September 17, 2019

We ❤️ New Cars!

New Car News in Burmese

ပြည်တွင်းစက်သုံးဆီ သိုလှောင်မှုကိုမြှင့်တင်ပြီး စက်သုံးဆီစျေးနှုန်းကိုထိန်းချုပ်သွားမည်

စက်သုံးဆီစျေးနှုန်းမြင့်တက်မှုတွေကို ပြည်တွင်းသိုလှောင်စွမ်းအားကို မြှင့်တင်ပြီးထိန်းချုပ်သွားမှာဖြစ်တဲ့အကြောင်းကို မေလ ၂၃ ရက်နေ့ အစိုးရသက်တမ်း ဒုတိယတစ်နှစ်တာကာလအတွက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမေလအတွင်းမှာ စက်သုံးဆီစျေးနှုန်းဟာ တစ်လီတာကို ကျပ် ၁၀၀ နှုန်းအထိမြင့်တက်လာတာဖြစ်ပြီး သင်္ကြန်ပြီးကတည်းက မြင့်တက်လာနေတာပဲဖြစ်ပါတယ်။ စျေးနှုန်းကျဆင်းတဲ့အချိန်တွေမှာ ပြည်တွင်းစက်သုံးဆီသိုလှောင်မှုကို မြှင့်တင်လိုက်ပါက စက်သုံးဆီစျေးနှုန်းမြင့်တက်လာမှုကို ထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ စက်သုံးဆီစျေးနှုန်း ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန ဒုတိယဝန်ကြီး ဉီးအောင်ထူးက “သင်္ကြန်ပြီးနောက်ပိုင်းမှာ စက်သုံးဆီစျေးနှုန်းတွေတက်လာပါတယ်။ ကုန်သည်တွေရဲ့ပြောဆိုချက်ကတော့ နိုင်ငံတကာ ဆီစျေးတွေတက်လို့ ဆိုပြီးပြောကြပါတယ်။ စက်သုံးဆီက စင်ကာပူကနေ တစ်ဆင့်ဝယ်ယူရတော့ သိုလှောင်နိုင်စွမ်းမရှိတဲ့အခါမှာ စျေးနှုန်းတက်ရင် တက်သလောက်စျေးနဲ့ ကျရင် ကျသလောက် စျေးနဲ့ ဝယ်ယူရတဲ့အနေအထား မျိုးမှာရှိပါတယ်။ စျေးကျတဲ့ အချိန်မျိုးမှာ ဝယ်ပြီးသိုလှောင်ထားနိုင်မယ်ဆိုရင်တော့ စျေးနှုန်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးစက်သုံးဆီကို ဆိပ်ကမ်းတွေမှာ သိုလှောင်နိုင်တဲ့စွမ်းအား […]

Auto News

JOB ANNOUNCEMENT!

Categories