November 17, 2018

We ❤️ New Cars!

New Car News in Burmese

Premium Car Maker ဖြစ်တဲ့ Volvo ဟာတော့ ၂၀၁၈ နှစ်တစ်ဝက်အတွင်းရောင်းချနိုင်မှု ရလဒ်အခြေအနေကောင်းမွန်နေကြောင်းကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အစီးရေ 317,639 စီးအထိရောင်းချနိုင်ခဲ့ပြီး ရလဒ်ဟာ အရင် ၂၀၁၇ ကထက် ၁၄.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ အရင် ၂၀၁၇ ခုနှစ် နှစ်ဝက်တုန်းက 277,641 စီးသာရောင်းချနိုင်ခဲ့တာပါ။

Source: Volvo

Volvo ဟာသူ့ရဲ့အဓိက စျေးကွက်တွေဖြစ်တဲ့ Europe, China, US အပြင် အခြားသော စျေးကွက်တွေမှာလည်း ရောင်းချနိုင်မှုအတိုင်းအတာက ကောင်းမွန်နေတာကြောင့် ရလဒ်ကောင်းတွေရရှိတဲ့ နှစ်တစ်နှစ်ဖြစ်နေတာလည်း ဖြစ်ပါတယ်။ ကြေညာချက်အရ U.S စျေးကွက်မှာ ကားအစီးရေ 47,622 စီးအထိ ရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၇ ကထက် ၄၀ ရာခိုင်နှုန်းနီးပါးအထိမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ U.S မာကတ် မှာဆိုရင် XC60 နဲ့ XC90 တို့ဟာရောင်းအားအကောင်းဆုံးကားမော်ဒယ်တွေဖြစ်တယ်လို့လဲသိရပါတယ်။

Volvo ဟာဆိုရင် တရုတ်မှာ အကြီးဆုံးမာကတ်ပိုင်ဆိုင်ထားပြီး အခု ၂၀၁၈ နှစ်ဝက်အတွင်းမှာပဲ ကားအစီးရေ 61,480 စီးအထိရောင်းချနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအရဆိုရင် အရင်နှစ်ကထက် ၁၈.၄ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ တရုတ်မှာရောင်းအားအခြေအနေကောင်းမွန်နေတဲ့ ကားမော်ဒယ်တွေကတော့ ပြည်တွင်းထုတ် XC60 နဲ့ S90 တို့ဖြစ်တယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ Europe မာကတ်ပါ။ Volvo ဟာ Europe မာကတ်မှာဆိုရင် ကားအစီးရေ 164,480 စီးအထိရောင်းချနိုင်ခဲ့ပြီး အရင် ၂၀၁၇ တုန်းကထက် ၆ ရာခိုင်နှုန်းနီးပါးရောင်းအားမြင့်တက်လာတာပဲဖြစ်ပါတယ်။ Europe မာကတ်မှာရောင်းအားအခြေအနေကောင်းမွန်နေတာကတော့ XC60 အသစ်၊ 90 series ကားမော်ဒယ်တွေနဲ့ Small SUV အမျိုးအစားဖြစ်တဲ့ XC40 တို့ဖြစ်တယ်လို့ သိရပါတယ်။

Volvo ရဲ့ ၂၀၁၈ နှစ်ဝက်တာရောင်းအားအခြေအနေဟာဆိုရင်တော့ ကောင်းမွန်တဲ့အနေအထားရောက်ရှိနေတယ်လို့ ဆိုရမှာပါ။ ၂၀၁၈ နှစ်ကုန်တဲ့အချိန်ရောက်ရှိရင်လည်း Volvo ရဲ့ ရောင်းအားရလဒ်ဟာအရင်နှစ်တွေကထက် သာလွန်နေဉီးမလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: