August 19, 2018

We ❤️ New Cars!

New Car News in Burmese

Premium ကားကုမ္ပဏီ Volvo ရဲ့ မေလအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ရောင်းအားအခြေအနေကတော့ ပြီးခဲ့တဲ့ နှစ်ကထက် ၁၃.၃ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ဇန်နဝါရီလကနေ မေလအထိဆိုရင် အရင်နှစ်ကထက် ၁၃.၆ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်။

U.S မှာတော့ Volvo ကားအရေအတွက် ၉ ထောင်ကျော်ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် ၅၀.၆ ရာခိုင်နှုန်းအထိရောင်းအားမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိ U.S မာကတ်မှာဆိုရင်တော့ Volvo ရဲ့ SUV တွေဉီးဆောင်နေတာပဲဖြစ်ပါတယ်။ Volvo ရဲ့အကြီးဆုံး မာကတ်တစ်ခုဖြစ်တဲ့ တရုတ်မှာတော့ အစီးရေ ၁ သောင်းကျော်ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၈.၂ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ တရုတ်မှာထုတ်လုပ်မှုအများဆုံး Volvo ကားတွေကတော့ XC60 နဲ့ S90 မော်ဒယ်တွေပဲဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Europe မာကတ်ပါ။ Europe မာကတ်မှာဆိုရင် Volvo ရဲ့ကားအစီးရေ ၂ သောင်း ၅ ထောင်ကျော်ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁.၇ ရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ Europe မာကတ်မှာရောင်းအားအကောင်းဆုံး ကားတွေကတော့ 90 series ကားတွေနဲ့ XC60, XC40 ဖြစ်တယ်လို့ သိရပါတယ်။ ကျန်တဲ့မာကတ်တွေမှာတော့ စုစုပေါင်း ၃၀.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ဆိုထားပါတယ်။

Source: Volvo

လက်ရှိ ၂၀၁၈ မေလအတွင်းမှာ Volvo ကားအစီးရေ 53,539 ရောင်းချနိုင်ခဲ့ပြီး ရောင်းအားအကောင်းဆုံးကားကတော့ Volvo XC60 ဖြစ်တယ်လို့ သိရပါတယ်။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *