September 25, 2018

We ❤️ New Cars!

New Car News in Burmese

Toyota Hilux Revo Extra Cab ကိုတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကစတင်ပြီးအရစ်ကျဝယ်ယူနိုင်တဲ့အကြောင်းကိုတော့ Toyota Car Showroom in Myanmar facebook ကတရားဝင်ကြေညာခဲ့တာပဲဖြစ်ပါတယ်။ Hilux Revo Extra Cab မှာ Dynamic Control Suspension (DCS) စနစ်ပါဝင်လို့ ကြမ်းတမ်းတဲ့လမ်းတွေမှာကောင်းကောင်းမွန်မွန်မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် Hill-start Assist Control (HAC), Trailer Sway Control (TSC), Vehicle Stability Control (VSC), Stability Control အစရှိတဲ့ စနစ်များလည်းပါဝင်ပါသေးတယ်။

ပြီးတော့ကားရဲ့အတွင်းပိုင်းကကြမ်းခင်း၊ အင်ဂျင်ခန်းတွေမှာလည်း ပစ္စည်းတွေထည့်သွင်းနိုင်မှာဖြစ်တာကြောင့် စီးနှင်းလိုက်ပါသူတွေ အဆင်ပြေမှာဖြစ်ပါတယ်။ Smart Key အမျိုးအစားဖြစ်ပြီး ခလုပ်လေးနှိပ်ရုံနဲ့ ကားတံခါးဖွင့်ခြင်း၊ ပိတ်ခြင်း၊ ကားစက်နှိုးခြင်း၊ ကားစက်ရပ်ခြင်းတို့ကိုအလွယ်တကူကစားနိုင်တာကြောင့် ဟန်ကျလှပါတယ်။

Toyota Hilux Revo Extra Cab ကို USD 28000 မှစတင်ဝယ်ယူနိုင်မှာဖြစ်ပြီး အရစ်ကျပေးဆောင်မှုအချိန်ကာလကတော့ ၁ နှစ်ကနေ ၅ နှစ်အထိပဲဖြစ်ပါတယ်။ USD 28000 ဆိုတော့ မြန်မာငွေသိန်း ၃၀၀ ကျော် ၄၀၀ နီးပါးလောက်တော့ရှိမှာပါ။ စိတ်ဝင်စားလို့သိရှိလိုသူတွေအနေနဲ့ကတော့ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုရှေ့က Toyota Aye and Sons မှာသွားရောက်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories