October 18, 2018

We ❤️ New Cars!

New Car News in Burmese

Volvo ကားကုမ္ပဏီကတော့ Electrified performance အတွက် Polestar နဲ့ပူးပေါင်းပြီး Polestar Engineered ကိုဖန်တီးလိုက်ပြီဆိုတဲ့အကြောင်းကိုတော့ Premium sports ကားအမျိုးအစား S60 ကိုမချပြခင်တစ်ပတ်အလိုက ကြေညာခဲ့တာဖြစ်ပါတယ်။ ဖန်တီးထားတဲ့ Polestar Engineered ကတော့ နောက်လာမယ့် Volvo ရဲ့ 60 series T8 Twin Engine plug-in hybrid ကားအမျိုးအစားတွေမှာ ထည့်သွင်းသွားဖို့ ဖြစ်တယ်လို့လဲသိရပါတယ်။

Polestar Engineered ဆိုတာဘာလဲ ?

Polestar Engineered ဆိုတာကတော့ Volvo ကားတွေအတွက် update တစ်ခုပါ။ System ပိုင်းဆိုင်ရာတွေကို တိုးမြှင့်မှုတွေပြုလုပ်ပေးမယ့် Software update တစ်ခုလိုပါပဲ။ နာမည်ကြီးကတစ်မျိုးကြီးဖြစ်နေတာကြောင့် နာလည်ရအနည်းငယ်ခက်နေသလို ဖြစ်နေတာပါ 😁)

ပူးပေါင်းဖန်တီးထားတဲ့ Polestar Engineered (PE) ကတော့ ကားတစ်စီးရဲ့ ဘီး၊ ဘရိတ်၊ Engine Control unit အစရှိတာတွေရဲ့ Performance ပိုင်းကိုမြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လောင်စာ စားနှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှု တွေကိုထိန်းချုပ်ပေးရုံသာမက အော်တိုဂီယာအပိုင်းကိုလည်းသေချာ ပြန်လည်ပြင်ဆင်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ Volvo နဲ့ Polestar ဟာ Electric performance အပိုင်းကိုဉီးတည်ပြီးဖန်တီးထားတာကြောင့် ဒီ PE ကတော့ Volvo ရဲ့နောက်ထွက် EV (Electric Vehicle) တွေအတွက်ပဲဖြစ်နေမှာပါ။

ဒီအကြောင်းနဲ့ပတ်သက်ပြီး Volvo ရဲ့ CEO ဖြစ်သူ Hakan Samuelsson က

“လျှပ်စစ်ကားတွေကတော့ ကျွန်တော်တို့ Volvo ရဲ့အနာဂတ်ပါပဲ။ Polestar ရဲ့ engineering စွမ်းရည်ကိုအသုံးချပြီး တိုးမြှင့်မှုတွေပြုလုပ်ထားတဲ့ Volvo electrified model တွေကတော့ ဒီနေ့ကစပြီး သမိုင်းအသစ်တစ်ခုအနေနဲ့စတင်ပါပြီ။ ဒီ Strategy ကတော့ အနာဂတ်မှာ ကျွန်တော်တို့ကားကုမ္ပဏီကို လျှပ်စစ်ပိုင်းဆိုင်ရာ ကားစက်ရုံအဖြစ်ကူးပြောင်းသွားနိုင်အောင်ဖန်တီးပေးမယ့် strategy ပါပဲ။”
Source: volvocars.com

လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Polestar Engineered ကတော့ မကြာခင်ရောက်ရှိလာမယ့် V60 အသစ်၊ နောက်နှစ်ထဲမှာရောက်ရှိလာမယ့် SUV အမျိုးအစား XC60 အသစ် တို့မှာပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အရေအတွက် အကန့်အသတ်နဲ့ထုတ်လုပ်သွားမှာဖြစ်တာကြောင့် အများကြီးတော့တွေ့ရဉီးမှာမဟုတ်ပါဘူး။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories