October 18, 2018

We ❤️ New Cars!

New Car News in Burmese

၂၀၁၈ – ၂၀၁၉ ခုနှစ်မှာ ပြည်တွင်းမှာသုံးစွဲလျက်ရှိနေတဲ့ မော်တော်ယာဉ်တွေကို ကုန်စည်ခွန်အနေနဲ့ ၁၅၀၁ စီစီကနေ ၂၀၀၀ စီစီအထိကို ၁၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီကနေ ၄၀၀၀ စီစီအထိကို ၃၀ ရာခိုင်နှုန်း၊ ၄၀၀၁ စီစီအထက်ကို ၅၀ ရာခိုင်နှုန်းအထိ ဉပဒေကြမ်းကော်မတီရဲ့ မူလတင်ပြချက်အတိုင်း ကောက်ခံသွားမှာဖြစ်တယ်လို့ ပြညထောင်စုလွှတ်တော်က ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက်နေ့ကအတည်ပြုခဲ့ကြောင်းသိရပါတယ်။

အဲ့လို ကုန်စည်ခွန်နှုန်းကို အတည်မပြုခင် ပြည်တွင်းသုံးယာဉ်တွေအားလုံးကိုအင်ဂျင်ပါဝါအလိုက်မခွဲခြားပဲ ကုန်စည်ခွန် ၁၀ ရာခိုင်နှုန်းကိုသာတစ်ပြေးညီသတ်မှတ်ပေးဖို့ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၆ မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဉီးကျင်ခန့်ပေါင်က စက်တင်ဘာလ ၁၃ ရက်နေ့ကအစည်းအဝေးမှာတင်ပြခဲ့သလို ကိုယ်စားလှယ် ၃ ဉီးကလည်း လွှတ်တော်အစည်းအဝေးမှာ မူကြမ်းမှာပါဝင်တဲ့ ၂၀၀၁ စီစီကနေ ၄၀၀၀ စီစီအထိကားတွေကို ၃၀ ရာခိုင်နှုန်းကောက်ခံမယ့် အစား ၂၀ ရာခိုင်နှုန်းသာကောက်ခံဖို့ တင်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မဲအဆုံးအဖြတ်ရလဒ်အရ ထောက်ခံမှုနည်းနေတာကြောင့် ဉပဒေကြမ်းကော်မတီရဲ့မူလတင်ပြချက်အတိုင်း ကောက်ခံသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးငှာနရဲ့ တာဝန်ရှိသူတစ်ဉီးက

“မော်တော်ယာဉ်တွေအပေါ်ကောက်ခံနေတဲ့အထူးကုန်စည်ခွန်ကောက်မှုနှုန်းထားတွေကို မူကြမ်းမှာ ကြေညာခဲ့တဲ့အတိုင်းသတ်မှတ်ပေးဖို့တင်သွင်းဆွေးနွေးခဲ့ပါတယ်။ ကိုယ်စားလှယ်အချို့က ပြင်ဆင်လျှော့ချပေးဖို့ ဆွေးနွေးခဲ့ကြတဲ့အတွက်မဲအဆုံးအဖြတ် ရယူခဲ့ပါတယ်။ မဲပေးခွင့်ရှိသူ ၅၆၀ ကျော်မှာကန့်ကွက်မဲ ၄၀ ကျော်နဲ့ကြားနေတစ်မဲသာရှိနေတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က ဉပဒေကြမ်းကော်မတီရဲ့တင်ပြချက်အတိုင်း ကောက်ခံဖို့အတည်ပြုခဲ့ပါတယ်။”

လို့ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories