October 15, 2019

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့အတွင်းပြေးဆွဲလျှက်ရှိနေတဲ့ YBS ယာဉ်တွေကို အမှတ်ပေးစနစ်နဲ့ စောင့်ကြည့်မှုပြုလုပ်ပြီး ယာဉ်လိုင်းကနေ ထုတ်ပယ်မှုပြုလုပ်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအဖွဲ့က ပြောကြားထားကြောင်းသိရပါတယ်။ ဝန်ဆောင်မှုအပြည့်အဝ မပေးတဲ့ယာဉ်လိုင်းတွေ၊ YRTA ကသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာမှုမရှိတဲ့ယာဉ်လိုင်းတွေ အစရှိတာတွေကို အခုလိုအရေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး YRTA ရဲ့တာဝန်ရှိသူတစ်ဉီးက

“စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်လိုင်းတွေကိုစောင့်ကြည့်တာလုပ်နေတယ်။ ဘယ်ယာဉ်လိုင်းက စည်းကမ်းပိုလိုက်နာသလဲဆိုတာ အမှတ်ပေးစနစ်နဲ့ဆုံးဖြတ်ပြီး ယာဉ်လိုင်းထဲကထုတ်ပယ်အရေးယူတာလုပ်မယ်။ တစ်ဉီးချင်းပိုင်ယာဉ်လိုင်းတွေလည်းလုပ်ငန်းလိုင်စင်လုပ်တာကို ကုမ္ပဏီယာဉ်လိုင်းတွေနဲ့ပူးပေါင်းလုပ်ဆောင်ရမယ်။”

လို့ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။

ဒါ့အပြင်လက်ရှိမှာ ယာဉ်စီးခထည့်ဗုံး အသုံးမပြုပဲ ယာဉ်စီးခကောက်ခံမှုတွေ၊ ယာဉ်အကူရှိနေမှုတွေကို တွေ့ရှိပါက ယာဉ်လိုင်းအတွင်းမှထုတ်ပယ်တဲ့အထိအရေးယူမှုပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories