ရန်ကုန်တိုင်းဒေသကြီးမှာသွားလာတဲ့ နယ်လိုင်စင်ကားတွေကို အခွန်ကောက်ခံထိန်းချုပ်မှုများမပြုလုပ်ခင် လိုင်စင်မဲ့မောင်းနှင်နေတဲ့ကားတွေကို ဉီးဆုံး ထိထိရောက်ရောက်အရေးယူဖမ်းဆီးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
လိုင်စင်မဲ့ကားတွေကို ထိထိရောက်ရောက်အရေးယူမှုတွေပြုလုပ်ပြီးမှသာ နယ်လိုင်စင်ကားတွေကို အခွန်ကောက်ခံပြီးထိန်းချုပ်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ မြို့အဝင်/အထွက် တိုးဂိတ်တွေကိုဆောက်လုပ်သွားမှာဖြစ်ပြီး ဆောက်လုပ်မှုပြီးစီးရင် ရန်ကုန်မှာ မောင်းနှင်နေတဲ့ နယ်လိုင်စင်ကားတွေကို အခွန်နှုန်းထားသတ်မှတ်ပြီး ကောက်ခံသွားမှာပဲဖြစ်ပါတယ်။
အခုအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဉီးက
“နယ်လိုင်စင်ကားကို ကန့်သတ်ဖို့ချက်ခြင်းကြီးလုပ်လို့ မရသေးဘူး။ ရန်ကုန်မှာရှိတဲ့ လိုင်စင်မဲ့ ကားတွေကိုပဲ ထိထိရောက်ရောက်ဖမ်းဆီးတာတွေလုပ်သွားမယ်။ နောက်ပိုင်းကျမှ နယ်လိုင်စင်ကားတွေကို တိုးဂိတ်တွေကနေ သီးခြားအခွန်နှုန်းထား တစ်ခုနဲ့ ကောက်ဖို့ရှိတယ်”
လို့ပြောကြားခဲ့ပါတယ်။
၂၀၁၇ တစ်နှစ်ပတ်လုံးမှာ ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ကားပေါင်း ၁၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး လက်ရှိ ၂၀၁၈ ဇန်နဝါရီလ ကနေ ဧပြီလအတွင်းမှာ လိုင်စင်မဲ့ကားပေါင်း ၉၀ ကျော်အထိဖမ်းဆီးထားပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။