September 25, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YVQC စနစ်ကိုအကောင်အထည်ဖော်ဖို့အတွက် ပြည်ထောင်စုရှေ့နေရုံးဆီ တင်ပြခဲ့ရာမှာ သဘောထားအချက်အလက်ကိုက်ညီမှုမရှိတာကြောင့် ကန့်ကွက်ထားခြင်းမျိုးမဟုတ်ပဲ မော်တော်ယာဉ်တင်သွင်းခြင်းနဲ့သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ (Auto Association of Myanmar) နဲ့ ပြန်လည်ဆွေးနွေးမှုတွေလုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ အစည်းအဝေးတက်ရောက်ခဲ့တဲ့ တာဝန်ရှိသူတစ်ဉီးက

“ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ဖို့ ရှေ့နေချုပ်ရုံးက သဘောထားမှတ်ချက် အချက်အလက်အနည်းငယ် မကိုက်ညီလို့ ပြန်လည်ဆွေးနွေးတာတွေလုပ်ရမှာပါ။ ရှေ့နေချုပ်ရုံးက သဘောထားမှတ်ချက်မှာတချို့အချက်တွေက မူဝါဒသတ်မှတ်ချက်တွေ နဲ့မကိုက်ညီလို့ ပြန်လည်ပြင်ဆင်ဆွေးနွေးရမှာပါ။”

လို့ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

ရန်ကုန်လိုင်စင် YVQC စနစ်ကို အင်ဂျင်ပါဝါအလိုက်စျေးနှုန်းသတ်မှတ်ရောင်းချမှုကို လာမယ့် အောက်တိုဘာလမှာခွင့်ပြုသွားနိုင်ဖို့ သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုလို သဘောထားအချက်အလက်ကိုက်ညီမှုမရှိတာကို ပြန်လည်ဆွေးနွေးသွားရဉီးမှာဖြစ်တာကြောင့် သတ်မှတ်ချိန်ထက်ကျော်ပြီးမှ ခွင့်ပြုပေးနိုင်ကြောင်းလည်း သတင်းတွေထွက်ရှိနေတာဖြစ်ပါတယ်။

YVQC စနစ်နဲ့ရန်ကုန်လိုင်စင်ကားဝယ်ယူတင်သွင်းခွင့် စတင်အကောင်အထည်ဖော်မယ့် နှစ်ကာလမှာ ကားအစီးရေ ၂၅၀၀၀ ကိုသာခွင့်ပြုသွားဖို့သတ်မှတ်ထားသလို ရန်ကုန်လိပ်စာပြောင်းလဲမယ့် နယ်ဝင်ကားတွေကို ခွင့်ပြုပေးသွားမှာမဟုတ်ကြောင်းလည်း သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories