September 22, 2018

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့လတုန်းက လိုင်စင်မဲ့ ပရဟိတလူမှုကူညီရေးယာဉ်တွေကို ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ပရဟိတလုပ်ငန်းယာဉ်အချို့ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။ အဲ့လို လိုင်စင်မဲ့ပရဟိတ ယာဉ်တွေကိုဖမ်းဆီးနေတာကြောင့် မန္တလေးတိုင်းဒေသကြီးက လူမူရေးအသင်းအဖွဲ့ပိုင်က လိုင်စင်မဲ့ ပရဟိတယာဉ်တွေကို တရားဝင်မှတ်ပုံတင်ရရှိနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဆီကို တင်ပြသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့လိုတင်ပြနိုင်ဖို့ အတွက်လည်း မန္တလေးအခြေစိုက်လူမူကူညီရေးအသင်းတွေအားလုံးစုပေါင်းပြီးထောက်ခံဆန္ဒပြုပေးနိုင်ဖို့အတွက်စည်းရုံးရေးလုပ်ငန်းတွေလုပ်ဆောင်နေကြောင်း One To One ပြည့်သူ့ကူညီရေးအဖွဲ့ တာဝန်ရှိသူကပြောကြားခဲ့တယ်လို့ လဲသိရပါတယ်။

လက်ရှိမှာ လူမူကူညီရေးအသင်းပိုင်လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်နေပေမယ့် မန္တလေးတိုင်းဒေသကြီးမှာတော့ ဖမ်းဆီးမှုတွေမရှိသေးကြောင်းကိုလည်း ဖေးကူလက်များလူမူကူညီရေးကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဖမ်းဆီးမှုမရှိသေးပေမယ့် ဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် လူမူကူညီရေးအဖွဲ့အချို့ရပ်နားထားရတယ်လို့လဲ ဆက်လက်ပြောကြားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ လူမူကူညီရေးအသင်း ၂၀၀ ကျော်ရှိနေပြီး အသင်းတွေပိုင်ဆိုင်တဲ့ ယာဉ်အစီးရေ ၅၀၀ ကျော်ထဲမှာ ၃၀၀ ဝန်းကျင်ဟာ လိုင်စင်မဲ့ယာဉ်တွေဖြစ်တယ်လို့လဲ သိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories