December 15, 2019

We ❤️ New Cars!

New Car News in Burmese

Premium ကားကုမ္ပဏီဖြစ်တဲ့ Volvo ဟာတော့ လက်ရှိ Los Angeles မှာ ကျင်းပနေဆဲဖြစ်တဲ့ Automobility LA conference ကို ကားမော်ဒယ်အသစ်တစ်စီးမှ မိတ်ဆက်မှုမရှိ၊ ကားတစ်စီးမှသယ်ဆောင်လာမှု မရှိပဲ တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ Auto Conference တစ်ခုကို ကားတစ်စီးမှယူဆောင်လာခြင်းမရှိပဲ တက်ရောက်မှုဖြစ်ရပ်ဟာ ဒါပထမဉီးဆုံးဖြစ်တယ်လို့လဲသိရပါတယ်။

ဆိုတော့ Volvo အနေနဲ့ Automobility LA conference ကိုကားတစ်စီးမှ ယူဆောင်လာမှုမရှိပဲ ဘာအကြောင်းကြောင့်တက်ရောက်လာတာလဲ?

Volvo ဒီ conference ကို ကားတစ်စီးမှမယူဆောင်လာပေမယ့် သူ့တို့ကုမ္ပဏီရဲ့အနာဂတ်ရည်မှန်းချက်၊ ဘယ်လိုပြုပြင်မှုတွေလုပ်ပြီးကားတွေကို ထုတ်လုပ်သွားမယ် စတဲ့အချက်တွေကို ချပြဖို့ အစီအစဉ်ကြောင့် conference ကိုတက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။

Motor Show တွေမှာဆိုရင် အဓိကအချက်က စင်မြင့်ပေါ်မှာ ကားမော်ဒယ်အသစ်တစ်ခုကို Silk Sheet လေးဖွင့်ပြပြီး ပရိတ်သတ်တွေကို မိတ်ဆက်ကြတာကအရင်ကတည်းကပါ။ အခုဆိုရင် ကားတွေက တဖြည်းဖြည်းပြောင်းလဲလာသလို၊ ကားတည်ဆောက်တဲ့ စက်ရုံတွေကလည်း ပြောင်းလဲမှုတွေရှိလာတဲ့အပြင် ကားဝယ်ယူသူတွေရဲ့ ကားအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကလည်း ပြောင်းလဲလာကြပါပြီ။ ကားဝယ်သူတွေရဲ့ စိတ်ဝင်စားမှုဟာအရင်ကလို Chrome, Leather, Horsepower စတာတွေတင်မကပဲ မောင်းနှင်တဲ့ဘယ်လို experience မျိုးပေးနိုင်လဲဆိုတာကိုပါ စိတ်ဝင်စားမှုပြောင်းလဲလာတာပဲဖြစ်ပါတယ်။

အဲ့လိုပြောင်းလဲမှုကို ထပ်ဟပ်လာအောင် Volvo ဟာ Automobility LA conference ကို ကားနဲ့ မိတ်ဆက်သွားတာမဟုတ်ပဲ ကားရဲ့ Concept အကြောင်းကိုရှင်းလင်းတင်ပြသွားတာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပွဲမစခင်ရက်အနည်းအငယ်က Volvo ရဲ့ product strategy ပိုင်းမှာတာဝန်ရှိသူတစ်ဉီးက

“Automobility LA ဟာ trade show အမျိုးအစားဖြစ်တဲ့အတွက် ကျွန်တော်တို့ ချပြဖို့ product မပါလာတဲ့အပေါ် ပွဲစီစဉ်သူတွေက အနှောက်အယှက်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်။ ကျွန်တော်တို့ဟာဒီပွဲမှာ ကျွန်တော်တို့သိထားတဲ့ Automobility ရဲ့အနာဂတ်အကြောင်းကို ဖော်ပြပေးသွားမှာပါ။  ကားကိုမိတ်ဆက်တာမျိုးမဟုတ်ပဲ ကားရဲ့ concept အကြောင်းကိုပြောသွားမယ့်ပုံစံမျိုးဖြစ်တာမို့ ကျွန်တော်တို့အနေနဲ့ “Car of the Show” ဆိုတဲ့ ဆု ကြီးကိုမျှော်မှန်းလို့ရမှာတော့မဟုတ်ပါဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ ကျေနပ်မှုရှိပါတယ်။”

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Volvo ဟာ interactive ဖြစ်တဲ့ connectivity service တွေဖြစ်တဲ့ Amazon နဲ့ပူးပေါင်းဖန်တီးထားတဲ့ In-car delivery, Car sharing နဲ့ Volvo 360c concept မှာထည့်သွင်းထားတဲ့ Autonomous driving တို့ရဲ့အနာဂတ်ရည်မှန်းချက်အကြောင်းတွေကို အခမ်းအနားမှာပြောကြားသွားတယ်ဆိုတာကိုလည်းသိရပါတယ်။

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories