December 15, 2019

We ❤️ New Cars!

New Car News in Burmese

Volvo ရဲ့ electrified performance ကားတွေကိုထုတ်လုပ်တဲ့ standalone brand Polestar ဟာတော့ Polestar 2 မော်ဒယ် electric vehicle ကိုလာမယ့် ၂၀၁၉ မှာကျင်းပသွားမယ့် Geneva Motor Show မှာ ချပြသွားတော့မယ်ဆိုတဲ့အကြောင်းကို ဒီအပတ်မှာကျင်းပသွားတဲ့ Autoshow တစ်ခုမှာ ပြောကြားသွားတယ်လို့သိရပါတယ်။ မကြာခင်ချပြသွားမယ့် Polestar 2 ဟာတော့ ကနဉီးထွက်ရှိခဲ့တဲ့ 592bhp Polestar 1 ရဲ့နောက်လိုက် Saloon ပုံသဏ္ဏာန်တွေ့ရမယ့် ကားမော်ဒယ်တစ်ခုပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက Volvo ဟာ Next generation ကားတွေမှာ Google service ထည့်သွင်းဖို့ကြိုးစားနေပြီဆိုတဲ့အကြောင်းကို ကျွန်တော်တို့ဖော်ပြခဲ့ဖူးတာတော်တော်များများသိလောက်မှာပါ။ သူတို့ကြေညာခဲ့တဲ့အတိုင်းပဲ Volvo ဟာ Google Assistant, Google Maps နဲ့တခြားသော Google Service တွေပါဝင်တဲ့ Android operating system ကြီးကို Polestar 2 ရဲ့ infotainment system ကိုကြီးပိုမိုကောင်းမွန်အောင်ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ (အခုလို infotainment system ကောင်းမွန်မှုအတွက် Google နဲ့ပူးပေါင်းမှုပြုလုပ်ထားတာ Volvo တင်မဟုတ်ပဲ Renault, Nissan, Mitsubishi တို့ကလည်းပူးပေါင်းမှုပြုလုပ်ထားသေးတာဖြစ်ပါတယ်။)

အခုလိုပူးပေါင်းမှုကို Google ရဲ့ ဒါရိုက်တာ Mickey Kataria က

“Google Maps, Google Assistant အစရှိတာတွေကို တော်တော်များများက Android ဖုန်း (သို့) iPhone တွေ (သို့) နာရီတွေမှာတော်တော်များများကထည့်သွင်းအသုံးပြုလာကြပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အဲ့လို digital life ကြီးမှာ ပိုပြီးရှေ့ဆက်နိုင်အောင် ကားတွေမှာပါထည့်သွင်းဖို့ပြုလုပ်လာရတာပါ။”

လို့ပြောကြားထားပါတယ်။

Mid size Polestar 2 ကိုစတင်ထုတ်လုပ်မယ့်အချိန်ကတော့ ၂၀၂၀ မှာဖြစ်မယ်လို့သိရပါတယ်။ အဲ့လိုထွက်ရှိလာမယ့်အချိန်ကျရင် Polestar 2 ဟာ Tesla Model 3 ကိုယှဉ်ပြိုင်နိုင်မယ့် EV မော်ဒယ်တစ်ခုဖြစ်မှာကြောင့် အရွယ်အစားနဲ့ စျေးနှုန်းကိုတော့ အားလုံးသိပြီးကြမယ်ထင်ပါတယ်လို့ Polestar ရဲ့ CEO ကရှေ့ပြေးပြောကြားထားတာကိုလည်းတွေ့ရပါတယ်။

Polestar CEO ပြောကြားထားတဲ့ ရှေ့ပြေးစကားအတိုင်း Polestar 2 ကတကယ်ကို Tesla Model 3 နဲ့ယှဉ်နိုင်တဲ့ ပြိုင်ဘက် EV တစ်ခုဖြစ်လာမှာလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ref 1, 2

New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories