October 18, 2018

We ❤️ New Cars!

New Car News in Burmese

Volvo ဟာတော့  “European Car of the Year” ဆုရရှိထားတဲ့ကားအသစ်လေးဖြစ်တဲ့ SUV အသေးစားကားလေး XC40 အတွက်အော်ဒါအစီးရေ ၈ သောင်းနီးပါးလက်ခံပြီးတဲ့အခါမှာတော့ XC40 ကို ဉရောပနဲ့ တရုတ်တို့မှာ ထပ်မံတိုးချဲ့ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။ ဉရောပမှာရှိတဲ့ Ghent မြို့နဲ့ တရုတ်မှာရှိတဲ့ Luqiao မြို့တို့မှာ အခြေချပြီး XC40 ကိုထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကားထုတ်လုပ်မှုကို လာမယ့် နှစ်အလယ်ပိုင်းလောက်မှာ စတင်သွားမှာပဲဖြစ်ပါတယ်။

Volvo CEO

XC40 တိုးချဲ့ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး Volov ရဲ့ CEO ဖြစ်သူ Hakan Samuelesson ဆိုသူက

“XC40 ရဲ့အောင်မြင်မှုဟာကျွန်တော်တို့မျှော်မှန်းထားတာထက် အများကြီးကိုပိုပါတယ်။ လက်ရှိကုမ္ပဏီမှာလည်း XC40 လို့မျိုး  Volvo ရဲ့ CMA (Compact Modular Architecture) ကိုအခြေခံထားတဲ့ SUV အသေးစားမော်ဒယ်လေးတွေကအခြေအနေကောင်းနေပြီး လာမယ့်အနာဂတ်ရဲ့တိုးတက်မှုမှာလည်း အကျိုးပြုသွားဖို့ မျှော်လင့်ထားပါတယ်”
Source: volvocars.com

လို့ပြောကြားခဲ့ပါတယ်။

See also – >S60 Sedan ကားအသစ်ထွက်ရှိပြီးရင် ဒီဇယ်အင်ဂျင်ကားတွေကိုဆက်လက်ထုတ်လုပ်သွားမှာမဟုတ်တဲ့ Volvo

ကုမ္ပဏီရဲ့နောက်လာမယ့် လျှပ်စစ်အမျိုးအစားယာဉ်တွေအားလုံးဟာ Volvo ရဲ့ CMA ကိုပဲအခြေခံထားမှာဖြစ်ပြီး အချက်အချာကျတဲ့ စျေးကွက်တွေမှာဖြန့်ချီရောင်းချသွားမှာဖြစ်တယ်လို့လဲ သိရပါတယ်။ CMA အခြေခံထားတဲ့ Volvo ရဲ့ပထမဉီးဆုံးကားမော်ဒယ်ကတော့ လက်ရှိမှာအခြေအနေကောင်းနေတဲ့ XC40 ပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories