May 23, 2018

We ❤️ New Cars!

New Car News in Burmese

Premium ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Volvo ဟာတော့ သူ့ရဲ့ Next-generation ကားတွေမှာ Android OS (Operating System) ကိုအခြေခံထားတဲ့ Google Assistant, Google Play Store, Google Maps တို့ကို Built-in feature တစ်ခုအနေနဲ့ထည့်သွင်းဖို့ စီစဉ်အားထုတ်နေပြီပဲဖြစ်ပါတယ်။

Google Assistant ကိုတော့ လက်ရှိ Google Pixel ဖုန်းတွေမှာအသုံးပြုနေတဲ့ အတိုင်း အသံလေးနဲ့ ထိန်းချုပ်ရုံပါပဲ။ Built-in ပုံစံမျိုး ကားမှာပါဝင်လာမှာကြောင့် ဖုန်းနဲ့ Auto TV ကို ချိတ်ဆက်စရာမလိုတော့ပဲ Auto TV ကိုယ်တိုင်ကိုက Google Assistant ရဲ့တာဝန်တွေထမ်းဆောင်ပေးသွားမှာဖြစ်ပါတယ်။ (ပြောရရင် ဒါဟာ Built-in System ရဲ့အားသာချက်တစ်ခုပါပဲ။) Google Assistant ကိုအသုံးပြုပြီး “OK Google, play some …. music” လို့ပြောပြီး ကြိုက်နှစ်သက်ရာ သီချင်းဖွင့်ခိုင်းလို့ရရုံသာမက သီချင်းရဲ့အသံ အတိုး/အလျော့ကိုပါ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ Social Network တွေကတဆင့် Message ပို့ခိုင်းချင်တဲ့နေရာမှာပဲဖြစ်ဖြစ် RCS message ပို့ခိုင်းလိုတဲ့နေရာမှာပဲ ဖြစ်ဖြစ်အသုံးပြုနိုင်ဉီးမှာပါ။ RCS ကတော့ Rich Communications Services ဖြစ်ပြီး အလွယ်ပြောရရင် ဖုန်းတွေမှာ Built-in ပါဝင်တဲ့ SNS ကိုဆိုလိုတာပါ။

ဒါ့အပြင် Google Assistant  နဲ့ တည်နေရာအနေအထားအတွက် Google Map ကိုအသုံးပြုနိုင်ဉီးမှာဖြစ်သလို App တွေကို Play Store ကနေ Download ချတဲ့နေရာတွေမှာပါ အသုံးပြုနိုင်ဉီးမှာဖြစ်တာကြောင့် တော်တော်လေးမိုက်နေပါပြီ။ လုပ်ဆောင်ချက်အားလုံးကို အသံနဲ့ထိန်းချုပ်သွားနိုင်မှာကြောင့် ကားမောင်းနှင်သူအနေနဲ့လည်း အာရုံများစရာမလိုတော့ပဲ အေးအေးဆေးဆေး မောင်းနိုင်သွားနိုင်မှာဖြစ်ပါတယ်။

Volvo အနေနဲ့  Next-generation ကားတွေရဲ့ infotainment system ဟာ Android OS ကိုအခြေခံထားတာဖြစ်တယ်လို့ ၂၀၁၇ မှာကတည်းကပြောကြားခဲ့တာဖြစ်ပြီး Android OS ကိုအခြေခံထားတဲ့ Android Auto ကားတွေမှာပါဝင်မှုကတော့ လာမယ့် ၂ နှစ်အတွင်းမှာ ဖြစ်မယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့လည်း (Volvo) Software အင်ဂျင်နီယာတွေရဲ့အင်အားကို အသုံးပြုပြီးကိုယ်ပိုင် Application တွေ၊ Software တွေကိုဖန်တီးသွားဖို့ရှိသလို Volvo အဖွဲ့အစည်းမှာ Connected services ပိုမိုပေးနိုင်အောင်ကြိုးစားသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

Android OS ကိုအခြေခံထားတဲ့ Volvo ရဲ့  infotainment system ဟာ မောင်းနှင်သူတွေအပေါ် ဘယ်လောက်အတိုင်းအတာအထိအကျိုးပြုသွားဖို့ရှိလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories