February 19, 2019

We ❤️ New Cars!

New Car News in Burmese

အကြောင်းအရာတစ်စုံတစ်ရာကြောင့် ကားတစ်စီးကို ထိခိုက်တဲ့အခါမှာ ကားရဲ့ဘေးတံခါး၊ အနောက်ခြမ်း တွေကို ပြန်လည်ပြင်ဆင်ခွင့်ရှိပေမယ့် ကားရဲ့ချယ်စီတစ်ဝိုက်ထိခိုက်မှုဖြစ်ပေါ်လာရင်တော့  ကညနမှာ အကြီစားပြင်ဆင်ခွင့်လျှောက်ထားပြီးမှ ပြန်လည်ပြင်ဆင်နိုင်မှာဖြစ်တယ်လို့ ကုန်လမ်းညွှန်ကြားမှူးဉီးစီးငှာနက ပြောကြားထားကြောင်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကညန ယာဉ်စစ်ဆေးရေး တာဝန်ရှိအင်ဂျင်နီယာမှူးတစ်ဉီးက

“ကားတစ်စီးက ထိခိုက်မှုဖြစ်တာကို ပြင်ဆင်တာ ရှေ့ခြမ်းပြင်တာဖြစ်ဖြစ်၊ ကားရဲ့ အနောက်ကတိုက်မိလို့ အနောက်ခြမ်းပြင်တာဖြစ်ဖြစ်ပြင်လို့ရပါတယ်။ အဓိက ကကားရဲ့ချယ်စီနဲ့ တစ်ဝိုက်နားကို မထိမိဖို့လိုတယ်။ ချယ်စီနေရာကိုထိပြီး ပြင်တော့မယ်ဆိုရင် တော့အကြီးစားပြင်ဆင်ခွင့်လျှောက်ရမယ်။ ဘယ်နေရာတွေ ပြင်ဆင်မယ်ဆိုတာလည်း ဓာတ်ပုံအထောက်အထားပြရပါမယ်။”

လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။

Body coach ပြောင်းလဲထားတာကို စစ်ဆေးတွေ့ရှိပါက ယာဉ်မှတ်ပုံတင်ဖျက်သိမ်းပြီးလိုင်စင်မဲ့ယာဉ်အဖြစ်သတ်မှတ်မှုများရှိနေတာကြောင့် လက်ရှိမှာ ယာဉ်မှန်/မမှန်စစ်ဆေးပြီးမှဝယ်ယူသူများလာပြီ လို့သိရပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးငှာနရဲ့ စီမံခန့်ခွဲရေးအစည်းအဝေးဆုံးဖြတ်ချက်အရ Body Coach ပြောင်းယာဉ် ၂၀၀ ကျော်ကို မှတ်ပုံတင်ဖျက်သိမ်းပြီးကြောင်းလည်း သိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories