December 10, 2018

We ❤️ New Cars!

New Car News in Burmese

ယာဉ်ရပ်နားခွင့်မရှိဟု သတ်မှတ်ထားတဲ့ လမ်းမတွေမှာ စည်းကမ်းမဲ့အချိန်ကြာကြာယာဉ်ရပ်နားထားပါက ထောင်ဒဏ်အထိချမှတ် အရေးယူအပြစ်သွားမှာဖြစ်ကြောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

ယာဉ်မရပ်နားဖို့ သတ်မှတ်ထားတဲ့နေရာဒေသတွေမှာ အကြောင်းမဲ့ အချိန်အကြာကြီးရပ်နားထားရင်တော့ ငွေဒဏ် ၁ သိန်းကနေ ၅ သိန်းအထိပေးဆောင်သွားနိုင်ခြေရှိပြီး ဒုတိယအကြိမ်ဆိုရင်တော့ ထပ်ပြီးကျုးလွန်တယ်ဆိုရင် ထောင်ဒဏ် ၃ လ အထိချမှတ်အရေးယူခံရနိုင်ခြေရှိတယ်လို့သိရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိတစ်ဉီးက

“အများပြည်သူလမ်းပေါ်တွေနဲ့ ယာဉ်မရပ်ရသတ်မှတ်ထားတဲ့နေရာတွေရှိပါတယ်။ အဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာရပ်နားထားလို့မရဘူးဆိုတာလည်း ဉပဒေထဲမှာပါတယ်။ ပထမတစ်ကြိမ်ကို ငွေဒဏ်နဲ့ နောက်တစ်ကြိမ်ဆိုရင် ထောင်ဒဏ်အထိချမှတ်နိုင်တယ် လို့ဖော်ပြထားပါတယ်။”

လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။

ပြည်လမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဗဟိုလမ်း၊ မင်းဓမ္မလမ်း၊ အင်းယားလမ်း၊ ကျွန်းတောလမ်း၊ ဦးဝိစာရလမ်း၊ ရွှေဘုံသာလမ်း၊ ပန်းဆိုးတန်းလမ်း၊ သိမ်ဖြူလမ်း၊ သုဓမာလမ်း၊ ဝေဇယန္တာလမ်း၊ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ လေးထောင့်ကန်လမ်း၊ ခရေပင်လမ်း၊ လမ်းသစ်လမ်း၊ လှိုင်မြစ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်လေးလမ်း၊ ပါရမီလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းလမ်း၊ နနတ်တောလမ်း၊ ဟံသာဝတီလမ်း၊ ကမ်းနားလမ်းသစ်၊ ဗားကရာလမ်း၊ ဓမ္မစေတီလမ်း၊ ရှင်စောပုလမ်း၊ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ကန်ရိပ်သာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း ၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ဗညားဒလလမ်း၊ ကျိူက်က္ကဆံလမ်း၊ စက်ရုံလမ်း၊ စက်မှု ၁ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ရွေတိဂုံဘုရားလမ်း၊ အထက်ကြည့်မြင်တိုင်လမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်း၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံမှ တော်ဝင်လမ်းအတိုင်း မင်းဓမ္မလမ်းဆုံအထိ၊ ကမ္ဘာအေးဘုရားလမ်း၊ အုတ်ပုံဆိပ်လမ်းဆုံမှ အုတ်ပုံဆိပ်ကန်လမ်းအတိုင်း၊ သုဓမ္မလမ်းဆုံအထိ၊ ရွှေဂုံတိုင်လမ်းနှင့် ဗိုလ်စိန်မှန်လမ်းဆုံ ဗိုလ်စိန်မှန်လမ်းအတိုင်း ကျိူက်က္ကဆံလမ်းဆုံအထိ၊ အောင်ရတနာလမ်းနှင့် ကမ်းနားလမ်းသစ်က ကမ်းနားလမ်းအတိုင်း မြောင်းကြီးလမ်းဆုံအထိ အစရှိတဲ့ နေရာဒေသတွေမှာ ယာဉ်များရပ်နားခြင်းမပြုဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကထုတ်ပြန်ကြေညာထားတယ် လို့လဲသိရှိရပါတယ်။

Auto News

Leave a Reply

Your email address will not be published. Required fields are marked *

JOB ANNOUNCEMENT!

Categories