July 17, 2018

We ❤️ New Cars!

New Car News in Burmese

Compact Sedan အမျိုးအစားဖြစ်တဲ့ 2018 Mitsubishi Attrage GLS Grade ကိုတော့ လာမယ့် သြဂုဏ်လ ၃၁ ရက်နေ့ မတိုင်ခင်အထိ Mitsubishi Myanmar Motors Showroom တွေကနေတဆင့် အော်ဒါမှာယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Attrage 2018 ဟာဆိုရင်တော့ 1.2 L MIVEC အင်ဂျင်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ CVT ဂီယာအမျိုးအစားနဲ့ ဖန်တီးထားတာကြောင့် ဂီယာအပြောင်းအလဲမှာ ချောမွတ်နေမှာဖြစ်တယ်လို့ သိရပါတယ်။ 1.2 L မှာ Eco mode လည်းပါဝင်တာကြောင့် ဆီစားနှုန်းကတော့ သက်သာတဲ့အနေအထားတစ်ခုပါ။ အနက်ရောင်ရှိနေတဲ့ Front Chrome Grille, ရှေ့ Fog Lamp နဲ့ ၁၅ လက်မအရွယ်အစားရှိတဲ့ Alloy Wheel တွေဟာ ကားရဲ့ ပြင်ပဒီဇိုင်းအနေအထားကို ဆွဲဆောင်မှုရှိနေအောင် ဖန်တီးပေးထားတယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် Turning radius ကလည်း ၄.၈ မီတာ သာရှိနေတာကြောင့် လမ်းအချိူးအကွေ့ နေရာတွေ၊ ကားပါကင်ထိုးမယ့်နေရာတွေ မှာ လွယ်လွယ်ကူကူဖြစ်နေမှာပဲဖြစ်ပါတယ်။

Keyless Operation, Audio & Hand Free Phone Switches, Push Start Engine Switch တို့အပြင် Safety system တွေအနေနဲ့ Anti-lock Braking System (ABS), Electronic Brake Force Distribution (EBD) တို့ပါဝင်ဉီးမှာဖြစ်တယ်လို့လဲ သိရပါတယ်။ Attrage GLS grade ကိုတော့ အဖြူ၊ အမည်း၊ အနီ၊ ငွေရောင် အစရှိတဲ့ Color option ၄ မျိုးနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး မူရင်းစျေး USD 19,900 နဲ့သတ်မှတ်ရောင်းချပေးနေတယ်လို့ လဲသိရပါတယ်။ Pre-order ကို သြဂုဏ်လ ၃၁ ရက်နေ့မတိုင်လို့ သတ်မှတ်ထားတာကြောင့် ဝယ်ယူမယ့် မိတ်ဆွေအနေနဲ့ လက်မနှေးကြဖို့တော့ လိုအပ်ပါလိမ့်မယ်။

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories