April 19, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြရမှာဖြစ်တာကြောင့် သတ်မှတ်ထားတဲ့အချိန်ကာလတစ်ခုဖြစ်တဲ့ ဧပြီ ၁ ရက်နေ့မှာ မစတင်နိုင်တော့တာပဲဖြစ်ပါတယ်။ YVQC လက်မှတ်စနစ်ဟာ ငွေကြေးနဲ့ရောင်းချမယ့်စနစ်ဖြစ်တာကြောင့်အခုလို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်လိုအပ်တာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်အတွက်အကြံဉာဏ်ပေးနေသူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးငှာနတာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“YVQC ကိုယ်တာစနစ်က ငွေကြေးနဲ့ လက်မှတ်ဝယ်ယူရမယ့် စနစ်ဖြစ်လို့ဒီအတိုင်းလုပ်လို့မရဘူး။ ပြည်ထောင်စုအစိုးရ အဖွဲ့ကိုတင်ပြရမယ် သဘောတူတယ်ဆိုမှ ဆက်လုပ်လို့ရမှာ။ ပြီးရင်မော်တော်ယာဉ်တင်သွင်းတဲ့ ကြီးကြပ်ရေးကော်မတီကိုလည်း တင်ပြရမယ်။ ရန်ကုန်လိုင်စင်ကို အမြန်ဆုံးခွင့်ပြုနိုင်ဖို့ လုပ်နေပါတယ်။”

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို မော်တော်ယာဉ်တွေရဲ့အင်ဂျင်ပါဝါအလိုက်စျေးနှုန်းသတ်မှတ်ထားတာဖြစ်ပြီး အင်ဂျင်ပါဝါ ၁၆၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၃၀၊ အင်ဂျင်ပါဝါ ၁၆၀၁ စီစီ မှ ၃၀၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၆၀၊ ၃၀၀၁ စီစီနဲ့အထက်ကားတွေကို ကျပ်သိန်း ၉၀ အထိရှိနေပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories