September 22, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်လိုင်စင် Yangon Vehicle Quota (YVQC) လက်မှတ်စနစ်ကို သတ်မှတ်ထားတဲ့အချိန်ကာလထက် တစ်လ နောက်ကျပြီး လာမယ့် မေလ မှာစတင်နိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြထားလိုက်ပြီဖြစ်ပါတယ်။ တင်ပြမှုအတွက် ခွင့်ပြုချက်ရရှိတာနဲ့ မေလမှာတစ်ခါတည်းစတင်နိုင်ဖို့ကို မျှော်လင့်ထားလို့ရတယ်လို့လဲ တာဝန်ရှိသူတစ်ဉီးထံကသိရှိရပါတယ်။

YVQC စနစ်ကို ဧပြီလမှာစတင်နိုင်ဖို့ရည်ရွယ်ထားပေမယ့် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်လိုအပ်တာကြောင့် အခုလိုအချိန်အနည်းငယ်နောက်ကျသွားရတာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်လိုင်စင် YVQC စနစ်လုပ်ဆောင်ရာမှာပါဝင်တဲ့ တာဝန်ရှိသူတစ်ဉီးကလည်း အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

” YVQC ကိုယ်​တာစနစ်​ကို ပြည်​​ထောင်​စုအစိုးရ အဖွဲ့ကိုတင်​ပြထားလိုက်​ပါပြီ။ ဒီစနစ်​က ​ငွေ​ကြေး​နဲ့ လက်မှ​တ်​ဝယ်​ယူရမယ်​့ စနစ်​ဖြစ်​လို့ ဒီအတိုင်​းလုပ်​လို့မရဘူး။ ပြည်​​ထောင်​စုအစိုးရ အဖွဲ့ကို တင်​ပြထားတယ်။ ​မေလ ​လောက်​​တော့ ရန်​ကုန်​လိုင်​စင်​ကို ခွင့်ပြု ပေးမယ်လို့ထင်တယ်။​​​”

ရန်ကုန်လိုင်စင် YVQC လက်မှတ်စနစ်ကို အင်ဂျင်ပါဝါအလိုက်စျေးနှုန်းသတ်မှတ်ထားပြီး အင်ဂျင်ပါဝါ ၁၆၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၃၀၊ အင်ဂျင်ပါဝါ ၁၆၀၁ စီစီ မှ ၃၀၀၀ စီစီအထိကားတွေကို ကျပ်သိန်း ၆၀၊ ၃၀၀၁ စီစီနဲ့အထက်ကားတွေကို ကျပ်သိန်း ၉၀ နဲ့ လုပ်ငန်းသုံး Pick-up ကားတွေကို ၁၀ သိန်းကျပ် အထိနှုန်းထားတွေနဲ့ရောင်းချသွားမှာပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories