May 23, 2018

We ❤️ New Cars!

New Car News in Burmese

ယာဉ်လိုင်းတွေမှာ ကဒ်စနစ်ငွေပေးချေမှု (YPS)  ပြုလုပ်နိုင်ဖို့ Excel KC Myanmar ကို တင်ဒါအောင်ကုမ္ပဏီတစ်ခုအဖြစ်သတ်မှတ်ထားပေမယ့် လုပ်ငန်းစဉ်နဲ့ကိုက်ညီမှုမရှိ တော့တာကြောင့် တင်ဒါအောင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်လိုက်ပြီပဲ ဖြစ်ပါတယ်။ Excel KC Myanmar ဟာ YPS ရဲ့တင်ဒါအောင်ကုမ္ပဏီအဖြစ်မှ ပယ်ဖျက်ခြင်းခံလိုက်ရတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့၊ နံနက် ၁ နာရီမှာ Yangon Region Government Tenders ကပဲတရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ဟာ ရန်ကုန်တိုင်းဒေသကြီးမှာပြေးဆွဲနေတဲ့ YBS ကဒ်စနစ်အတွက် တင်ဒါကုမ္ပဏီ ၂၁ ခုကို ထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ထည့်သွင်းရွေးချယ်ထားတဲ့ ကုမ္ပဏီ ၂၁ ခုထဲကမှ Anypay Payment Services, Asia Starmar Transport Intelligent နဲ့ Excel KC Myanmar အစရှိတဲ့ကုမ္ပဏီ ၃ ခုကို စကာတင်အဖြစ်ထပ်မံရွေးချယ်ခဲ့တာပါ။ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က Excel KC Myanmar ကိုတရားဝင်တင်ဒါကုမ္ပဏီတစ်ခုအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Excel KC Myanmar ကုမ္ပဏီဟာ Acer, KK, KC, ECC အစရှိတဲ့ကုမ္ပဏီတွေ နဲ့ ပူးပေါင်းထားတာဖြစ်တယ်လို့ YPS တင်ဒါစာချုပ်မှာဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပူးပေါင်းပါဝင်တဲ့ကုမ္ပဏီတွေထဲက Acer နဲ့ ECC တို့ကနည်းပညာပိုင်းမှာအဓိကပံ့ပိုးသွားမှာဖြစ်မယ်လို့ဆိုထားခဲ့တာပါ။ Acer က နည်းပညာပိုင်းမှာသာမက ငွေကြေးပိုင်းကိုပါ အဓိကပံ့ပိုးသွားမှာဖြစ်တယ်လို့ ဆိုထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တင်ဒါကုမ္ပဏီရွေးချယ်ခံရပြီး လအနည်းငယ်အကြာ ဧပြီ ၉ ရက်နေ့မှာတော့ Acer ဟာ Excel KC Myanmar ကုမ္ပဏီနဲ့ ပူးပေါင်းမှုကနေ နှုတ်ထွက်ခဲ့ပါတယ်။ ငွေကြေးနဲ့နည်းပညာ နှစ်ခုစလုံးကို အဓိက ပံ့ပိုးသွားမယ့် Acer ကနှုတ်ထွက်သွားတာကြောင့် Excel KC Myanmar အနေနဲ့ တင်ဒါစာချုပ်လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီမှုမရှိတော့ပါဘူး။ အဲ့ဒီအချက်ကြောင့်ပဲ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့ဟာ Excel KC Myanmar ကို တင်စာရင်းမှ ပယ်ဖျက်လိုက်ရတာပဲဖြစ်ပါတယ်။

တင်ဒါစာရင်းမှာ Excel KC Myanmar ပါဝင်မှု မရှိတော့တာကြောင့် စကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ Anypay Payment Services နဲ့ Asia Starmar Transport Intelligent တို့ထဲကတစ်ခုကို YPS အတွက် တင်ဒါကုမ္ပဏီအဖြစ် ပြန်လည်ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories