June 21, 2018

We ❤️ New Cars!

New Car News in Burmese

ရန်​ကုန်​လိုင်​စင်​ YVQC (Yangon Vehicle Quota Certificate) စနစ်ခွဲတန်းလက်မှတ်များကို ဝယ်ယူပြီးထားသောကားပိုင်ရှင်များအနေနဲ့ မိမိရဲ့ကားဟာ တိုက်ကြေကားဖြစ်သွားလို့ ကားပြန်သွင်းချိန်မှာ ရန်ကုန်လိုင်စင်လက်မှတ် ပြန်ပြီးဝယ်ယူစရာမလိုအပ်တော့ဘူးပဲဖြစ်ပါတယ်။ ရန်ကုန်လိုင်စင် YVQC လက်မှတ်တွေကိုတော့ အင်ဂျင်ပါဝါအပေါ်လိုက်ပြီးစျေးနှုန်းသတ်မှတ်ရောင်းချနေတာဖြစ်တာကြောင့် မိမိရဲ့တိုက်ကြေသွားတဲ့ကားကိုအပ်ပြီး အသစ်ပြန်လည်တင်သွင်းတဲ့အခါ တိုက်ကြေကားနဲ့ တင်သွင်းမယ့်ကားတို့ဟာအင်ဂျင်ပါဝါတူညီနေရပါမယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး YVQC ခွဲတမ်​းလက်မှတ်​စနစ်​လုပ်​​ဆောင်​​နေသူ တာဝန်​ရှိသူတစ်ဦးကလည်းအောက်ပါအတိုင်းပြောကြားထားတာဖြစ်ပါတယ်။

“ရန်​ကုန်​လိုင်​စင် လက်​မှတ်​ဝယ်​ပြီး ယာဉ်​တိုက်​မှုဖြစ်​လို့ ကားအပ်ကာ တစ်​စီးပြန်​သွင်​းမယ်​ဆိုရင်​​တော့ အရင်​ဝယ်​ထားတဲ့ လက်မှတ်​ကို ဆက်​သုံးလို့ရတယ်​။ ဒါ​ပေမယ်​့ ဝယ်​တဲ့လက်မှတ်​​စျေးတူတဲ့ကားကို ရန်​ကုန်​လိုင်​စင် ပြန်​သွင်​းလို့ရတယ်​။”
Source :www.carsdb.com

အင်ဂျင်ပါဝါအပေါ်လိုက်ပြီး YVQC ခွဲတမ်းလက်မှတ်ကိုသတ်မှတ်ထားတဲ့စျေးနှုန်းတွေကတော့ အင်ဂျင်ပါဝါ 1600 CC အထိကားတွေကို ကျပ်သိန်း ၃၀၊ 1601 CC ကနေ 3000 CC အထိကားတွေကိုကျပ်သိန်း ၆၀ နဲ့ 3000 CC အထက်ကားတွေကိုတော့ ကျပ်သိန်း ၉၀ အထိပဲဖြစ်ပါတယ်။

Features

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories