August 19, 2018

We ❤️ New Cars!

New Car News in Burmese

ပြည်တွင်းစက်သုံးဆီ သိုလှောင်မှုကိုမြှင့်တင်ပြီး စက်သုံးဆီစျေးနှုန်းကိုထိန်းချုပ်သွားမည်

စက်သုံးဆီစျေးနှုန်းမြင့်တက်မှုတွေကို ပြည်တွင်းသိုလှောင်စွမ်းအားကို မြှင့်တင်ပြီးထိန်းချုပ်သွားမှာဖြစ်တဲ့အကြောင်းကို မေလ ၂၃ ရက်နေ့ အစိုးရသက်တမ်း ဒုတိယတစ်နှစ်တာကာလအတွက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမေလအတွင်းမှာ စက်သုံးဆီစျေးနှုန်းဟာ တစ်လီတာကို ကျပ် ၁၀၀ နှုန်းအထိမြင့်တက်လာတာဖြစ်ပြီး သင်္ကြန်ပြီးကတည်းက မြင့်တက်လာနေတာပဲဖြစ်ပါတယ်။ စျေးနှုန်းကျဆင်းတဲ့အချိန်တွေမှာ ပြည်တွင်းစက်သုံးဆီသိုလှောင်မှုကို မြှင့်တင်လိုက်ပါက စက်သုံးဆီစျေးနှုန်းမြင့်တက်လာမှုကို ထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ စက်သုံးဆီစျေးနှုန်း ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာန ဒုတိယဝန်ကြီး ဉီးအောင်ထူးက “သင်္ကြန်ပြီးနောက်ပိုင်းမှာ စက်သုံးဆီစျေးနှုန်းတွေတက်လာပါတယ်။ ကုန်သည်တွေရဲ့ပြောဆိုချက်ကတော့ နိုင်ငံတကာ ဆီစျေးတွေတက်လို့ ဆိုပြီးပြောကြပါတယ်။ စက်သုံးဆီက စင်ကာပူကနေ တစ်ဆင့်ဝယ်ယူရတော့ သိုလှောင်နိုင်စွမ်းမရှိတဲ့အခါမှာ စျေးနှုန်းတက်ရင် တက်သလောက်စျေးနဲ့ ကျရင် ကျသလောက် စျေးနဲ့ ဝယ်ယူရတဲ့အနေအထား မျိုးမှာရှိပါတယ်။ စျေးကျတဲ့ အချိန်မျိုးမှာ ဝယ်ပြီးသိုလှောင်ထားနိုင်မယ်ဆိုရင်တော့ စျေးနှုန်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးစက်သုံးဆီကို ဆိပ်ကမ်းတွေမှာ သိုလှောင်နိုင်တဲ့စွမ်းအား […]

Auto News

US ရဲ့လောင်စာစည်းမျဉ်းစည်းကမ်း ကိစ္စဆွေးနွေးဖို့ အမေရိကန်သမ္မတနဲ့ ကားကုမ္ပဏီတို့ချိန်းဆို 

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတဖြစ်သူ Donald Trump ဟာ US ရဲ့လောင်စာ ကိစ္စနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးဖို့ ကားကုမ္ပဏီတွေနဲ့ ချိန်းဆိုလိုက်ပြီဖြစ်ပါတယ်။ US ကကားကုမ္ပဏီတွေသာမက ပြည်ပမှလာရောက်ဖွင့်လှစ်တဲ့ ကားကုမ္ပဏီတွေနဲ့ပါ ၂၀၂၆ ခုနှစ်အထိ လောင်စာ အသုံးပြုရမယ့်အတိုင်းအတာ ပုံစံတွေကိုဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးမှုကတော့ နောက်တစ်ပတ်မှာဖြစ်ပြီး ရက်အတိအကျကတော့ မေလ ၁၁ ရက်နေ့ပါ။ ဆွေးနွေးမယ့် အစည်းအဝေးကိုတော့ ဝါရှင်တန်မြို့မှာရှိတဲ့ အိမ်ဖြူတော်မှာ ကျင်းပသွားမှာဖြစ်ပြီး ကားကုမ္ပဏီတွေရဲ့ CEO တွေနဲ့ အကြီးအကဲတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်မှာဖြစ်ပါတယ်။ General Motors, Ford Motor Co., နဲ့ Toyota Motor Corp. တို့အပါအဝင် ကားကုမ္ပဏီတွေတော်တော်များများ အစည်းအဝေးကို တက်ရောက်မှာပါ။ Trump အနေနဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ ၂၀၂၀ ကနေ ၂၀၂၆ […]

Auto News