May 23, 2018

We ❤️ New Cars!

New Car News in Burmese

AMCI Global ရဲ့ “2018 Most Trusted Automotive” brand တစ်ခုအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ KIA

KIA ဟာတော့ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ AMCI Global သတ်မှတ်တဲ့ “2018 Most Trusted Automotive Non-Luxury brand” ၃ မျိုးထဲက ၁ မျိုးအဖြစ်ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ AMCI global ကကြီးမှူးကျင်းပတဲ့ Trusted Automotive Brands Study (TABS) မှာပဲ KIA ကို 2018 Most Trusted Automotive Non-Luxury brand တစ်ခုအဖြစ်အသိအမှတ်ပြုလိုက်တာပဲဖြစ်ပါတယ်။ KIA ဟာ Most Trusted Automotive brand အဖြစ်အသိအမှတ်ပြုခံရတာ အခု TABS နဲ့ဆို နှစ်ကြိမ်မြောက်ပါ။ (နှစ်ကြိမ်ဆက်တိုက်အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။) အားလုံးသိကြတဲ့အတိုင်း ယုံကြည်မှုဆိုတာဟာ Brand တစ်ခုရဲ့ ဂုဏ်ကိုပိုမိုတိုးတက်စေတဲ့အရာတစ်ခုဖြစ်သလို ဝယ်သူတွေစိတ်ချလက်ချဝယ်ယူနိုင်အောင်ဖန်တီးပေးတဲ့အရာတစ်ခုပါ။ အဲ့လို ယုံကြည်မှုကိုထောက်ခံပေးခြင်းခံရတာ တစ်ကြိမ်တောင်မဟုတ်ပဲ နှစ်ကြိမ်ဆက်တိုက်ဆိုတော့ […]

Auto News

2018 California Air Quality Award ကိုသိမ်းပိုက်ခဲ့တဲ့ Honda Clarity series!

Honda ရဲ့ Clarity series ဟာ လေထုညစ်ညမ်းမှုနည်းပါးအောင်ဖန်တီးထားတဲ့ Vehicle ဖြစ်တာကြောင့် Coalition for Clean Air ကချီးမြှင့်တဲ့ 2018 California Air Quality Award ကိုပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ Coalition for Clean Air (CCA) ကတော့ ၁၉၇၁ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ ကယ်လီဇိုးနီးယား အကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် အထူးသဖြင့်လေထုညစ်ညမ်းမှုရန်တွေကို ကာကွယ်ပေးဖို့ပါ။ CCA ဟာလူတိုင်းလူတိုင်းလေကောင်းလေသန့်ကိုရှုဖို့အခွင့်အရေးရှိတယ်လို့ ယုံကြည်ထားတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ Honda ဟာသူ့ရဲ့ Clarity series ကို ၂၀၁၈ အတွင်း ကယ်လီဖိုးနီးယားမှာ ၅၆ ရာခိုင်နှုန်းအထိရောင်းချခဲ့ပြီးပြီဖြစ်ပါတယ်။ ၅၆ ရာခိုင်နှုန်းအထိ ကယ်လီဖိုးနီးယားမှာရောက်ရှိနေတာတောင် လေထုညစ်ညမ်းမှုကိုလျော့ချသေးနိုင်ဆိုတော့ Clarity series ဟာတော်တော်လေးအခြေအနေကောင်းတဲ့အဆင့်ရောက်ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ […]

Auto News

‘Best Electric Car’ award ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Nissan Leaf

2018 Nissan leaf လေးဟာတော့ Diesel and EcoCar Magazine ရဲ့ ‘Best Electric Car’ award ကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ DieselCar and EcoCar အယ်ဒီတာအဖွဲ့ဟာ ကားအသစ်ပေါင်း ၁၇၅ စီးကို လက်တွေ့မှာအသုံးပြုနေတဲ့ ပုံစံအတိုင်းစမ်းသပ်ပြီးတော့မှသာ ‘Best Electric Car’ award ကိုချီးမြှင့်ခဲ့တာပါ။ ‘Best Electric Car’ award နဲ့ပတ်သက်ပြီး Nissan Motor GB ရဲ့ Managing Director ဖြစ်သူ Alex Smith က “Nissan Leaf ဟာစတင်ထုတ်လုပ်တဲ့ 2011 ခုနှစ်မှာကတည်းက Mainstream ပေါ်ရောက်နေပြီးသာ Electric vehicle တွေရဲ့စံထားခြင်းကိုခံခဲ့ရတာပါ။ လက်ရှိ ကားပြုလုပ်တဲ့ကုမ္ပဏီတော်တော်များများ First […]

Auto News

“Subcompact Utility Vehicle Award” ကိုပိုင်ဆိုင်ခဲ့တဲ့ 2018 Hyundai Kona 

2018 Hyundai Kona ဟာတော့ Northwest Automotive Press Association (NWAPA) ရဲ့ “Subcompact Utility Vehicle Award” ကိုသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ရက်ကပဲတရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဝါရှင်တန်မြို့မှာကျင်းပခဲ့တဲ့ 218 Mudfest ပြိုင်ပွဲမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ “Subcompact Utility Vehicle Award” ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး NWAPA ရဲ့ President ဖြစ်သူ John Vincent က “2018 Hyundai ဟာ ကျွန်တော်တို့ Northwest Outdoor Activity Vehicle of the Year competition မှာအကောင်းမွန်ဆုံးလုပ်ဆောင်နိုင်ခဲ့တယ်။ သူ့မှာပါဝင်တဲ့ လွယ်လွယ်ကူကူလျှင်လျှင်မြန်မြန်ကိုင်တွယ်နိုင်တဲ့ စတီယာတိုင်နဲ့တင် Subcompact ကားအမျိုးအစားတွေထဲမှာတော်တော်လေးထိပ်ရောက်နေပြီလို့ပြောလို့ရတယ်။ အရည်အသွေးကလည်း ပြည့်မှီနေပြီး ကားရဲ့အတွင်းပိုင်းအနေအထားက ကျွန်တော်တို့ […]

Auto News

“2018 Edmunds Best Retained Value” ဆုကိုပိုင်ဆိုင်ခဲ့တဲ့ Honda ကားမော်ဒယ် ၃ ခု

Honda ရဲ့ ထိပ်တန်းရောင်းအားအကောင်းဆုံးကားမော်ဒယ် ၃ ခုကတော့ “2018 Edmunds Best Retained Value” ဆုကို ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ ဆု ရရှိသွားတဲ့ ကားမော်ဒယ်တွေကို မပြောခင် Edmunds အနေနဲ့ “Best Retained Value” ဆုပေးတဲ့အခါဘာတွေကြည့်လဲဆိုတာ အရင်ဉီးဆုံးပြောပါရစေ။ Edmunds ဟာ ကားပိုင်ရှင် နဲ့ ကား တို့ရဲ့ ၅ နှစ်တာသက်တမ်း ပတ်သက်မှုကို ကြည့်တာပါ။ ၅ နှစ်တာကာလအတွင်းမှာ ကား အတွက် ကားပိုင်ရှင်ကုန်ကျမယ့် ငွေကြေးပမာဏ၊ ကားကိုပြန်ရောင်းတဲ့အခါ ရရှိမယ့် အမြတ်အစွန်း အစရှိတာတွေကို တွက်ချက်ပြီး “Best Retained Value” လို့သတ်မှတ်တာဖြစ်ပါတယ်။ ခြုံပြောရရင် ကားပိုင်ရှင်ကို အကျိုးအမြတ်ဖြစ်စေမယ့် ကားမျိုးမှသာ “Best Retained Value” […]

Auto News

“Must Test Drive Award” စာရင်းထဲမှာပါဝင်ခဲ့တဲ့ 2018 Honda Accord

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က Autotrader မှချီးမြှင့်ခဲ့တဲ့ “2018 Must Test Drive Award” စာရင်းထဲမှာ 2018 Honda Accord ဟာပါဝင်ခဲ့ပြီဖြစ်ပါတယ်။ Autotrader ရဲ့ “Must Test Drive Award” စာရင်းမှာ Vehicle ၁၂ စီးရွေးချယ်ထားတာဖြစ်ပြီး 2018 Honda Accord ဟာတော့ ၃ နေရာမြောက်ကပါဝင်ခဲ့တာပါ။ 2018 Accord ကို “Must Test Drive Award” စာရင်းထဲမှာထည့်သွင်းထားရုံသာမက Midsize Sedan တွေရဲ့ “Best-ever” version တစ်ခုဖြစ်တယ်လို့လဲ Autotrader ကတင်စားချီးမွမ်းထားပါသေးတယ်။ 2018 Accord ဟာ ကနဉီးထွက်ရှိခဲ့တဲ့ generation တွေနဲ့ ဒီဇိုင်းပိုင်း၊ […]

Auto News , New Models

New York Daily News Auto Awards စာရင်းထဲမှာပါဝင်ခဲ့တဲ့ 2018 Honda Accord, Civic နဲ့ Fit

2018 New York Daily News Auto Awards (သို့) DNA Awards ကို Honda ဟာ 2018 Accord, Civic, Fit တို့နဲ့သိမ်းပိုက်နိုင်ခဲ့ကြောင်းကို ပြီးခဲ့တဲ့ရက်ကပဲ Honda မှတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ DNA Awards ကို City Car, City SUV, Small Car, Small SUV, Family Car, Family SUV, Plug-in Hybrid (or) Electric Vehicle, Performance Car, Truck, Minivan, Premium Car, Premium SUV, Luxury Car, Luxury SUV, Luxury Performance Car, […]

Auto News

2018 “Best Cars for Families” စာရင်းမှာပါဝင်ခဲ့တဲ့ Honda Odyssey နဲ့ CR-V

2018 Honda Odyssey နဲ့ CR-V တို့ဟာ U.S News ကသတ်မှတ်တဲ့ “2018 Best Cars for Families” စာရင်းမှာပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ SUVs and Minivans အမျိုးအစားထဲမှာပါဝင်ခဲ့တာဖြစ်ပြီး 2018 CR-V ဟာဆိုရင် Best compact SUV, 2018 Odyssey ဟာဆိုရင် Best Compact Minivan ခေါင်းစဉ်နဲ့ Best Cars for Families စာရင်းထဲမှာပါဝင်ခဲ့တာပါ။ U.S News ဟာ “Best Cars for Families” အဖြစ်သတ်မှတ်ဖို့ ကားရဲ့လုံခြုံစိတ်ချမှုတုံ့ပြန်ချက်တွေ၊ ထိုင်ခုံအနေအထားတွေ၊ ပစ္စည်းထားလို့ရမယ့်နေရာအကျယ်အဝန်းတွေ၊ မိသားစုလိုက်သွားရတာအဆင်ပြေမယ့် Feature ပါဝင်မှုတွေအပြင် ပရောဖက်ရှင်နယ်တွေရေးထားတဲ့ကားနဲ့ သက်ဆိုင်ရာ ဆောင်းပါးတွေကိုပါ အကုန်တိုင်းတာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ […]

Auto News

Car & Driver Magazine ရဲ့ “2018 Editors Choice Awards” တွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Honda မော်ဒယ်များ

Car & Driver Magazine ဟာ Editors Choice Awards ကို Crossovers/SUVs, Sedans, Hatchbacks, Hybrid and Electric Vehicles, Pick-up Trucks, Station Wagons, Coupes and Convertibles, Minivan/Vans အစရှိတဲ့ အမျိုးအစားများစွာနဲ့ပေးအပ်ခဲ့တာဖြစ်ပြီး Honda ဟာ သူ့ရဲ့ မော်ဒယ် ၈ ခုနဲ့အတူ Car & Magazine ရဲ့ Editor Choice Awards တွေကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ Sedan 2018 Honda Accord (Mid-size Sedan) 2018 Honda Civic (Compact Sedan) 2018 Honda Civic Si (Compact […]

Auto News

Good Housekeeping ရဲ့ “Best New Cars” လို့သတ်မှတ်ခြင်းခံခဲ့ရတဲ့ 2018 Honda Accord နဲ့ Odyssey

2018 Honda Accord နဲ့ Odyssey တို့ဟာ Good Housekeeping ရဲ့ 2018 “Best New Cars” ထဲမှာပါဝင်ခဲ့ကြောင်းကို Honda မှတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ Honda Accord ဟာ Best Sedan အနေနဲ့ပါဝင်ခဲ့တာဖြစ်ပြီး Honda Odyssey ဟာတော့ Best Minivan အနေနဲ့ပါဝင်ခဲ့တာပါ။ Good Housekeeping အနေနဲ့ “Best New Cars” ရွေးချယ်မှုအတွက် Car and Driver နဲ့ပူးပေါင်းပြီးစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မော်ဒယ်အသစ်ကား ရာကျော်ကို မိုင် ၃,၀၀၀ လောက်မောင်းနှင်ပြီး လမ်းတလျှောက်မှာဖြစ်ပျက်တဲ့ကားရဲ့အခြေအနေတွေကို တိုင်းတာပြီးမှ “Best New Cars” စာရင်းထဲထည့်သွင်းတာပါ။ ကားရဲ့အခြေအနေတွေဆိုတာကတော့ လုံခြုံစိတ်ချရမှု၊ အရေအသွေးပိုင်း၊ ကားတွင်းဒီဇိုင်းပိုင်း၊ သက်တောင့်သက်သာရှိမှု […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories