September 25, 2018

We ❤️ New Cars!

New Car News in Burmese

Tajima-Jiayuan Ultra Lightweight Vehicle ကိုဖော်ပြလိုက်ပြီဖြစ်တဲ့ Tajima Motor Corporation!

Tajima Motor Corporation ဟာပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ Automotive world မှာ Tajima-Jiayuan Ultra Lightweight Vehicle ကိုဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ Tajima Motor Corporation ဟာ ပြိုင်ကားတွေကိုဖန်တီးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ပြိုင်ကားတွေဖန်တီးတဲ့ ကုမ္ပဏီဆိုပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်က Electric Vehicle (EV) တွေကိုလည်းတီထွင် ဖန်းတီးခဲ့ဖူးပါတယ်။ အခုတော့ EV အသေးစားလေးဖြစ်တဲ့ Tajima-Jiayuan ကိုတော့ Automotive World မှာချပြလိုက်ပြီဖြစ်ပါတယ်။ Tajima-Jiayuan  ဘက်ထရီပါဝင်တဲ့ EV ပါ။ ၈ နာရီအထိ ဘက်ထရီ သွင်းပြီးသွားပြီဆိုရင်တော့ ၉၀ ကီလိုမီတာ အထိမောင်းနိုင်မှာဖြစ်ပါတယ်။ တစ်နာရီ အများဆုံးမောင်းနှင်နိုင်တဲ့နှုန်းကတော့ ၄၅ ကီလိုမီတာပါ။ Tajima-Jiayuan ဟာ သေးငယ်တဲ့ EV ကားဖြစ်ပြီး […]

New Models

WEVC Technology ကိုအနာဂတ်အတွက် ချပြလိုက်တဲ့ Qualcomm!

Qualcomm ရဲ့နည်းပညာဖြစ်တဲ့ WEVC (Wireless Electric Vehicle Charging) ကိုပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့တုန်းက ဂျပန်မှာကျင်းပခဲ့တဲ့ Automotive World မှာ ကျွန်တော်တို့ AutoMyanmar က Qualcomm ရှိရာကို သွားရောက်လေ့လာပြီးသိရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ပိုင်းတွေမှာ တွေ့မြင်ရမယ့်ကားတွေက လျှပ်စစ်ကား (EV) တွေပဲဖြစ်တော့မှာကြောင့် အနာဂတ်နည်းပညာလို့တင်စားလိုက်တာပဲဖြစ်ပါတယ်။   WEVC အကြောင်းပြောဖို့ Halo development အကြောင်းလေးကိုအရင်စပါရစေ။ Halo development ဆိုတာကတော့ New Zealand မှာရှိတဲ့ Auckland တက္ကသိုလ်ရဲ့ developement lab တစ်ခုဖြစ်ပါ။ ၁၉၈၈ မှာ Wireless power transfer system စတင်တီထွင်နိုင်ခဲ့တဲ့ lab တစ်ခုလည်းဖြစ်ပါတယ်။ ၂၀၁၂ မှာတော့ Qualcomm ဟာ […]

Auto News

JOB ANNOUNCEMENT!

Categories