါမယ်။ ၂၀၁၆/၂၀၁၇ ခုနှစ်လောက်ကစပြီးတွင်ကျယ်လာတဲ့ taxi application တွေထဲက ဒီနှစ်အစောပိုင်းလောက်မှာ Uber က အရှေ့တောင်အာရှကထွက်ခွာသွားတဲ့နောက် ကြီးကြီးမားမားလုပ်ငန်းအနေနဲ့နေရာယူလာတဲ့ Grab ဟာ သူ့ရဲ့ ယာဉ်မောင်းသူတွေနဲ့အဆင်မပြေမှုတွေကြုံနေပုံရပါတယ်။ ဒီရက်ပိုင်း ဆီစျေးတွေကထိုးတက်တာနဲ့၊ Grab က ယာဉ်မောင်းတွေဆီကဝန်ဆောင်ခ 15% ကနေ 20% တိုးမြှင့်ပြောင်းလဲကောက်ခံတာနဲ့လဲတိုက်ဆိုင်သွားတာကြောင့်လဲဖြစ်နိုင်ပါတယ်။ ပြီးတော့ ယာဉ်မောင်းတွေအနေနဲ့ Grab က သူတို့အတွက် အာမခံမှုတွေ ဝန်ဆောင်မှုတွေသေချာမပေးနိုင်တာနဲ့ သူတို့အပေါ်ဆက်ဆံမှုတွေကို မကျေနပ်တာကြောင့် အခုလိုဆန္ဒပြရတာပါလို့ facebook […]

Auto News

အရှေ့တောင်အာရှမှာ ဒစ်ဂျစ်တယ်နဲ့သက်ဆိုင်ရာလုပ်ငန်းတွေကိုပူးပေါင်းလုပ်ဆောင်ဖို့ Grab နဲ့ Samsung တို့ MOU လက်မှတ်ရေးထိုး

Grab ဟာတော့လက်ရှိအရှေ့တောင်အာရှမှာ သယ်ယူပို့ဆောင်ရေးနဲ့ Mobile ငွေပေးချေမှုစနစ်မှာ ထိပ်တန်းအဆင့်ကရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ထိုနည်းတူ Samsung electronic ဟာလည်း Mobile မာကတ်မှာသာမက လျှပ်စစ်ပစ္စည်း မာကတ်မှာရောထိပ်ရောက်နေတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ အဲ့လိုအင်အားကြီးအောင်မြင်တဲ့ကုမ္ပဏီနှစ်ခုတို့ဟာ ဒစ်ဂျစ်တယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကိုတိုးမြင့်လုပ်ဆောင်ဖို့ နှစ်ရှည် MOU တစ်ခုကိုရေးထိုးခဲ့တာဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပြီးပူးပေါင်းလိုက်ပြီဖြစ်ကြောင်းကိုတော့ ဖေဖော်ဝါရီ လ ၂ ရက်နေ့မှာ Samsung Electronic ကကြေညာခဲ့တာပါ။ Grab အနေနဲ့ Samsung နဲ့ပူးပေါင်းပြီးတော့ သူရဲ့ ယာဉ်မောင်းသူတွေနဲ့ စီးနင်းမယ့် ပုဂ္ဂိုလ်တွေ ပိုမိုအဆင်ပြေအောင် ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ Samsung အနေနဲ့ကတော့ Grab နဲ့ပူးပေါင်းပြီးတော့ Samsung ထုတ်ကုန်သုံးစွဲသူတွေကို ပိုပြီးစိတ်ကျေနပ်မှုပေးနိုင်အောင် ဒစ်ဂျစ်တယ်နည်းပညာတွေအသုံးပြုပြီး လုပ်ဆောင်သွားမှာဖြစ်လို့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လို့ပဲဆိုရမှာပါ။ Anthony […]

Features

JOB ANNOUNCEMENT!

Categories