December 12, 2018

We ❤️ New Cars!

New Car News in Burmese

ပြီးခဲ့တဲ့ မတ်လတုန်းက 2018 European Car of the Year လို့ သတ်မှတ်ခြင်းခံခဲ့ရပြီး Top sellers စာရင်းထဲမှာပါ ပါဝင်ခဲ့တဲ့ Volvo ရဲ့ XC40 ဟာတော့ 2018 Euro NCAP (New Car Assessment Programme) မှာလည်း 5-stars rating နဲ့အတူ လုံခြုံမှုအရှိဆုံးကားတစ်စီးအဖြစ် တစ်ဖန် သတ်မှတ်ခြင်းခံခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ရက်အနည်းအငယ်ကတရားဝင်ကြေညာချက်အရ သိရှိရပါတယ်။

Euro NCAP testing ကတော့ ကားအသစ်တွေရဲ့ လုံခြုံမှုအပိုင်း သေသေချာချာစစ်ဆေးပြီး ဂုဏ်ပြုပေးတဲ့ Euro ရဲ့ Programme တစ်ခုပဲဖြစ်ပါတယ်။ အခု ၂၀၁၈ ရဲ့ Euro NCAP မှာဆိုရင်လည်း ဒိုင်တွေအနေနဲ့ ကားတစ်စီးရဲ့ Safety technology တွေဖြစ်တဲ့ auto-brake, lane keeping အစရှိတဲ့ System  တွေကို သေချာလေ့လာပြီး Rating ပေးထားတယ်လို့ သိရပါတယ်။ Volvo XC40 ဟာ Euro NCAP ရဲ့ အဲ့လိုစစ်ဆေးမှုအပိုင်းတွေကိုကျော်ဖြတ်လာပြီး ကောင်းမွန်တဲ့ rating တွေရရှိလာတာကြောင့် ပေါ့သေးသေးတော့မဟုတ်ဘူးလို့ ဆိုရမှာပါ။

Volvo အနေနဲ့ Euro NCAP ရဲ့ ဂုဏ်ပြုခြင်းခံရတာဒါပထမဉီးဆုံး အကြိမ်တော့မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ် ၂၀၁၇ တုန်းက XC60 နဲ့တစ်ခါ၊ ၂၀၁၅ ခုနှစ်တုန်းက XC90 နဲ့တစ်ခါစီ Euro NCAP ရဲ့ Safety Award တွေကို သိမ်းပိုက်နိုင်ခဲ့ဖူးတာပဲဖြစ်ပါတယ်။ ဆိုတော့ Series အလိုက် Euro NCAP ဆီက ဆုတွေသိမ်းပိုက်ခဲ့တယ်လို့ ဆိုရမှာပါ။

အခုလို XC40 အသစ်လေး ဂုဏ်ပြုခံရမှုနဲ့ ပတ်သက်ပြီး Volvo Cars Safety Centre ရဲ့ အကြီးအကဲဖြစ်သူ Malin Ekholm က

“ကျွန်တော်တို့ရဲ့ XC40 အသစ်ကတော့ လက်ရှိမှာ မာကတ်ရဲ့လုံခြုံမှုအရှိဆုံး ကားတွေထဲမှာပါဝင်ပါတယ်။ XC40 ဟာဆိုရင် Small SUV တွေမှာ ပါဝင်တဲ့ Safety Technology နဲ့ထည့်သွင်းဖန်တီးထားပြီး မောင်းနှင်သူတွေကို ယာဉ်တိုက်မှုမဖြစ်အောင် အရှေ့မှာရှိနေတဲ့ အရာတွေကို သတိထားနိုင်အောင် အသိပေးတာမျိုးတွေ၊ သွားရာလမ်းအတိုင်း ဖြောင့်မတ်နေအောင် Lane assist control တာတွေပြုလုပ်ပေးပါတယ်။”
Source: Volvo

လို့ ပြောကြားခဲ့ပါတယ်။

Volvo အနေနဲ့ Series ၃ ခုကို rating ကောင်းကောင်းနဲ့ သိမ်းပိုက်ပြီးသွားပြီဆိုတော့ နောက်လာမယ့် Model အသစ်တွေမှာရော ဒီရလဒ်ကို ဘယ်လိုပုံစံမျိုးနဲ့ ထိန်းသိမ်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories