July 17, 2018

We ❤️ New Cars!

New Car News in Burmese

Premium Car Maker Volvo ရဲ့ ၂၀၁၈ Q1 (ဇန်နဝါရီ+ဖေဖော်ဝါရီ+မတ်) မှာတင် ရောင်းအား အခြေအနေက အရင် ၂၀၁၇ Q1 ကထက် ၁၄.၁ ရာခိုင်နှုန်းအထိမြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ Volvo ဟာ Europe, China နဲ့ U.S အစရှိတဲ့စျေးကွက်တွေမှာ ဖြန့်ချီရောင်းချခဲ့တာဖြစ်ပြီး Q1 အတွင်းမှာရရှိခဲ့တဲ့ ရောင်းအားရလဒ်တွေကတော့ အောက်ပါအတိုင်းပါပဲ။

Q1 sales result of Volvo

European Car of the Year နဲ့ World Car of the Year ဆုတွေကို အသီးအသီးရရှိထားတဲ့ XC40 နဲ့ XC60 တို့ဟာ ဆိုရင် ၂၀၁၈ Q1 မှာတင် ၁၄၇,၄၀၇ စီး ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် အစီးရေ ၂ သောင်းနီးပါးအထိကို တိုးမြင့်ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ဟာ Volvo ရဲ့ SUV line-up အင်အားကောင်းမွန်မှုကို ဖော်ပြနေတယ်လို့ပဲဆိုရမှာပါ။ (Europe+China+U.S)

U.S မှာတော့ Volvo ဟာကားအစီးရေ ၂၀,၀၈၃ စီး အထိရောင်းချနိုင်ခဲ့ပြီး အရင်နှစ်နဲ့ယှဉ်ကြည့်ရင် ရောင်းအား ၄၀ ရာခိုင်နှုန်းအထိတိုးမြှင့်လာခဲ့တာပဲဖြစ်ပါတယ်။ U.S မှာ Q1 အတွင်း Volvo ရဲ့ ရောင်းအားအကောင်းခဲ့ဆုံး ကားမော်ဒယ်တွေကတော့ XC90 နဲ့ XC60 SUVs တို့ပဲဖြစ်ပါတယ်။

China Market မှာ Volvo ဟာ ကားအစီးရေပေါင်း ၂၈,၇၆၈ စီးအထိရောင်းချနိုင်ခဲ့ပါတယ်။ အရင် Q1 တုန်းကထက် အစီးရေ ၅ ထောင်နီးပါပိုမိုရောင်းချနိုင်ခဲ့ပြီး ရောင်းအားအခြေအနေ ၂၃.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ တရုတ်မှာ ရောင်းအားအကောင်းဆုံး Volvo ကားမော်ဒယ်တွေကတော့ XC60 နဲ့ S90 ဖြစ်ပါတယ်။

Volvo ဟာ Europe မှာ တော့ကားအစီးရေ ၇၉,၅၁၂ စီးအထိရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၅.၇ ရာခိုင်နှုန်းအထိ ရောင်းအားရလဒ်မြင့်တက်လာခဲ့ပါတယ်။ Europe မှာ On fire ဖြစ်တဲ့ Volvo ကားမော်ဒယ်တွေကတော့ XC60, 90 Series တွေနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက စတင်ရောင်းချခဲ့တဲ့ SUV အသေးစားလေး XC40 တို့ပဲဖြစ်ပါတယ်။

အားလုံးကိုခြုံကြည့်ရင် Volvo ဟာ U.S Market မှာနေရာအယူထားနိုင်ဆုံး Car Maker တစ်ခုလို့ဆိုရမှာပါ။ နောက် Q2 မှာရော ရောင်းအားအခြေအနေတွေက ဘယ်လိုတွေတိုးတက်လာဉီးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

 

Source

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Recent Posts

Archives

Categories