July 17, 2018

We ❤️ New Cars!

New Car News in Burmese

Ford Myanmar မှကြီးမှူးကျင်းပသွားမယ့် Taunggyi Expo 2018

Ford Myanmar ဟာတော့ Taunggyi Expo 2018 ကားအရောင်းပြပွဲကြီးကို ဦးစီးပြီး လာမယ့် ဇွန်လိုင်လ ၄ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ အရောင်းပြပွဲကြီးကိုတော့ တောင်ကြီးမြို့ရဲ့ မြို့တော်ခန်းမ မှာကျင်းပသွားမှာဖြစ်ပြီး နံနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိပြသရောင်းချသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ အရောင်းပြပွဲကြီးမှာတော့ Ford ဟာ သူ့ရဲ့ Brandnew ကားအသစ်ကြီးတွေကို ချပြရောင်းချသွားမှာပဲဖြစ်ပါတယ်။ ပွဲကျင်းပမယ့် ဇွန်လိုင်လ ၄ ရက်နေ့ကနေ ၈ ရက်နေ့ကို Ford ဟာ Monsoon Special Sale Promotion ကာလလို့ သတ်မှတ်ထားတာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပရိုမိုးရှင်းကာလအတွင်းမှာ ဝယ်ယူသူများအနေနဲ့ Ford Brandnew ကားတွေကို အထူးစျေးနှုန်းနဲ့ ဝယ်ယူခွင့်ရရှိမှာဖြစ်တယ်လို့ […]

Auto News

Ford မှ Main Sponsor အဖြစ်ပံ့ပိုးကူညီထားတဲ့ 2nd American Trade Show 2018 Yangon

ဇွန်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့ ဉီးဝိစာရလမ်း တပ်မတော်ခန်းမမှာ Myanmar Promotional Services Co.,Ltd ကကြီမှူးကျင်းပသွားမယ့် ဒုတိယကြိမ်မြောက် American Trade Show 2018 မှာတော့ Ford (Capital Automotive Co., Ltd) ဟာ Main Sponsor အဖြစ်ပါဝင်ပံ့ပိုးကူညီပေးသွားမှာပဲဖြစ်ပါတယ်။ ပွဲကျင်းပမယ့်အချိန်ကတော့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိပါ။ American Trade Show ဖြစ်တာကြောင့် ပွဲမှာအဓိကတွေ့မြင်ရမှာကတော့ အမေရိကန်ကထုတ်ကုန်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ပွဲမှာပြသသွားမယ့် အမေရိကန်လုပ်ငန်းကဏ္ဍတွေကတော့ Automobile & Heavy Machinery, Electronic & Electricals, Security & IT Products, Oils […]

Auto News

မန္တလေးမြို့ကြီးမှာကျင်းပသွားမှာဖြစ်တဲ့ Japan Expo & Automotive Show 2018 Mandalay

Myanmar Promotional Services ကုမ္ပဏီကတော့ ၆ ကြိမ်မြှောက် Japan Expo & Automotive Show 2018 ကို မန္တလေးမြို့တော်မှာ ကြီးမှူးကျင်းပသွားတော့မှာဖြစ်ပါတယ်။ ဂျပန်ကုမ္ပဏီတွေအများအပြားပါဝင်မှာဖြစ်ပြီး Capital Automotive Co.Ltd (#Ford), Pacific Alliance Motor Co., Ltd (#Nissan), Century International Auto (#Suzuki), Myanmar TML Limited (#Wuling) အစရှိတဲ့ ကားကုမ္ပဏီတွေလည်းပါဝင်မှာဖြစ်တာကြောင့် မန္တလေးက ကားချစ်သူတွေအကြိုက်တွေ့မယ့် Show တစ်ခုဖြစ်မှာပါ။ မေလ ၂၅ ရက်နေ့ (မနက်ဖြန်) ကစတင်ပြီး မေလ ၂၇ ရက်နေ့အထိမန္တလေးမြို့တော်ခန်းမကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပမယ့်အချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၇ နာရီအထိပါ။ ပွဲကျင်းပတဲ့ကာလမှာ ထိုင်းနိုင်ငံကဖိတ်ခေါ်ထားတဲ့ cosplayer […]

Auto News

မေလဆန်းလောက်မှာ ကျင်းပဖို့ရှိနေတဲ့ Ford Myanmar ရဲ့ Event တစ်ခု

Ford Myanmar ဟာတော့ နှစ်စဉ်ကျင်းလေ့ရှိတဲ့ “Driving Skill For Life (DSFL)” ပွဲတော်ကြီးကိုတော့ မေလဆန်းမှာကျင်းပသွားမှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ကျင်းပမယ့်ရက်တွေကတော့ မေလ ၁၁ ရက်နေ့ နဲ့ ၁၂ ရက်နေ့ဖြစ်ပြီး အချိန်ကာလကတော့ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီ အထိဖြစ်မယ်လို့ဆိုထားပါတယ်။ မနက် ၉ ခွဲကနေ ၁၂…  နေ့လည် ၁ ခွဲကနေ ၄ နာရီအထိ ဆိုပြီး ပွဲချိန်နှစ်ခုခွဲထားပါတယ်။ (ပွဲကျင်းပမယ့် နှစ်ရက်လုံးမှာ ပွဲချိန် ၂ ချိန်ခွဲထားတာဖြစ်ပါတယ်။) ကျင်းပမယ့်တည်နေရာကတော့ ရန်ကုန်မြို့အမှတ် ၆ (A)၊ ပေါ်ဆန်းမွှေးလမ်း၊ ၂၉ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ် က The One Entertainment Park […]

Auto News

မကြာခင်ကျင်းပသွားဖို့ရှိနေတဲ့ Ford Myanmar ရဲ့ကားအရောင်းပြပွဲတစ်ခု

Ford Myanmar ဟာသူ့ရဲ့ နှစ်သစ်ကိုတော့ ကားအရောင်းပြပွဲတစ်ခုကျင်းပပြီး ဖြတ်သန်းတော့မှာပဲဖြစ်ပါတယ်။ အရောင်းပြပွဲကြီးကိုတော့ လာမယ့် ဧပြီလ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ မြန်မာပလာဇာမှာကျင်းပသွားမှာပါ။ ပွဲကျင်းပမယ့်အချိန်က နံနက် ၉ နာရီကနေ ည ၉ နာရီအထိဖြစ်ပြီး ပြပွဲမှာ Ford ရဲ့ Brand New ကားအသစ်ကြီးတွေကို မိတ်ဆက်ရောင်းချသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Ford အနေနဲ့ အရောင်းပြပွဲမှာ မိတ်ဆက်သွားမယ့် ကားအမျိုးအစားနဲ့ နာမည်အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိသေးပေမယ့် ပွဲမှာတကယ် ရင်ခုန်ရမှာကတော့ Giveaway အစီအစဉ်ပါ။ ၂၀၁၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး မေလ ၁ ရက်နေ့အတွင်း Ford Brand New ကားတွေ ဝယ်ယူခဲ့/ဝယ်ယူမယ့် မိတ်ဆွေတွေအနေနဲ့ Giveaway အစီအစဉ်ကိုပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ Giveaway ရဲ့ဆုကြီးကတော့ Ford […]

Auto News

အထူးပရိုမိုးရှင်းအစီအစဉ်တွေနဲ့အတူစောင့်ကြိုနေတဲ့ CarDB Auto Show Mandalay 2018!

မန္တလာသီရိအားကစားကွင်း မှာ မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းသွားမယ့်CarDB Auto Show Mandalay 2018 ဟာဆိုရင်တော့ ထူးခြားလှတဲ့ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ စောင့်ကြိုနေပြီပဲဖြစ်ပါတယ်။ Auto Show ကျင်းပမယ့် ၃ ရက်ကနေ ၅ ရက်နေ့ ၂ ရက်တာကာလ ဆက်တိုက်ကို ကံစမ်းမဲဖောက်ပေးသွားမယ့် ပရိုမိုးရှင်းအစီအစဉ်ပဲဖြစ်ပါတယ်။ ကံစမ်းမဲအတွက်ပါဝင်မယ့်ပစ္စည်းတွေကတော့ ဆိုင်ကယ် အသစ်စက်စက်, FNI အာမခံလုပ်ငန်းမှ ၁၀ သိန်းတန် အသက်အာမခံ Gift Voucher, Mi 5X လက်ကိုင်ဖုန်း, ၄ သိန်းတန် စိန်နဲ့မြ မွှေ့ယာအကောင်းစားကြီး၊ Kenso Air Con, Kenso Stabilizer, Polar Star GPS, Shell Advance Motor Cycle Engine […]

Auto News

CarDB Auto Show 2018 မှာပြသသွားမယ့်ကားတွေကိုသိပြီးကြပြီလား ?

မတ်လ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် CarDB Auto Show 2018 မှာတော့ Ford, Jaguar/Land Rover, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot အစရှိတဲ့ ကားကုမ္ပဏီတွေက မိမိရဲ့ ကားမော်ဒယ်အသစ်ကလေးတွေကိုချပြမိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ Auto Show မှာပြသမယ့် ကုမ္ပဏီတစ်ခုချင်းစီရဲ့ ကားမော်ဒယ်တွေကတော့ -Ford မှာဆိုရင် Everest နဲ့ Ranger Double Cab XLT -Nissan မှာဆိုရင် Sunny, Urvan, Navara -Chevrolet မှာဆိုရင် Trailblazer, Suburban, Malibu, Cruze -Toyota မှာဆိုရင် Vios, Corolla, Camry, Hilux […]

Auto News

၂၀၁၇ ခုနှစ်တုန်းက USA ရဲ့ရောင်းအားအကောင်းဆုံး Top 10 စာရင်းဝင်တဲ့ကားတွေကိုသိပြီးကြပြီလား?

သိပြီးကြတဲ့လူတွေ အမှတ်တရပြန်ဖြစ်အောင်နဲ့ မသိကြသေးတဲ့လူတွေလည်း သိသွားအောင် ဒီဆောင်းပါးမှာ ၂၀၁၇ ရဲ့ USA ရောင်းအားအကောင်းဆုံးကားတွေကို လိုရင်းတိုရှင်းဖြစ်အောင် ဖော်ပြသွားမှာဖြစ်ပါတယ်။ ၂၀၁၇ မှာ USA ရဲ့ရောင်းအားအကောင်းဆုံး နေရာမှာရပ်တည်ခဲ့တဲ့ကားတွေကတော့ – 1. Ford F-series ရောင်းချနိုင်မှုကားအစီးရေ – ၈,၉၆၇၆၄ သိန်း အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၉.၃ ရာခိုင်နှုန်း   2.Chevrolet Silverado ရောင်းချနိုင်မှုကားအစီးရေ – ၅,၈၅၈၆၄ သိန်း အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၁.၉ ရာခိုင်နှုန်း   3.RAM pick-up ရောင်းချနိုင်မှုကားအစီးရေ – ၅,၀၀၇၂၃ သိန်း အရင်နှစ်ကထက်မြင့်တက်လာမှု (%) – ၂.၇ ရာခိုင်နှုန်း   4.Toyota […]

Features

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာကျင်းပခဲ့တဲ့ Ford Myanmar ရဲ့ Lunar New Year Fiesta 2018

Ford Myanmar အနေနဲ့ ရန်ကုန်မှာရှိတဲ့ Ford Showroom မှာပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က “Lunar New Year Fiesta 2018” ကိုကျင်းပခဲ့တာဖြစ်ပါတယ်။ Lunar New Year Fiesta မှာ Ford Myanmar ဟာ PONDs Co., Ltd နဲ့ Pizza Co., Ltd တို့နဲ့ပူးပေါင်းပြုလုပ်တဲ့ Lucky Draw အစီအစဉ်တွေမှာ ကံထူးရှင်တွေဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကြီးမာတွေဆုတွေလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ ကြီးမားတဲ့ဆုတွေကို FORD ဟာ အစီအစဉ်နှစ်ပိုင်းခွဲပြီးပေးအပ်ချီးမြှင့်ခဲ့တာပါ။ ပထမပိုင်းမှာတော့ PONDs Men New Year Lucky Draw Campaign မှာ ကံထူးခဲ့သူဖြစ်တဲ့ ကိုမင်းခန့် အား FORD Brandnew Rapcab […]

Auto News

မန္တလေးမြို့ကြီးမှာမကြာခင်ကျင်းပသွားတော့မယ့် CarsDB Auto Show 2018

မန္တလေးမြို့တော်ကြီးရဲ့ပထမဆုံးနဲ့ အကြီးကျယ်ဆုံးဖြစ်တဲ့ CarsDB Auto Show 2018 ကိုတော့ မတ်လ ၃ ရက်နေ့ကစပြီး ၅ ရက်နေ့အထိ ၃ ရက်တာကျင်းပသွားမှာပဲဖြစ်ပါတယ်။ အချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၈ နာရီအထိဖြစ်ပြီး မန္တလေးသီရိအဆင့်မြင့်အားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၅ ရက်နေ့က Oriental House မှာကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။ CarDB Auto Show မှာတော့ Ford, Jaguar, Nissan, Mitsubishi, DongFeng, Suzuki, Chevrolet, Toyota, Yutong, KIA, Peugeot တို့ရဲ့ မော်ဒယ်အသစ်ဆက်ဆက်ယာဉ်တွေကိုချပြသွားမှာဖြစ်ပြီး စမ်းသပ်မောင်းနှင်ခွင့်ပေးမယ့်အစီအစဉ်လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင်မော်တော်ယာဉ်တွေနဲ့သက်ဆိုင်ရာအပိုပစ္စည်းရောင်းချတဲ့လုပ်ငန်းတွေ၊ ဘဏ်နှင့် မော်တော်ယာဉ် အာမခံလုပ်ငန်းတွေလည်းပါဝင်မှာဖြစ်ပြီး ပြခန်းစုစုပေါင်းအရေအတွက် ၄၀ ကျော်ပါဝင်မယ်လို့လဲပြောကြားထားပါတယ်။ မော်တော်ယာဉ်မော်ဒယ်အသစ်တွေ […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories