December 12, 2018

We ❤️ New Cars!

New Car News in Burmese

မကြာခင်ကျင်းပမယ့် Chicago Auto Show မှာတော့ Ram နဲ့ Mapor တို့ရဲ့ထုတ်ကုန်အကြောင်းရှင်းလင်းသွားမှာဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုပါတစ်ပြိုင်တည်းပြုလုပ်သွားမှာဖြစ်ပါတယ်။ Auto Show ရဲ့တရားဝင်ကျင်းပမယ့်အချိန်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ဖြစ်ပေမယ့် ထုတ်ကုန်အကြောင်းရှင်းလင်းမှာကတော့ ဖေဖော်ဝါရီ ၉ ရက်နေ့မှာပါ။ ဖေဖော်ဝါရီ ၉ ရက်နေ့မှာတော့ မီဒီယာတွေကိုဖိတ်ခေါ်ထားတာဖြစ်ပြီး စိတ်ဝင်စားသူတွေလဲသွားရောက်နိုင်မှာဖြစ်ပါတယ်။ Chicago ကတော့ U.S မှာရှိတဲ့မြို့လေးတစ်မြို့ပါ။

 

Ram နဲ့ Mapor ဟာတော့ Chrysler ရဲ့ကုမ္ပဏီခွဲတွေပဲဖြစ်ပါတယ်။ Ram ကို၂၀၀၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၈ နှစ်တာသက်တမ်းရှိနေပါပြီ။ Mapor ကိုတော့ ၁၉၃၇ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး သက်တမ်းဟာတော့ ၈၀ ကျော်နေပြီပဲဖြစ်ပါတယ်။ Ram ကတော့ ထရက်တွေနဲ့ စီးပွားဖြစ်သယ်ယူပို့ဆောင်တဲ့ ယာဉ်တွေကိုထုတ်လုပ်တဲ့ Corp ပါ။ Ram ကိုကြည့်ရင် သူ့ရဲ့ရောင်းအားအကောင်းဆုံးယာဉ်ဖြစ်တဲ့ Ram 1500 ကိုပြေးမြင်နေမိတုန်းပါပဲ။ လက်ရှိမှာတော့ Ram 3500 အထိထုတ်လုပ်ပြီးနေပြီဖြစ်ပါတယ်။ Ram ဟာ ၈ နှစ်သာကာလအတွင်းမှာဆုပေါင်း ၁၀ ဆုကျော်ကိုလည်းသိမ်းပိုက်ထားနိုင်ခဲ့ပါသေးတယ်။

 

Mapor ဟာတော့ Chrysler ရဲ့အစိတ်အပိုင်းတွေ ယာဉ်တွေဖန်တီးထာဖြစ်ပြီး ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်အတွင်းမှာ ထုတ်ကုန်တွေနဲ့ပိုမိုရင်းနှီးအောင် Mapor (Android/IOS) ဆိုတဲ့ ဖုန်း App၊ Electronic Vehicle Tracking System အပြင်အခြားသော ဆန်းသစ်လှတဲ့ နည်းပညာများစွာကိုလည်း မိတ်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ Electronic Vehicle Tracking System ကတော့ လျှပ်စစ်ကားတွေမှာပါဝင်တာဖြစ်ပြီး အရှိန်အများကြီးမောင်းနှင်းနေတဲ့အခါမှာဖြစ်ဖြစ်၊ ကားရဲ့သတ်မှတ်ထားတဲ့ ပမာဏကိုကျော်လွန်ပြီးမောင်းတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် မောင်းသူကိုအသိပေးမှာကြောင့် အန္တရာယ်ကျရောက်ဖို့ကခဲယဉ်းသွားမှာပဲဖြစ်ပါတယ်။

Chicago Auto Show မှာတော့ Ram နဲ့ Mapor တို့ရဲ့ထုတ်ကုန်အကြောင်းရှင်းလင်းချက်ကို တိုက်ရိုက်မကြည့်ရှု့လိုက်ရတဲ့လူတွေအနေနဲ့လည်းအောက်ပါ link ကနေတဆင့်ပြန်လည်ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။

https://livestream.com/FCALive/Mopar2018ChicagoAutoShow

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories