November 18, 2018

We ❤️ New Cars!

New Car News in Burmese

Volvo ဟာတော့ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကပဲ Mid-size premium sports sedan အမျိုးအစားဖြစ်တဲ့ S60 အသစ်ကိုစတင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ South Carolina မှာရှိတဲ့ Charleston အခြေချစက်ရုံမှာ Volvo ရဲ့ ပထမဉီးဆုံး USA made ကားအဖြစ် ထုတ်လုပ် မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ ထူးခြားတာက Charleston အခြေချစက်ရုံ ဖွင့်ပွဲအခမ်းအနားနဲ့ Premium sports sedan S60 ကိုမိတ်ဆက်တဲ့ရက်က တစ်ရက်တည်းဖြစ်နေတာပါပဲ။

Sports Sedan S60 ဟာဆိုရင် Volvo ရဲ့ ပထမဉီးဆုံး ဒီဇယ်မပါဝင်တဲ့ ယာဉ်အမျိုးအစားဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းကကြေညာခဲ့တဲ့ ကုမ္ပဏီရဲ့ long-term plan ကိုကိုယ်စားပြုနေတဲ့ ပထမဉီးဆုံး ကားအမျိုးအစားဆိုလည်း မမှားပါဘူး။ (Long-term plan ကတော့ ၂၀၁၉ ကစတင်ပြီး Volvo ကားမော်ဒယ်တွေဟာ electrified ဖြစ်မယ့် plan ကိုဆိုလိုတာပါ။)

S60 Sedan အသစ်မှာဆိုရင် 340hp အထိပေးစွမ်းနိုင်တဲ့ Volvo ရဲ့ T6 Twin Engine AWD plug-in hybrid နဲ့ 400hp အထိပေးစွမ်းနိုင်ပြီး ဆုရရှိထားတဲ့ T8 Twin Engine AWD plug-in hybrid ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် S60 Sedan ကို Volvo ရဲ့ Scalable Product Architure (SPA) platform နဲ့ဖန်တီးထားပြီး Safety ပိုင်းနဲ့ Infotainment စနစ်အပိုင်းကို Premium mid-size V60, လက်ရှိမှာထိပ်ရောက်နေတဲ့ 90 series ကားတွေ၊ Safety rating ကောင်းတွေရရှိထားတဲ့ XC60  အစရှိတဲ့ကားမော်ဒယ်တွေဆီက တဆင့်ယူထားတာဖြစ်တယ်လို့သိရပါတယ်။ ဆိုတော့ Sports Sedan S60 မှာပါဝင်တဲ့ထူးခြားလှတဲ့ Safety အပိုင်းတွေကိုတစ်ချက်ကြည့်ရအောင်..

City Safety with Autobrake Technology – ဒီ tech ကတော့ ကားမောင်းသူတွေကို ယာဉ်တိုက်မှုမဖြစ်အောင်ကာကွယ်ပေးမယ့် နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ အလုပ်လုပ်ပုံကတော့ သွားရာလမ်းတလျှောက်မှာရှိနေတဲ့ လမ်းသွားလမ်းလာတွေ၊ ယာဉ်တွေ၊ ကြီးမားတဲ့တိရစ္ဆာန်တွေ အစရှိတာတွေကို scan ဖတ်ပေးပြီး အလိုအလျှောက် ဘရိတ်ပေးမယ့် ပုံစံမျိုးဖြစ်ပါတယ်။

The optional Pilot Assist System – ဒီ system ကတော့ ကားရဲ့ Steering, acceleration နဲ့ braking စနစ်တွေကို ထိန်းချုပ်ပေးမယ့် System တစ်ခုပဲဖြစ်ပါတယ်။ သွားရာလမ်းတလျှောက်ကို ပုံစံမှန်နေအောင်ထိန်းချုပ်ပေးမယ့် ပုံစံမျိုးအလုပ်လုပ်မှာဖြစ်ပါတယ်။ 130km/h အထိ support ပေးတယ်လို့သိရပါတယ်။

ဒါ့အပြင် Run-off Road Mitigation, Oncoming Lane Mitigation နဲ့ အခြားသော Steering ပိုင်းကို support လုပ်ပေးမယ့် system တွေလည်း ပါဝင်ပါသေးတယ်။

Apple Carplay, Android Auto နဲ့ 4G အစရှိတာတွေနဲ့ compatible ဖြစ်တဲ့ Volvo Car’s Sensus infotainment system အသုံးပြုထားတယ်လို့သိရပါတယ်။ ဒါ့အပြင် Car ရဲ့ Functions, Navigation နဲ့ အခြားသော ကားရဲ့ အပန်းဖြေ app တွေအားလုံးကို ပေါင်းစည်းထားတဲ့ Tablet ပုံစံ Touch screen interface ကိုလည်းကားအတွင်းပိုင်းမှာ မြင်တွေ့ရဉီးမှာဖြစ်တယ်လို့လဲသိရပါတယ်။ Volvo ဟာတော့ သူ့ရဲ့ ပထမဉီးဆုံး USA made Sedan ကားကြီးမှာတော်တော်လေးကြိုးစားထားတာကိုတွေ့မြင်ရမှာပါ။ Volvo ရဲ့ CEO ဖြစ်သူကလည်း ဒီ Sports sedan ကားအသစ်ကို U.S နဲ့ China မာကတ်တွေမှာ ကြီးမားအောင်ပြုလုပ်ဖို့ အထောက်အပံ့တစ်ခုဖြစ်တယ်လို့ ယုံကြည်ထားတာကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

 

Source (Volvo)

New Models

Leave a Reply

Your email address will not be published. Required fields are marked *

%d bloggers like this: