October 18, 2018

We ❤️ New Cars!

New Car News in Burmese

ပြည်ပမှတင်သွင်းလာတဲ့ မော်တော်ယာဉ်တွေထဲက အင်ဂျင်ပါဝါ ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိကားတွေကို အထူးကုန်စည်ခွန်ထက်ဝက်လျော့ချတဲ့အနေနဲ့ ၁၀ ရာခိုင်နှုန်းသာကောက်ခံသွားမယ်ဆိုတဲ့အကြောင်းကို မတ်လ ၁၅ ရက်နေ့မှာကျင်းပခဲ့တဲ့ ၂၀၁၈ ပြည်ထောင်စုအခွန်ကောက်ဉပဒေကြိုတင်ညှိနှိုင်းရေးအစည်းအဝေးမှာ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးမှာရရှိခဲ့တဲ့သဘောတူညီချက်ကိုတော့ မကြာသေးခင်ရက်က လွှတ်တော်မှာအတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။

၂၀၁၇ ပြည်ထောင်စုအခွန်ကောက်ဉပဒေအရ ပြည်ပမှတင်သွင်းလာတဲ့မော်တော်ယာဉ်တွေကို အထူးကုန်စည်ခွန်အနေနဲ့ အင်ဂျင်ပါဝါ ၁၅၀၁ စီစီ မှ ၂၀၀၀ စီစီယာဉ်တွေကို ၂၀ ရာခိုင်နှုန်း၊ ၂၀၀၁ စီစီ မှ ၄၀၀၀ စီစီယာဉ်တွေကို ၃၀ ရာခိုင်နှုန်း၊ ၄၀၀၁ စီစီအထက်ယာဉ်တွေကိုတော့ ၅၀ ရာခိုင်နှုန်းအထိ အသီးသီး ကောက်ခံခဲ့တာဖြစ်ပါတယ်။ လက်ရှိ အတည်ပြုချက်အရ အင်ဂျင်ပါဝါ ၁၅၀၁ စီစီ မှ ၂၀၀၀ စီစီအထိယာဉ်တွေကို အထူးကုန်စည်ခွန် ထက်ဝက်လျော့ချဖို့သေချာသွားပေမယ့် ၂၀၀၀ စီစီ အထက်ယာဉ်တွေရဲ့ အထူးကုန်စည်အခွန် ကတော့ ပြောင်းလဲခြင်းမရှိပုံမှန်အတိုင်းပါပဲ။

အတည်ပြုချက်နဲ့ပတ်သက်ပြီး ပြည်တွင်းအခွန်များဉီးစီငှာနအကြီးတန်းအရာရှိတစ်ဉီးက အောက်ပါအတိုင်းပြောကြားခဲ့ပါတယ်။

“ပြည်ပတင်သွင်းယာဉ်ကို အထူးကုန်စည်ခွန် ၁၀ ရာခိုင်နှုန်း လျှော့ချလိုက်တာကို ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတော်ပိုင်သတင်းစာမှ တရားဝင်ကြေညာပေးပါမယ်။”

အထူးကုန်စည်ခွန်ထက်ဝက်လျော့ချမှုကို လွှတ်တော်မှာအတည်ပြုလိုက်တာကြောင့် ကားစျေးနှုန်းတွေကျဆင်းလာဖို့ အလားလာရှိတယ်ဆိုပြီးသုံးသပ်သူများကလည်းရှိနေပြန်ပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories