December 10, 2018

We ❤️ New Cars!

New Car News in Burmese

ယာဉ်မှတ်ပုံတင်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပေးခြင်းလုပ်ငန်းကို ကညနရုံးအပြင်ဘက်တွေမှာ ဆောင်ရွက်ပေးခြင်း ပြုလုပ်ပေးမှာမဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးငှာနကပြောကြားထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့တုန်းကစတင်ကျင့်သုံးခဲ့တဲ့ Online Booking စနစ်နဲ့ ရက်ချိန်းယူပြီး မှတ်ပုံတင်မှန်ကန်မှု ရှိ/မရှိ လာရောက်စစ်ဆေးမယ့် ယာဉ်တွေကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနရုံးမှာရှိတဲ့ အင်ဂျင်နီယာတွေက စစ်ဆေးပေးသွားမှာဖြစ်ပြီး ယာဉ်သက်တမ်းတိုးလုပ်ငန်းတွေ ဆောင်ရွက်ပြီးမှသာ စစ်ဆေးပေးသွားမှာဖြစ်တဲ့အကြောင်းကိုလည်း သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးငှာနရဲ့ တာဝန်ရှိသူတစ်ဉီးက

“ယာဉ်မှန်/မမှန်စစ်တာကို သြဂုတ်လ ၂၀ ရက်ကစပြီး Online Booking ကိုစတင်ကျင့်သုံးနေတယ်။ Online က လျှောက်ထားပြီးရက်ချိန်းယူထားတဲ့ ကားကိုပဲယာဉ်မှန်၊ မမှန်စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ ကညနရုံးတွေမှာပဲ စစ်ဆေးပေးမှာပါ။ ကညနရုံးပြင်ပနေရာတွေမှာလုံးဝမစစ်ဆေးပါဘူး။”

လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကညန ခရိုင်ရုံးတွေမှာ ယာဉ်မှတ်ပုံတင် မှန်ကန်မှု ရှိ/မရှိ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို လုပ်ဆောင်လျက်ရှိနေတာဖြစ်ပြီး တစ်ရက်ကိုပျမ်းမျှအားဖြင့်ကားအစီး ၁၀၀ ကျော် စစ်ဆေးပေးလျက်ရှိနေကြောင်းလည်း သိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories