August 15, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်တိုင်းဒေသကြီးမှာ ပြေးဆွဲနေတဲ့ YBS မီနီဘတ်စ်ကားတွေထဲက ခရီး အစ/အဆုံး စီးနင်းမှုအတွက် ငွေကျပ် ၃၀၀ အထိ သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံတဲ့ ကားတွေကို YRTA (Yangon Region Transport Authority) Hot line ဖုန်းနံပါတ်ကို တိုင်ကြားပေးဖို့ YRTA ကတိုက်တွန်းလိုက်ပြီဖြစ်ပါတယ်။ တိုင်ကြားခံရတဲ့ YBS ကားတွေကို YRTA ကထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

လက်ရှိမီနီဘတ်စ်ကားတွေမှာ ကုမ္ပဏီယာဉ်လိုင်းအနေနဲ့မဟုတ်ပဲ တစ်ဉီးချင်းယာဉ်ပိုင်ရှင်များနဲ့ပြေးဆွဲနေမှုတွေရှိနေပါတယ်။ကုမ္ပဏီယာဉ်လိုင်းအနေရော၊ တစ်ဉီးချင်းယာဉ်ပိုင်ရှင်စနစ်နဲ့ ပြေးဆွဲနေတဲ့ YBS မီနီဘတ်စ်ကားတွေအားလုံးကို ယာဉ်ကြီးတွေနဲ့ အစားထိုးလဲလှယ်ပေးသွားမှာဖြစ်တယ်လို့လဲသိရှိရပါတယ်။

ဖော်ပြထားတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အများပြည်​သူသယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်​မှု အာဏာပိုင်​အဖွဲ့ရဲ့ တာဝန်​ရှိသူတစ်​ဦးက

”မီနီဘတ်​စ်​ ကား​တွေကို ယာဉ်​စီးခပုံ​သေ ၂၀၀ အထိပဲ ​ကောက်​ဖို့သတ်​မှတ်​ထားတယ်​။ ၃၀၀ ​ကောက်​လာရင်​ တိုင်​ကြား​ပေးကြပါ။ ယာဉ်​စီးခ ပို​တောင်​းရင်​ ထိထိ​ရောက်​​ရောက်​ အ​ရေးယူသွားမယ်​။ မီနီဘတ်​စ်​ကား​တွေ​ကို ယာဉ်​ကြီး​တွေနဲ့ မကြာခင်​အစားထိုး​ပြေးဆွဲဖို့ လုပ်​​နေတယ်​“

လို့ပြောကြားခဲ့ပါတယ်။ လက်ရှိရန်ကုန်မြို့မှာ မီနီဘတ်စ်ကားစုစုပေါင်း ၇၀၀ နီးပါးရှိနေတယ်လို့လဲသိရှိရပါတယ်။ YRTA ရဲ့ Hot line ဖုန်းနံပါတ်တွေကတော့ ၀၉ ၄၄၈၁၄၇၁၄၉၊ ၀၉ ၄၄၈၁၄၇၁၅၃၊ ၀၉ ၄၄၈၁၄၇၁၅၄ အစရှိတာတွေပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories