July 17, 2018

We ❤️ New Cars!

New Car News in Burmese

ရန်ကုန်မြို့တော်ကြီးမှာ ယခင်ယာဉ်တန်ချိန်အလိုက်ဘီးခွန်ကောက်ခံမှုစနစ်ကနေ အခြားနိုင်ငံတွေပုံစံအတိုင်း ကားအင်ဂျင်ပါဝါအလိုက်ဘီးခွန်ပြောင်းလဲကောက်ခံသွားမယ့်အကြောင်းကိုပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းစီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းကပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဂျင်ပါဝါအလိုက်ကောက်ခံသွားမယ့် ဘီးခွန်နှုန်းတွေကတော့ အင်ဂျင်ပါဝါ ၆၆၀ စီစီ အထိယာဉ်တွေကို တစ်ရက် ၁၀၀ ကျပ်နှုန်း (တစ်နှစ်ကို ၃၆၅၀၀ ကျပ်နှုန်း)၊ ၆၆၀ စီစီ မှ ၁၃၀၀ စီစီအထိယာဉ်တွေကို တစ်ရက် ၁၅၀ ကျပ်နှုန်း (တစ်နှစ်ကို ၅၄၇၅၀ ကျပ်နှုန်း)၊ ၁၃၀၁ စီစီ မှ ၂၀၀၀ စီစီအထိယာဉ်တွေကို တစ်ရက် ၂၀၀ ကျပ်နှုန်း (တစ်နှစ်ကို ၇၃၀၀၀ ကျပ်နှုန်း)၊ ၂၀၀၁ စီစီ မှ ၄၃၀၀ စီစီ မထိကို တစ်ရက် ၂၅၀ ကျပ်နှုန်း (တစ်နှစ်ကို ၉၁၂၅၀ ကျပ်နှုန်း)၊ ၄၃၀၀ စီစီ အထက်ယာဉ်တွေကိုတော့ တစ်ရက် ၃၀၀ ကျပ်နှုန်း (တစ်နှစ်ကို ၁၀၉၅၀၀ ကျပ်နှုန်း) အထိအသီးအသီးပေးဆောင်ရမှာဖြစ်တဲ့အကြောင်းကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကပဲ သိရှိရတာဖြစ်ပါတယ်။

အခုလို ယာဉ်တန်ချိန်အလိုက်ဘီးခွန်ကောက်ခံမှုစနစ်ကနေ အခြားနိုင်ငံတွေနည်းတူအင်ဂျင်ပါဝါအလိုက်ပြောင်းလဲကောက်ခံသွားမှာဖြစ်တာကြောင့် အခွန်ရရှိမှုပိုမိုများပြားလာဖို့ ခန့်မှန်းမိကြောင်း ရန်ကုန်တိုင်းစီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားခဲ့ပါသေးတယ်။

လွှတ်တော်အစည်းအဝေးမှာတင်ပြပြီးတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ဒီစနစ်ပြောင်းလဲမှုဟာ အနှေးနဲ့အမြန်မှာပဲ စတင်လာတော့မှာပါ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories