July 22, 2018

We ❤️ New Cars!

New Car News in Burmese

Kona Iron Man edition ကို 2018 San Diego Comic-Con မှာ Official ချပြမိတ်ဆက်လိုက်တဲ့ Hyundai 

Marvel Studio ရဲ့နာမည်အကြီးဆုံးဇာတ်ကောင်တွေထဲက တစ်ဉီးဖြစ်တဲ့ Tony Stark (သို့) Iron Man ရဲ့ဒီဇိုင်းအနေအထားကို အခြေခံပြီး ဖန်တီးထားတဲ့ Kona Iron Man edition ကိုတော့ Hyundai ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က San Diego မှာ ကျင်းပခဲ့တဲ့ 2018 San Diego Comic-Con မှာတရားဝင်ချပြမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။  2018 Kona Iron Man edition ကို Tony Stark ရဲ့ စမ်းသပ်မှုပြုလုပ်တဲ့ အခန်းမှာဖန်တီးနေတဲ့ပုံပြထားပြီး Tony Stark ရဲ့ Iron suit ကိုပြလိုက်၊ Kona Iron Man edition ပြလိုက်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ […]

Auto News , New Models

အကောက်ခွန် အမှုထမ်း/အရာထမ်း ၁၂ ဉီး အဂိတိလိုက်စားမှုနဲ့ အမှုဖွင့်အရေးယူခံရ

ရန်ကုန်ဆိပ်ကမ်းကတဆင့် တင်သွင်းလာတဲ့ Delivery Van မော်တော်ယာဉ်တွေကို ဆိပ်ကမ်းပြင်ပ ထုတ်ယူတဲ့အခါမှာ အခကြေးငွေပေးဆောင်ရတယ်လို့ တိုင်ကြားခံထားရတာကြောင့် အကောက်ခွန် အမှုထမ်း/အရာထမ်း ၁၂ ဉီးကတော့ အဂိတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေနဲ့ အမှုဖွင့်အရေးယူခြင်းခံရတယ်လို့ အဂိတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ဇူလိုင် ၁၆ ရက်နေ့ကထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ပေးပို့ခဲ့တဲ့တိုင်ကြားစာမှာ ဆိုရင် Delivery Van မော်တော်ယာဉ်တွေကို ရန်ကုန်ဆိပ်ကမ်းကနေတဆင့် တင်သွင်းရာမှာ ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိဖို့ အကောက်ခွန်ရှင်းလင်းရေးကိုယ်စားလှယ်များကတစ်ဆင့်ငွေပေးရခြင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းများကြီးကြပ်ရေးကော်မတီရဲ့ မူဝါဒသတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်တွေကို ဆိပ်ကမ်းမှထုတ်ယူနိုင်ရန် ငွေပေးရခြင်း အစရှိတာတွေအစဉ်အလာဖြစ်နေမှုတွေကို စုံစမ်းဖော်ထုတ်ပေးဖို့လည်းပါဝင်ကြောင်းသိရရှိရပါတယ်။ Delivery Van ကား ၃ စီးထုတ်ယူရာမှာ အကောက်ခွန်ဉီးစီးငှာနစစ်ဆေးရေးအရာရှိကငွေကျပ် ၂၄ သိန်း၊ Model Year စစ်ဆေးအတည်ပြုတဲ့ ဉီးစီးအရာရှိက ၁၅ သိန်း ယူခဲ့ကြောင်း ဒုတိယအကြိမ် […]

Auto News

ယာဉ်မရပ်နားဖို့သတ်မှတ်ထားတဲ့လမ်းမတွေမှာ အချိန်ကြာကြာရပ်နားထားပါက ထောင်ဒဏ်ချမှတ်ခံရသည်အထိ အရေးယူခံရမည်

ယာဉ်ရပ်နားခွင့်မရှိဟု သတ်မှတ်ထားတဲ့ လမ်းမတွေမှာ စည်းကမ်းမဲ့အချိန်ကြာကြာယာဉ်ရပ်နားထားပါက ထောင်ဒဏ်အထိချမှတ် အရေးယူအပြစ်သွားမှာဖြစ်ကြောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ ယာဉ်မရပ်နားဖို့ သတ်မှတ်ထားတဲ့နေရာဒေသတွေမှာ အကြောင်းမဲ့ အချိန်အကြာကြီးရပ်နားထားရင်တော့ ငွေဒဏ် ၁ သိန်းကနေ ၅ သိန်းအထိပေးဆောင်သွားနိုင်ခြေရှိပြီး ဒုတိယအကြိမ်ဆိုရင်တော့ ထပ်ပြီးကျုးလွန်တယ်ဆိုရင် ထောင်ဒဏ် ၃ လ အထိချမှတ်အရေးယူခံရနိုင်ခြေရှိတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိတစ်ဉီးက “အများပြည်သူလမ်းပေါ်တွေနဲ့ ယာဉ်မရပ်ရသတ်မှတ်ထားတဲ့နေရာတွေရှိပါတယ်။ အဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာရပ်နားထားလို့မရဘူးဆိုတာလည်း ဉပဒေထဲမှာပါတယ်။ ပထမတစ်ကြိမ်ကို ငွေဒဏ်နဲ့ နောက်တစ်ကြိမ်ဆိုရင် ထောင်ဒဏ်အထိချမှတ်နိုင်တယ် လို့ဖော်ပြထားပါတယ်။” လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဗဟိုလမ်း၊ မင်းဓမ္မလမ်း၊ အင်းယားလမ်း၊ ကျွန်းတောလမ်း၊ ဦးဝိစာရလမ်း၊ ရွှေဘုံသာလမ်း၊ ပန်းဆိုးတန်းလမ်း၊ သိမ်ဖြူလမ်း၊ သုဓမာလမ်း၊ ဝေဇယန္တာလမ်း၊ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ […]

Auto News

မိုးရာသီအတွက် ကားတွေကို အထူးပရိုမိုးရှင်းချရောင်းချပေးနေပြီဖြစ်တဲ့ Jaguar Land Rover 

Jaguar (Myanmar) မှ မိတ်ဟောင်း၊ မိတ်သစ် ဧည့်သည်တွေကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ Jaguar XKL ကားအမျိုးအစားကို ပရိုမိုးရှင်းအစီအစဉ်နဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မနေ့ကစတင်ပြီး လာမယ့် သြဂုတ်လ ၃၁ ရက်နေ့အတွင်းရောင်းချပေးသွားမှာဖြစ်တယ်လို့ ကြေညာထားကြောင်း သိရှိရပါတယ်။ Luxury နဲ့ Racing Sport အတွေ့အကြုံကို တစ်ပြိုင်နက်ပေးစွမ်းနိုင်မယ့် Jaguar XJL ကားအမျိုးအစားကို အထူးလျော့စျေးနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး တစ်နှစ်စာအလုံးစုံမော်တော်ယာဉ် အာမခံ၊ ကားနဲ့သက်ဆိုင်ရာပစ္စည်းတွေကိုလည်း လက်ဆောင်အဖြစ်ပေးအပ်သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ်ပရိုမိုးရှင်းအစီအစဉ်ကတော့ service ပိုင်းဆိုင်ရာပါ။ Service ပိုင်းကတော့ Jaguar (Myanmar) မှ တင်သွင်းရောင်းချတဲ့ ကားအမျိုးအစားအားလုံးကို နဂိုမူလ 3 Years Warranty Service အပြင်ကို 5 Years […]

Auto News

လိုင်စင်မဲ့ကားတွေနဲ့ နံပါတ်အပွားတပ်ဆင်ထားတဲ့ယာဉ်တွေကို စီမံချက်နဲ့ထိထိရောက်ရောက်ဖမ်းဆီးအရေးယူသွားမည်ဟုဆို 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာပြေးဆွဲနေတဲ့ လိုင်စင်မဲ့ကားတွေနဲ့ နံပါတ်အပွားတပ်ဆင်ထားတဲ့ကားတွေကို အဖွဲ့ ၃၀ ဖွဲ့စည်းပြီး စီမံချက်တွေနဲ့ ထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးကကြေညာထားကြောင်းသိရှိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးအကြီးတန်းအရာရှိတစ်ဉီးကလည်း “ရန်ကုန်မှာလိုင်စင်မဲ့ကားတွေနဲ့ နံပါတ်အပွားတပ်ဆင်ထားတဲ့ကားတွေကို စစ်ဆေးသွားမယ်။ စစ်ဆေးတဲ့ အဖွဲ့ ၃၀ ဖွဲ့ထားတယ်။ တစ်ရက်ကို ၁၀ ဖွဲ့နဲ့လူစည်ကားတဲ့နေရာတွေမှာ ကားတွေကို တားပြီးမှတ်ပုံတင်ထားတဲ့ ကားဟုတ်၊ မဟုတ် စစ်ဆေးဖမ်းဆီးတာတွေလုပ်သွားမယ်။” လို့ပြောကြားကြောင်းလည်း သိရှိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကာလအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ကားအစီးရေ ၁၄၉ စီးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ယခု ၂၀၁၈ မှာတော့ နှစ်စကနေ ယခု ဇူလိုင်လအထိကို လိုင်စင်မဲ့ကားအစီးရေ ၁၃၀ ကျော်ကိုဖမ်းဆီးရရှိခဲ့ပြီးပြီဖြစ်တယ်လို့လဲ သိရပါတယ်။

Auto News

ပရဟိတလူမူကူညီရေးလိုင်စင်မဲ့ယာဉ်တွေကို တရားဝင်မှတ်ပုံတင်ရရှိဖို့ကြိုးပမ်းသွားမည်ဟုဆို

ပြီးခဲ့တဲ့လတုန်းက လိုင်စင်မဲ့ ပရဟိတလူမှုကူညီရေးယာဉ်တွေကို ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ပရဟိတလုပ်ငန်းယာဉ်အချို့ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။ အဲ့လို လိုင်စင်မဲ့ပရဟိတ ယာဉ်တွေကိုဖမ်းဆီးနေတာကြောင့် မန္တလေးတိုင်းဒေသကြီးက လူမူရေးအသင်းအဖွဲ့ပိုင်က လိုင်စင်မဲ့ ပရဟိတယာဉ်တွေကို တရားဝင်မှတ်ပုံတင်ရရှိနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို တင်ပြသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့လိုတင်ပြနိုင်ဖို့ အတွက်လည်း မန္တလေးအခြေစိုက်လူမူကူညီရေးအသင်းတွေအားလုံးစုပေါင်းပြီးထောက်ခံဆန္ဒပြုပေးနိုင်ဖို့အတွက်စည်းရုံးရေးလုပ်ငန်းတွေလုပ်ဆောင်နေကြောင်း One To One ပြည့်သူ့ကူညီရေးအဖွဲ့ တာဝန်ရှိသူကပြောကြားခဲ့တယ်လို့ လဲသိရပါတယ်။ လက်ရှိမှာ လူမူကူညီရေးအသင်းပိုင်လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပေမယ့် မန္တလေးတိုင်းဒေသကြီးမှာတော့ ဖမ်းဆီးမှုတွေမရှိသေးကြောင်းကိုလည်း ဖေးကူလက်များလူမူကူညီရေးကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဖမ်းဆီးမှုမရှိသေးပေမယ့် ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် လူမူကူညီရေးအဖွဲ့အချို့ရပ်နားထားရတယ်လို့လဲ ဆက်လက်ပြောကြားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ လူမူကူညီရေးအသင်း ၂၀၀ ကျော်ရှိနေပြီး အသင်းတွေပိုင်ဆိုင်တဲ့ ယာဉ်အစီးရေ ၅၀၀ ကျော်ထဲမှာ ၃၀၀ ဝန်းကျင်ဟာ လိုင်စင်မဲ့ယာဉ်တွေဖြစ်တယ်လို့လဲ သိရှိရပါတယ်။

Auto News

ကတ်စနစ်ယာဉ်စီးခ စနစ်စတင်အသုံးပြုချိန်တွင် ယာဉ်စီးခ ကောက်ခံနေတဲ့ မီနီဘတ်စ်ကားပြေးဆွဲခွင့်ကန့်သတ်မည်ဟုဆို 

လက်ရှိမှာတော့ YBS ယာဉ်လိုင်းတွေမှာ ကတ်စနစ်နဲ့ အသုံးပြုနိုင်တဲ့ YPS (Yagon Payment Service) စနစ်အတွက် Asia Starmar Transport Intelligent ကုမ္ပဏီဟာ တင်ဒါအောင်မြင်သူအဖြစ်ရွေးချယ်ခြင်းခံရပြီး အခုနှစ်အတွင်း YPS စနစ်ကိုစတင်အကောင်အထည်ဖော်သွားတော့မှာပဲဖြစ်ပါတယ်။ YPS စနစ် အကောင်ထည်ပေါ်သွားပြီး စတင်အသုံးပြုမယ့်အချိန်ကျရင် ယာဉ်အနောက်မှ ယာဉ်စီးခ ကောက်ခံနေတဲ့ မီနီဘတ်စ်ကားပြေးဆွဲခွင့်ကို ကန့်သတ်သွားမယ့်အကြောင်းကိုတော့ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဉီးက “YBS ကားတွေမှာ ကတ်စနစ်လုပ်ရင် ယာဉ်နောက်လိုက်နဲ့ ကားခကောက်နေတဲ့ မီနီဘတ်စ်ကားတွေ ပြေးဆွဲတာကိုကန့်သတ်တာ တွေလုပ်မှာပါ။ YPS ကတ်စနစ်က စာချုပ်စာတမ်းတွေနဲ့ ညှိနှိုင်းတာတွေ လုပ်ပြီးရင် YBS ကားတွေမှာ ကတ်စနစ်ကို အမြန်ဆုံး တပ်ဆင်အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ။” လို့ ပြောကြားခဲ့ကြောင်းလည်း […]

Auto News

Auto Express New Car Awards 2018 မှာဆုရရှိသွားတဲ့ Nissan Intelligent Mobility 

Nissan Intelligent Mobility ကတော့ Brand New ကားအသစ်ကြီးတွေဖြစ်တဲ့ 2018 Nissan Qashqai နဲ့ 2018 Nissan Leaf တို့နဲ့ Auto Express New Car Awards 2018 မှာ ဆု တွေသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Nissan Qashqai ကတော့ လွန်ခဲ့တဲ့ အနှစ် ၃၀ ကနေတိုးတက်ပြောင်းလဲလာတဲ့ ဒီဇိုင်းအနေအထားတွေကြောင့် ဆုရရှိခဲ့တာဖြစ်ပြီး Nissan Leaf ကတော့ ဆန်းသစ်လှတဲ့ Feature တွေနဲ့ ထူးခြားတဲ့ နည်းပညာတွေကြောင့် ဆု ရရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိဆုရရှိသွားတဲ့ Nissan Qashqai ကတော့ ၂၀၁၇ တုန်းကတိုးမြှင့်မှုတွေပြုလုပ်ထားတာဖြစ်ပြီး ၂၀၁၈ မှာ UK ရဲ့ ရောင်းအားအကောင်းဆုံး ကားစာရင်းမှာ နံပါတ် […]

Auto News

၂၀၁၈ နှစ်ဝက်အတွင်းမှာ ရောင်းချနိုင်မှုရလဒ်ကောင်းတွေပိုင်ဆိုင်ထားတယ်ဆိုတဲ့ Volvo 

Premium Car Maker ဖြစ်တဲ့ Volvo ဟာတော့ ၂၀၁၈ နှစ်တစ်ဝက်အတွင်းရောင်းချနိုင်မှု ရလဒ်အခြေအနေကောင်းမွန်နေကြောင်းကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အစီးရေ 317,639 စီးအထိရောင်းချနိုင်ခဲ့ပြီး ရလဒ်ဟာ အရင် ၂၀၁၇ ကထက် ၁၄.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ အရင် ၂၀၁၇ ခုနှစ် နှစ်ဝက်တုန်းက 277,641 စီးသာရောင်းချနိုင်ခဲ့တာပါ။ Volvo ဟာသူ့ရဲ့အဓိက စျေးကွက်တွေဖြစ်တဲ့ Europe, China, US အပြင် အခြားသော စျေးကွက်တွေမှာလည်း ရောင်းချနိုင်မှုအတိုင်းအတာက ကောင်းမွန်နေတာကြောင့် ရလဒ်ကောင်းတွေရရှိတဲ့ နှစ်တစ်နှစ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ကြေညာချက်အရ U.S စျေးကွက်မှာ ကားအစီးရေ 47,622 စီးအထိ ရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၇ ကထက် ၄၀ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ U.S မာကတ် မှာဆိုရင် XC60 […]

Auto News

တစ်ဉီးချင်းပိုင်ယာဉ်လိုင်းအချို့ကို YRTA ထံပြန်လည်အပ်နှံလိုက်တဲ့ OMINI Focus ကုမ္ပဏီ

Omini Focus ကုမ္ပဏီရဲ့ အုပ်ချုပ်မှု လက်အောက်မှာရှိနေတဲ့ တစ်ဉီးချင်းပိုင်ယာဉ်လိုင်းတွေဖြစ်တဲ့ YBS အမှတ် ၂၇၊ အမှတ် ၈၅ တို့ကို Yagon Region Transport Authority (YRTA) ထံပြန်လည် အပ်နှံလိုက်ပြီဖြစ်တယ်လို့သိရပါတယ်။ အများပိုင်ယာဉ်လိုင်းစနစ်နဲ့ သာ ဆောင်ရွက်သွားချင်တာကြောင့် အခုလို ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ လဲသိရှိရပါတယ်။ ယာဉ်လိုင်းပြန်လည် အပ်နှံမှုနဲ့ပတ်သက်ပြီး Omini Focus ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူက “ကုမ္ပဏီမှာရှိတဲ့ တစ်ဉီးတစ်ယောက်ချင်းပိုင် ယာဉ်လိုင်း ၂ ခုဖြစ်တဲ့ အမှတ် ၂၇ နဲ့ ၈၅ ယာဉ်လိုင်းတွေကို YRTA ကိုပြန်အပ်ဖို့တော့တင်ပြထားတယ်။ ရေရှည်မှာ အများပိုင်စနစ်သွားနေတာဆိုတော့ တစ်ဉီးတစ်ယောက်ချင်းပိုင်ယာဉ်လိုင်းတွေကို မအုပ်ချုပ်ချင်တော့ဘူး။ အခု အဲ့ဒီယာဉ်လိုင်း ၂ လိုင်းကို YRTA ထံပြန်ပေးထားတယ်။” ဟုပြောကြားခဲ့ကြောင်းသိရှိရပါတယ်။ YRTA […]

Auto News

JOB ANNOUNCEMENT!

Recent Posts

Archives

Categories