May 23, 2018

We ❤️ New Cars!

New Car News in Burmese

Volvo အနေနဲ့လာမယ့် နွေရာသီအကုန်နားလောက်မှာစတင်ရောင်းချမဲ့ Sedan အမျိုးအစား S60 ကစပြီး နောက်ပိုင်းမော်ဒယ်ကားတွေမှာ ဒီဇယ်အင်ဂျင်ကိုအသုံးပြုသွားမဟုတ်ကြောင်းကို ပြီးခဲ့ရက်ကပဲ တရားဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။ မကြာခင်တွေ့မြင်ရမယ့် S60 Sedan ကားဟာ ဒီဇယ်အင်ဂျင်အသုံးမပြုထားတဲ့ ပထမဆုံး Volvo ကားအမျိုးအစားဖြစ်ပြီး Volvo ရဲ့ Long-term plan (သို့) Electrification strategy ကိုရောက်ရှိဖို့ကိုယ်စားပြုနေတဲ့ ကားတစ်စီးလည်းဖြစ်ပါတယ်။

Electrification strategy အရ Volvo ဟာ ၂၀၁၉ ကစတင်ပြီးဖြန့်ချီမယ့်ကားတွေကို ဒီဇယ်အမျိုးအစားပုံစံဖန်တီးတော့မှာမဟုတ်ပဲ Mild petrol hybrid, Plug-in petrol hybrid (သို့) Battery electric vehicle အစရှိတဲ့ အမျိုးအစား Vehicle တွေကိုသာဉီးတည်ဖန်တီးသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။

အနာဂတ်စီမံကိန်းနဲ့ပတ်သက်ပြီး Volvo ရဲ့ president နဲ့ chief executive Hakan Samuelsson ဆိုသူက

“ကျွန်တော်တို့ Volvo ရဲ့အနာဂတ်က လျှပ်စစ်ဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီဇယ်မျိုးဆက်သစ်အင်ဂျင်တွေကိုထပ်မံဖန်တီးသွားဖို့အစီအစဉ်မရှိတော့ပါဘူး။ လျှပ်စစ်သီးသန့်နဲ့လည်ပတ်နိုင်တဲ့ပုံစံမျိုးသွားနေတာကြောင့် နောက်ပိုင်းကျရင် ကျွန်တို့ဟာ ကားအတွင်းပိုင်းမှာလောင်ကျွမ်းလည်ပတ်နေတဲ့ ဓာတ်ဆီရောစပ်အင်ဂျင်အမျိုးအစား အသုံးပြုမှုကိုတောင်ရပ်တန့်ကောင်း ရပ်တန့်နိုင်ပါတယ်။ ကျွန်တော်တို့ Volvo ရဲ့အနာဂတ်အစီအစဉ်မှာ မကြာခင်ထွက်ရှိမယ့် S60 Sedan ကခြေလှမ်းအစပါပဲ”
Source: volvocars.com

လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Volvo ဟာ ၂၀၂၅ ခုနှစ်ရောက်ရှိရင် သူ့ရဲ့ ကမ္ဘာတစ်ဝှမ်းရောင်းအား ၅၀ ရာခိုင်နှုန်းဟာလျှပ်စစ်ယာဉ်တွေဖြစ်ဖို့ မျှော်မှန်းထားတဲ့အကြောင်းကိုလည်း 2018 Beijing Auto Show မှာပြောကြားခဲ့ပါသေးတယ်။

နွေရာသီအကုန်နားလောက်မှာထွက်ရှိမယ့် Premium mid-size sports sedan S60 ကတော့ Scalable Product Architecture (SPA) နဲ့ဖန်တီးထားတာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းလောက်ကထွက်ရှိခဲ့တဲ့ 60 series ထဲက V60 နဲ့ခပ်ဆင်ဆင်ပါပဲ။ S60 ဟာ four-cylinder Drive-E petrol engines ပုံစံမျိုးနဲ့ရောက်ရှိလာမှာဖြစ်ပြီး Petrol plug-in hybrid version နှစ်မျိုးနဲ့ထွက်ရှိလာမှာပါ။ Mild petrol hybrid version ကတော့ နောက်နှစ်အတွင်းမှာမျှော်မှန်းထားလို့ရမှာဖြစ်ပါတယ်။

တောင်ကယ်ရိုလိုင်းနားပြည်နယ် က ချားလ်စ်တမ် စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး U.S မာကတ်မှာပထမဉီးဆုံးဖြန့်ချီရောင်းချသွားမှာဖြစ်တယ်လို့လဲ သိရှိရပါတယ်။

Auto News , New Models

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories