June 21, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်ကားတင်သွင်းခွင့်လက်မှတ် YVQC (Yangon Vehicle Quota Certificate) စနစ်နဲ့ရန်ကုန်လိုင်စင်ကိုအကန့်အသတ်မရှိ ခွင့်ပြုပေးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ ရန်ကုန်လိုင်စင်လုပ်ဆောင်ရာမှာပါဝင်တဲ့ တာဝန်ရှိသူတစ်ဉီးဆီက ကြားသိခဲ့ရတာဖြစ်ပါတယ်။

အရင်နှစ်တွေကရန်ကုန်လိုင်စင်တင်သွင်းခွင့်လက်မှတ်ကို တင်သွင်းထားတဲ့ကားအစီးရေအတွက်ရဲ့ အများဆုံး ၁၀ ရာခိုင်နှုန်းလောက်သာရောင်းချပေးခဲ့တာပါ။ ဒါပေမယ့်မကြာခင်မှာ YVQC လက်မှတ်စနစ်နဲ့ဆိုရင် အကန့်အသတ်မရှိခွင့်ပြုပေးသွားတော့မှာပဲဖြစ်ပါတယ်။

ဒီအကြောင်းကို ရန်​ကုန်​လိုင်​စင် လုပ်​​ဆောင်​ရာတွင်​ ပါဝင်​​တဲ့တာဝန်ရှိသူတစ်ဉီးကလည်းအောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“အရင်​က တစ်​နှစ်​တင်​သွင်​းထားတဲ့ကားအစီး​ရေ ကို အကြမ်​းမျဉ်​း ၅ ရာခိုင်​နှုန်​းက​နေ ၁၀ ရာခိုင်​နှုန်​း ​လောက်​​ပေးမယ်​လို့ သတ်​မှတ်​ထားတာ။ လက်မှတ်​ဝယ်​မယ်​ဆိုရင်​ အ​ရေအတွက်​မသတ်​မှတ်​ဘဲ ခွင်​့ပြု​ပေးဖို့​ဆွေး​နွေးထားတဲ့ အ​ခြေအ​နေရှိ​တယ်​။ ​ဧပြီလထဲမှာ ရန်​ကုန်​လိုင်​စင် ခွင်​့ပြုဖို့ လုပ်​​နေပါတယ်​။ “

ဆွေးနွေးမှုသာအောင်မြင်သွားရင် ကားအသစ်တွေအတွက် ရန်ကုန်လိုင်စင် YVQC လက်မှတ်ကို အလွယ်တကူဝယ်ယူနိုင်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် နယ်လိုင်စင်ရပြီးကားတွေအနေနဲ့ YVQC လက်မှတ်ဝယ်ယူဖို့ခက်ခဲနေဆဲပဲဖြစ်ပါတယ်။ YVQC လက်မှတ်ကို အင်ဂျင်ပါဝါအလိုက်သတ်မှတ်ရောင်းချသွားမှာဖြစ်ပြီး သက်တမ်းကာလကတော့ အနှစ် ၂၀ ပါ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories